အင်ဒိုနီးရှားအသင်း ၁၉၉၂ နောက်ပိုင်း အိုလံပစ်ပြိုင်ပွဲ၌ ရွှေတံဆိပ်နှစ်ခု ပြန်လည်ဆွတ်ခူးခဲ့ပြီး အလေးမ နှစ်ဆင့်မပွဲစဉ်တွင် အိုလံပစ်စံချိန်သစ်အဖြစ် မှတ်တမ်းဝင်

အင်ဒိုနီးရှားအသင်း ၁၉၉၂ နောက်ပိုင်း အိုလံပစ်ပြိုင်ပွဲ၌ ရွှေတံဆိပ်နှစ်ခု ပြန်လည်ဆွတ်ခူးခဲ့ပြီး အလေးမ နှစ်ဆင့်မပွဲစဉ်တွင် အိုလံပစ်စံချိန်သစ်အဖြစ် မှတ်တမ်းဝင်
Photo: Getty Images
Photo: Getty Images
Published 10 August 2024

 

အင်ဒိုနီးရှားအသင်းသည် ပါရီအိုလံပစ်ပြိုင်ပွဲ၌ ရွှေတံဆိပ်နှစ်ခု ဆွတ်ခူးရရှိထားပြီး ၁၉၉၂ ဘာစီလိုနာအိုလံပစ်ပြိုင်ပွဲနောက်ပိုင်း ပထမဆုံးအကြိမ် ရွှေတံဆိပ်နှစ်ခု ပြန်လည်ရယူနိုင်ခြင်းဖြစ်ကြောင်း သိရသည်။

သြဂုတ် ၈ ရက်က ကျင်းပသည့် အမျိုးသားအလေးမပြိုင်ပွဲနှင့် အမျိုးသား Sport Climbing ပြိုင်ပွဲတွင် အင်ဒိုနီးရှားကစားသမားနှစ်ဦး ရွှေတံဆိပ်ရရှိခဲ့ခြင်းဖြစ်သည်။ အမျိုးသားအလေးမပြိုင်ပွဲ၏ ၇၃ ကီလီတန်းတွင် အသက်၂၁ နှစ်သာရှိသေးသည့် ရစ်ဇ်ကီ ဂျူနီယန်ရှားက အမြန်မပွဲစဉ်၌ ၁၅၅ ကီလိုနှင့် နှစ်ဆင့်မပွဲစဉ်၌ ၁၉၉ ကီလို၊ စုစုပေါင်း ၃၅၄ ကီလိုဖြင့် ရွှေတံဆိပ်ဆွတ်ခူးနိုင်ခဲ့ပြီး နှစ်ဆင့်မပွဲစဉ်မှ ၎င်း၏စံချိန်မှာ အိုလံပစ်စံချိန်သစ်အဖြစ် မှတ်တမ်းဝင်ခဲ့သည်။ 

ဂျူနီယန်ရှားသည် အိုလံပစ်ပြိုင်ပွဲတွင် ပထမဆုံးအကြိမ် ဝင်ရောက်ယှဉ်ပြိုင်ခြင်းဖြစ်ပြီး ယင်းဆုတံဆိပ်မှာ အင်ဒိုနီးရှားအားကစားအဖွဲ့အတွက်လည်း အလေးမအားကစားနည်းမှ ပထမဆုံးရယူနိုင်သည့် ရွှေတံဆိပ်ဖြစ်ကြောင်း သိရသည်။

အမျိုးသား Sport Climbing ပြိုင်ပွဲ၏ Speed ပွဲစဉ်တွင် ဗက်ဒရီလီအိုနာဒို (၂၇ နှစ်) က ရွှေတံဆိပ်ရရှိခဲ့ပြီး ကြက်တောင်အားကစားနည်းမဟုတ်ဘဲ အိုလံပစ်ရွှေတံဆိပ် ရယူနိုင်သည့် ပထမဆုံး အင်ဒိုနီးရှားအားကစားသမားဖြစ်လာခဲ့သည်။ 

အင်ဒိုနီးရှား အသင်းသည် ပါရီအိုလံပစ်ပြိုင်ပွဲ၌ ရွှေတံဆိပ် နှစ်ခု၊ ကြေးတံဆိပ်တစ်ခု (အမျိုးတစ်ဦးချင်း ကြက်တောင်) ရရှိထားပြီး ၁၉၉၂ ဘာစီလိုနာ အိုလံပစ်ပြိုင်ပွဲတွင် ရွှေတံဆိပ်နှစ်ခု၊ ငွေ တံဆိပ်နှစ်ခု၊ ကြေးတံဆိပ်တစ်ခုရရှိခဲ့ပြီးနောက်ပိုင်း ပထမဆုံးအကြိမ် ရွှေတံဆိပ်နှစ်ခု ပြန်လည်ရယူနိုင်ခြင်းဖြစ်ကြောင်း သိရသည်။

Most Read

Most Recent