ဘီလျံနာ အီလွန်မက်စ်၏ အထင်အမြင်မှားစေသော အမေရိကန်ရွေးကောက်ပွဲပို့စ်များကို ဝင်ရောက်ကြည့်ရှုမှု ၁ ဒသမ ၂ ဘီလျံနီးပါးရှိသည်ဟု ဒစ်ဂျစ်တယ်အမုန်းတရား တန်ပြန်ရေးစင်တာက ဖော်ပြ

ဘီလျံနာ အီလွန်မက်စ်၏ အထင်အမြင်မှားစေသော အမေရိကန်ရွေးကောက်ပွဲပို့စ်များကို ဝင်ရောက်ကြည့်ရှုမှု ၁ ဒသမ ၂ ဘီလျံနီးပါးရှိသည်ဟု ဒစ်ဂျစ်တယ်အမုန်းတရား တန်ပြန်ရေးစင်တာက ဖော်ပြ
အမေရိကန်ရွေးကောက်ပွဲအကြောင်း သတင်းမှားဖြန့်သည်ဟု ဝေဖန်ခံနေရသော အီလွန်မက်စ်နှင့် ၎င်းင်းပိုင်သည့် ဆိုရှယ်မီဒီယာ X ၏လိုဂိုတို့ကို တွေ့ရစဉ်(Photo:Reuters)
အမေရိကန်ရွေးကောက်ပွဲအကြောင်း သတင်းမှားဖြန့်သည်ဟု ဝေဖန်ခံနေရသော အီလွန်မက်စ်နှင့် ၎င်းင်းပိုင်သည့် ဆိုရှယ်မီဒီယာ X ၏လိုဂိုတို့ကို တွေ့ရစဉ်(Photo:Reuters)
Published 10 August 2024

အီလွန်မက်စ်က ဆိုရှယ်မီဒီယာ X တွင်  ပို့စ်တင်ခဲ့သည့် မှားယွင်းနေသော သို့မဟုတ် အထင်အမြင်မှားစေသော အမေရိကန်ရွေးကောက်ပွဲအကြောင်း ဖော်ပြမှုများသည် ယခုနှစ်တွင် ကြည့်ရှုမှု ၁ ဒသမ ၂ ဘီလျံနီးပါး ရှိခဲ့သည်ဟု စောင့်ကြည့်သည့်အဖွဲ့တစ်ဖွဲ့က သြဂုတ် ၈ ရက်တွင် ထုတ်ပြန်လိုက်ရာ ယင်းသည် အယူဝါဒနှစ်ခြမ်းကွဲနေသော အမေရိကန်သမ္မတရွေးကောက်ပွဲကို ဘီလျံနာမက်စ်၏ လွှမ်းမိုမှုအနေအထားကို ဖော်ပြနေသည်ဟု ဆိုသည်။

ယခင် တွစ်တာဖြစ်သော X သည် နိုဝင်ဘာရွေးကောက်ပွဲမတိုင်မီ နိုင်ငံရေးဆိုင်ရာ သတင်းမှားပေးသည့် မကောင်းသည့် နေရာတစ်ခုဖြစ်သည်ဟု သုတေသီများက သတိပေးထားသည်။

၂၀၂၂ ခုနှစ်တင် တွစ်တာကို ဝယ်ယူခဲ့သော အီလွန်မက်စ်သည် ဒေါ်နယ်ထရန့်ကို ထောက်ခံသူဖြစ်သောကြောင့် ၎င်း၏ကိုယ်ရေးကိုယ်တာ အကောင့်မှ သတင်းမှားများ ဖြန့်ခြင်းဖြင့် မဲဆန္ဒရှင်များ ထရန့်ဘက်သို့ ယိမ်းလာအောင်လုပ်နေသည်ဟု ဆိုသည်။

ဆိုရှယ်မီဒီယာ X တွင် ဖော်လိုဝါ ၁၉၃ သန်းကျော်ရှိသော အီလွန်မက်စ်သည် ဇန်နဝါရီကတည်းက ရွေးကောက်ပွဲနှင့်သက်ဆိုင်သည့် မမှန်မကန်ကိစ္စများတင်ခဲ့သည့် ပို့စ် ၅၀ ရှိနေကြောင်း ဒစ်ဂျစ်တယ် အမုန်း တရားတန်ပြန်ရေးအတွက် စင်တာ(CCDH)၏သုတေသီများက ဖော်ထုတ်ခဲ့သည်။

အဆိုပါ ပို့စ်များ၌  Community Note များကို မမြင်ရဟုဆိုသည်။ Community Note ဆိုသည်မှာ အသုံးပြုသူများက ပို့စ်တွင်ပါသော အကြောင်းအရာများကိုဖြည့်စွက်သည့် နည်းလမ်းဖြစ်သည်ဟု CCDH က ဖော်ပြခဲ့သည်။ ထို့ကြောင့် မမှန်မကန်ရေးသားထားမှုများကို တိုက်ဖျက်ရာတွင် X ၏ ထိရောက်မှုကို မေးခွန်းထုတ်စရာများ ပေါ်ပေါက်စေသည်ဟု ဆိုသည်။

လွန်ခဲ့သော ရက်ပိုင်းတွင် ဆိုရှယ်မီဒီယာ X တွင် အီလွန်မက်စ် ပို့စ်တင်ခဲ့သော ဗီဒီယိုတွင် ကာမလာဟဲရစ်၏ အသံများ ပါဝင်နေသည်။ ဟဲရစ်သည် သူ၏ပထမဆုံး ရွေးကောက်ပွဲ ကြော်ငြာနှင့်ပတ်သက်၍ ပြောထားသော စကားသံများပါဝင်ခဲ့သည်။ နိုင်ငံအုပ်ချုပ်ခြင်းကို ဘာမှမသိသော “မျိုးမတူ လောကမှလာသူ”ဟု ထိုကြော်ငြာတွင် သူ့ကိုယ်သူ့ပြောထားသည်။ ပြောထားသော အသံမှာ ဟဲရစ်၏အသံဖြစ်သောကြောင့် ယင်းဗီဒီယိုသည် မူရင်းကြော်ငြာကို အားပါပါ ပြင်းပြင်းထန်ထန် လှည့်စားထားသော ကြော်ငြာဖြစ်သည်။ သို့ရာတွင် AI ဖြင့် ပြန်လုပ်ထားသော ဗီဒီယိုဟုဆိုသည်။

X သည် ယင်းသို့ ပုံစံပြောင်းထားသော အရာများတင်ခြင်းကို တားမြစ်ထားသည်။  AI ဖြင့်ပြောင်းလဲထားသော အရာများကို တင်ခြင်းသည် အများအပြည်သူအတွက် ပြဿနာများရှိနိုင်သောကြောင့် X ကိုအသုံး ပြုသူများသည် ထိုသိို့သောအကြောင်းအရာများကို မတင်ရဟု တားမြစ်ထားခြင်း ဖြစ်သည်။

သို့သော် ယင်းသို့တားမြစ်မှုသည် အီလွန်မက်စ်ကို သက်ရောက်ခြင်းမရှိသည်မှာ ထင်ရှားသည်။ ယင်းဗီဒီယိုကို မူရင်းပို့စ်တင်သူက သရော်သည်ဟု အမှတ်အသားပြုထားပြီး ဝင်ရောက်ကြည့်ရှုသူ ၂၂,၀၀၀ ရှိခဲ့သည်။ မာ့စ်သည် ဗီဒီယိုကို ပြန်တင်သောအခါ လျှို့ဝှက်ချက်ကိုအများသိအောင် လုပ်ဆောင်ခြင်းမရှိပေ။ ပြန်တင်လိုက်သော ဗီဒီယိုကို အကြိမ်ရေ ၁၂၈ သန်းကျော်ကြည့်ထားသည်။ ယင်းသည် အီလွန်မတ်စ်အား X ၏အဆိုးရွားဆုံး သတင်းမှားဖြန့်သူ ဖြစ်စေခဲ့သည်။                     

Ref:AFP,Bloomberg

Most Read

Most Recent