မှတ်ပုံတင်မရှိဘဲ online shopping ဆောင်ရွက်နေပါက အရေးကြီးကုန်စည်နှင့်ဝန်ဆောင်မှု ဥပဒေပုဒ်မ ၅ အရ အရေးယူမည်ဟု အသိပေး ကြေညာ

မှတ်ပုံတင်မရှိဘဲ online shopping ဆောင်ရွက်နေပါက အရေးကြီးကုန်စည်နှင့်ဝန်ဆောင်မှု ဥပဒေပုဒ်မ ၅ အရ အရေးယူမည်ဟု အသိပေး ကြေညာ
စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ရုံးကို တွေ့ရစဉ်
စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ရုံးကို တွေ့ရစဉ်
Published 10 August 2024

မှတ်ပုံတင်မရှိဘဲ online shopping ဆောင်ရွက်နေပါက အရေးကြီးကုန်စည်နှင့်ဝန်ဆောင်မှု ဥပဒေပုဒ်မ ၅ အရ အရေးယူ မည်ဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာနက အသိပေးကြေညာချက် (၁၁/၂ဝ၂၄)ကို ဩဂုတ်လ ( ၉ ) ရက်စွဲဖြင့် ထုတ်ပြန်ထားသည်။

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ ၂၀၂၃ ခုနှစ်၊ ဇူလိုင်လ ၂၁ ရက်နေ့တွင် ထုတ်ပြန်သော အမိန့် ကြော်ငြာစာအမှတ် (၅၀/ ၂၀၂၃) အရ အွန်လိုင်းစနစ်ဖြင့် ရောင်းချသော ကုန်စည်နှင့်ဝန်ဆောင်မှုလုပ်ငန်းများသည် မှတ်ပုံ တင်လက်မှတ်လျှောက်ထားရရှိပြီးမှ လုပ်ငန်းဆောင်ရွက်ရမည်ဖြစ်သည်။

အဆိုပါ အမိန့်ကြော်ငြာစာတွင် ထုတ်ပြန်ပြီး (၆)လ ပြည့်မြောက်သည့်နေ့မှစ၍ မှတ်ပုံတင်လက်မှတ်မရှိဘဲ အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်းလုပ်ငန်းကို လုပ်ကိုင်ဆောင်ရွက်ကြောင်းတွေ့ရှိပါက အရေးကြီးကုန်စည်နှင့်ဝန်ဆောင်မှု ဥပဒေပုဒ်မ ၅ အရ အရေးယူခြင်းခံရမည်ဖြစ်ကြောင်း ဖော်ပြထားသည်။

သို့ဖြစ်ပါ၍ အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်းလုပ်ငန်းကို လုပ်ကိုင်နေကြသူများအနေဖြင့် eComReg System www.ecomreg.gov.mm တွင် မှတ်ပုံတင်လက်မှတ်များ လျှောက်ထားရယူကြပါရန်နှင့် မှတ်ပုံတင်လက်မှတ်လျှောက်ထား ရယူခြင်းမရှိဘဲဆောင်ရွက်ကြောင်း စစ်ဆေးတွေ့ရှိပါက တည်ဆဲဥပဒေအရ အရေးယူဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း ကုန်သွယ်ရေးဦးစီးဌာနက  အသိပေးကြေညာထားသည်။

Most Read

Most Recent