ပဲခူးမြို့နယ်အတွင်း မြစ်ရေကြီးမှုများကြောင့် စိုက်ပျိုးမြေဧရိယာ ၁၀၀၀၀ ခန့် ရေနစ်မြုပ်ခဲ့

ပဲခူးမြို့နယ်အတွင်း မြစ်ရေကြီးမှုများကြောင့် စိုက်ပျိုးမြေဧရိယာ ၁၀၀၀၀ ခန့် ရေနစ်မြုပ်ခဲ့
ပဲခူးမြို့နယ်အတွင်း ရေကြီးခဲ့စဉ်က တွေ့ရစဉ်
ပဲခူးမြို့နယ်အတွင်း ရေကြီးခဲ့စဉ်က တွေ့ရစဉ်
Published 11 August 2024

ပဲခူးမြို့နယ်အတွင်း မြစ်ရေကြီးမှုများ ကြောင့် စိုက်ပျိုးမြေဧရိယာ ၁၀၀၀၀ ခန့် ရေ နစ်မြုပ်ခဲ့ကြောင်း ပြန်ကြားရေးဝန်ကြီးဌာနမှ သိရသည်။

ပဲခူးမြို့နယ်တွင် ဖြစ်ပေါ်ခဲ့သည့် မြစ်ရေ ကြီးမှုကြောင့် စိုက်ပျိုးမြေဧရိယာ ၁၀၀၀၀ ခန့် ခေတ္တရေလွှမ်းမိုးမှု ကြုံတွေ့ခဲ့ရပြီး ယခုအခါ ရေ တဖြည်းဖြည်း ကျဆင်းလာပြီဖြစ်ကြောင်း၊ ပဲခူး - စစ်တောင်း တူးမြောင်းမှတစ်ဆင့် ရေကြီးကွင်း ရေနက်ကွင်းများသို့ ခေတ္တရေနေ ရေထိုင်ပြုပြီးနောက် ကဝမြို့နယ်တွင် တည် ဆောက်ထားရှိသော ပိုင်ကျုံရေတံခါးနှင့် ရွှေလှေရေတံခါးတို့မှတစ်ဆင့် ပဲခူးမြစ်ရေ ကျဆင်းချိန်တွင် ပဲခူးမြစ်အတွင်းသို့ ပြန် လည်ကျဆင်းသွားမည်ဖြစ်ကြောင်း သိရ သည်။

ယင်းအပြင် ပဲခူးမြို့ရေကြီးမှု တစ်ပတ် နီးပါးကာလအတွင်း၌လည်း ကလေးငယ် တစ်ဦးအပါအဝင် အနည်းဆုံး လေးဦး သေ ဆုံးခဲ့ကြောင်း သိရသည်။

ဇူလိုင် ၂၆ ရက်မှ စတင်ကာ မိုးရွာသွန်းမှု များလာပြီး ပဲခူးမြို့လယ်ကို ဖြတ်သန်းစီးဆင်း နေသည့် ပဲခူးမြစ်ရေ မြင့်တက်လာခဲ့ပြီး ရေ ကြီးရေလျွှံမှုများ ဖြစ်ပွားလာခဲ့ခြင်းဖြစ်သည်။

တစ်ပတ်နီးပါးကာလအတွင်း ရေကြီး ရေလျှံမှုကြောင့် သေဆုံးသူများတွင် ရှစ်နှစ် အရွယ် ကလေးငယ်တစ်ဦး၊ ဓာတ်လိုက်မှု ကြောင့် ဆယ်ကျော်သက်အရွယ် ကျောင်း သား တစ်ဦးနှင့် လူလတ်ပိုင်းအရွယ်သေဆုံး မှုများ ဖြစ်ပွားခဲ့သည်ဟု သိရသည်။

ရှစ်နှစ်အရွယ် ကလေးငယ်သည် ဆော့ ကစားနေစဉ် မြောင်းပေါက်ထဲသို့ ပြုတ်ကျပြီး ရေစီးနှင့်အတူ မျောပါသေဆုံးခဲ့ခြင်းဖြစ်ကာ ဓာတ်လိုက်သေဆုံးခဲ့သည့် ဆယ်ကျော်သက် အရွယ်ကျောင်းသားသည် စက်ဘီးစီးလာစဉ် သေဆုံးခဲ့ခြင်းဖြစ်ကြောင်း ပဲခူးမြို့ခံ တစ်ဦ၏ ပြောကြားချက်အရ သိရသည်။

ထို့ပြင် ပဲခူးမြို့ပေါ်ရပ်ကွက်တွင် လူ လတ် ပိုင်းအရွယ် အမျိုးသားတစ်ဦးနှင့် ပဲခူး တိုင်း အနောက်ခြမ်းတွင်လည်း အမျိုးသား တစ်ဦး ရေနစ်သေဆုံးမှုရှိခဲ့သည်ဟု သိရ သည်။

အလားတူ ပဲခူးမြို့တွင် ရေကြီးရေလျှံမှု ကြောင့် ကျောင်းအချို့ကို ယာယီပိတ်ထားရပြီး ရေပြန်ကျချိန်တွင် ပိတ်ထားခဲ့ရသည့်ရက် များအတွက် အစားထိုးပြန်လည်ဖွင့်လှစ်ရန် ပဲခူးတိုင်း အစိုးရအဖွဲ့က ညွှန်ကြားထား ကြောင်း သိရသည်။

ရေကြီးခဲ့သည့်နေရာအချို့မှာ ပဲခူးမြို့၊ အရှေ့ဘက်မြို့ရှောင်လမ်း၊ ပင်စည်ရပ်ကွက် အတွင်း ကားလမ်းရေကျော်ခြင်း၊ ဘောနတ် ကြီး ကျေးရွာအနီး (၃၉)မိုင် စစ်ဆေးရေး ဂိတ်အနီး ရေဝင်ရောက်နေမှုနှင့် ရန်ကုန်-မန္တလေး ကားလမ်းဟောင်းပေါ်ရှိ ဘုရားကြီး မြို့နှင့် ပဲခူးမြို့သွားကားလမ်း ရေကျော်နေ ခြင်းနှင့် ပဲခူးရပ်ကွက်အချို့၊ ဇိုင်းဂနိုင်ဘက် တို့ဖြစ်ကြောင်း သိရသည်။