ဂူဟီအား ကြယ်ပွင့်စျေးရမှ ခရစ္စတယ်ပဲလေ့စ် ရောင်းထုတ်မည်

ဂူဟီအား ကြယ်ပွင့်စျေးရမှ ခရစ္စတယ်ပဲလေ့စ် ရောင်းထုတ်မည်
Photo: Sky Sports
Photo: Sky Sports
Published 15 August 2024

ခရစ္စတယ်ပဲလေ့စ်ဥက္ကဋ္ဌ စတိဗ်ပါရစ်ချ်က အသင်းနောက်ခံကစားသမား ဂူဟီအား ကြယ်ပွင့်စျေးရမှသာ ရောင်းထုတ်မည်ဟု ပြောကြားခဲ့သည်။

အသက် (၂၄)နှစ်အရွယ်ရှိ ဂူဟီသည် ယူရို-၂၀၂၄ ပြိုင်ပွဲတွင် အင်္ဂလန်အသင်းနှင့်အတူ ခြေစွမ်းပြနိုင်ခဲ့သည့်အတွက် ဥရောပထိပ်တန်းအသင်းများ၏စိတ်ဝင်စားခြင်းကို ခံနေရသူဖြစ်သည်။

၎င်းအား နယူးကာဆယ်အသင်းက ပေါင်သန်း (၆၀)ဖြင့်ခေါ်ယူရန် နီးစပ်နေပြီဟုလည်း သတင်းထွက်ပေါ်ခဲ့သည်။

သို့သော် စတိဗ်ပါရစ်ချ်က ''ဂူဟီက ကြယ်ပွင့်ကစားသမားလို့ ပြောနေကြတယ်။ ဒီတော့ သူ့ကို ခေါ်ချင်ရင် ကြယ်ပွင့်စျေးပေးမှ ရမှာပါ။ ကျွန်တော်တို့ရဲ့  ဆက်ဆံရေးအခြေအနေက ကောင်းပါတယ်။ အသင်းမှာ သူ ဆက်ရှိ၊ မရှိကတော့ မသေချာပါဘူး''ဟု ပြောကြားခဲ့သည်။ 

Most Read

Most Recent