ရန်ကုန်မြို့ရှိ စက်မှုဇုန်များ၌ ညပိုင်းတွင် လျှပ်စစ်မီး မရရှိတော့ကြောင်း သိရ

ရန်ကုန်မြို့ရှိ စက်မှုဇုန်များ၌ ညပိုင်းတွင် လျှပ်စစ်မီး မရရှိတော့ကြောင်း သိရ
Published 14 August 2024

 

 

ရန်ကုန်မြို့ရှိ စက်မှုဇုန်များ၌ ညပိုင်းတွင် လျှပ်စစ်မီး မရရှိတော့ကြောင်း စက်မှုဇုန်များ တွင် နေထိုင်သူများထံမှ သိရသည်။

“မနေ့ (သြဂုတ် ၁၃ ရက်) က စပြီးတော့ ညပိုင်းတွေ လျှပ်စစ်မီးမပေးတော့ဘူးလို့ပြော တယ်။ ပြီးခဲ့တဲ့ရက်တွေတုန်းကတော့ ညဘက် တွေ မီးရတယ်။ အခုတော့ မရတော့ဘူး။ ဘယ် လောက်ကြာမလဲဆိုတာတော့ မသိဘူးဟု သာကေတစက်မှုဇုန်တွင် နေထိုင်သူတစ်ဦးက ပြောကြားသည်။

သြဂုတ် ၁၂ ရက်တွင် နိုင်ငံတော်ဓာတ် အားစနစ်သို့ ပို့လွှတ်နေသည့် မြင်းခြံရှိ လျှပ်စစ် ဓာတ်အားပေးစက်ရုံ နှစ်ရုံ၏စက်များ အရေး ပေါ် ရပ်တန့်ခဲ့သဖြင့် မဂ္ဂါဝပ် ၄၉၂၀ လျော့ နည်းနေသည်ဟု ရန်ကုန်လျှပ်စစ်ဓာတ်အား ပေးရေး ကော်ပိုရေးရှင်းက ထုတ်ပြန်ပြီးနောက် တွင် ယင်းသို့ စက်မှုဇုန်များတွင် လျှပ်စစ်မီး မရတော့ခြင်းဖြစ်ကြောင်း သိရသည်။

နိုင်ငံတော်ဓာတ်အားစနစ်အတွင်း လျှပ် စစ်ဓာတ်အား ထုတ်လုပ်ပို့လွှတ်နေသော v power  သဘာဝ ဓာတ်ငွေ့သုံးစက်ရုံ (မြင်းခြံ) နှင့် sembcorp သဘာဝဓာတ်အားသုံးစက်ရုံ (မြင်းခြံ) တို့သည် သြဂုတ် ၁၂ ရက် နံနက် ၁၁ နာရီကျော်တွင် စက်များ အရေးပေါ်ရပ်တန့် ခဲ့သဖြင့် အဆိုပါဓာတ်အားပေးစက်များမှ ဓာတ်အားစနစ်သို့ ထုတ်လုပ်ပို့လွှတ်မှု ၄၉၂၀ မဂ္ဂါဝပ်နာရီခန့် လျော့နည်းလျက်ရှိသည်ဟု ရန်ကုန် လျှပ်စစ်ဓာတ်အားပေးရေး ကော်ပိုရေးရှင်းက ထုတ်ပြန်သည်။

အဆိုပါဓာတ်အားပေးစက်များမှ ဓာတ်အားစနစ်သို့ ထုတ်လုပ်နိုင်မှု မရှိချိန်ကာလ အတွင်း ဓာတ်အားစနစ် တည်ငြိမ်မှုရှိစေရန် အတွက် ရေအားလျှပ်စစ်စက်ရုံများမှ ဓာတ်အားဖြည့်တင်းခြင်း၊ အရေးပေါ် ဝန်အား ထိန်းညှိ‌မှုများဆောင်ရွက်ခြင်း၊ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်အချို့တွင် သုံးစွဲဝန် အားထက် လျှော့ချ၍ ဓာတ်အားဖြန့်ဖြူးပေး ခြင်းနှင့်  စက်မှုဇုန်များကို ညပိုင်းတွင် လျှော့ ချ၍ ဓာတ်အားဖြန့်ဖြူးပေးခြင်းများ ဆောင်ရွက်လျက်ရှိကြောင်းနှင့် ယာယီဓာတ်အား ပြတ်တောက်မှုများ ရှိနိုင်မည်ဖြစ်ကြောင်း ရန်ကုန် လျှပ်စစ်ဓာတ်အားပေးရေး ကော်ပို ရေးရှင်းက သတင်းထုတ်ပြန်သည်။

ထိုင်းအခြေစိုက် ဘန်ကောက်ပို့စ်သတင်း တွင် ဖော်ပြထားချက်အရ နယ်မြေမတည်ငြိမ် မှုများကြောင့် sembcorp ကုမ္ပဏီပိုင် မြင်းခြံ ရှိ မဂ္ဂါဝပ် ၂၂၅ ထွက်ရှိသည့် လျှပ်စစ်ဓာတ် အားပေးစက်ရုံကို ယာယီရပ်ဆိုင်းထားသည် ဟု ရေးသားဖော်ပြထားသည်။

စင်ကာပူအခြေစိုက်  sembcorp ကုမ္ပ ဏီက လုပ်ကိုင်နေသည့် မြင်းခြံ ၂၂၅ မဂ္ဂါဝပ် လျှပ်စစ်ဓာတ်အားပေးစက်ရုံကို ၂၀၁၉ ခုနှစ် မတ် ၁၆ ရက်က စတင်ဖွင့်လှစ်ခဲ့ခြင်းဖြစ် သည်။

ယခင်အစိုးရလက်ထက် လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန၊ လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရေးလုပ်ငန်းက မြင်းခြံဒေသ၊ အမှတ် (၁) သံမဏိစက်ရုံအနီး၌  IPP / BOT စနစ်ဖြင့် ၂၂၅ မဂ္ဂါဝပ် သဘာဝဓာတ်ငွေ့နှင့် စွန့်ပစ်အပူသုံး ဓာတ်အားပေးစက်ရုံ စီမံကိန်း များ ဆောင်ရွက်ခဲ့သည်။