ထရန့်သည် ဒီမိုကရေစီအတွက် ခြိမ်းခြောက်မှုဖြစ်ကြောင်း ဘိုင်ဒင်နှင့် ဟားရစ် ပြောကြား

ထရန့်သည် ဒီမိုကရေစီအတွက် ခြိမ်းခြောက်မှုဖြစ်ကြောင်း ဘိုင်ဒင်နှင့် ဟားရစ် ပြောကြား
သြဂုတ် ၇ ရက်က ဝစ္စကွန်ဆင်ပြည်နယ် အိုကလဲရ်မြို့တွင်ပြုလုပ်သည့် မဲဆွယ်စည်းရုံးပွဲတွင် ဒီမိုကရက်တစ်သမ္မတရွေးကောက်ပွဲဝင် ကိုယ်စားလှယ်လောင်းဟားရစ် (ဝဲ) နှင့် တွဲဖက်ကိုယ်စားလှယ်လောင်း တင်ဝဲလ်ဇ်တို့ကိို တွေ့ရစဉ်(Photo: AFP)
သြဂုတ် ၇ ရက်က ဝစ္စကွန်ဆင်ပြည်နယ် အိုကလဲရ်မြို့တွင်ပြုလုပ်သည့် မဲဆွယ်စည်းရုံးပွဲတွင် ဒီမိုကရက်တစ်သမ္မတရွေးကောက်ပွဲဝင် ကိုယ်စားလှယ်လောင်းဟားရစ် (ဝဲ) နှင့် တွဲဖက်ကိုယ်စားလှယ်လောင်း တင်ဝဲလ်ဇ်တို့ကိို တွေ့ရစဉ်(Photo: AFP)
Published 8 August 2024

အမေရိကန်သမ္မတရွေးကောက်ပွဲ နီးကပ်လာချိန်တွင် သမ္မတဟောင်း ဒေါ်နယ်ထရန့်သည် ဒီမိုကရေစီအတွက် ခြိမ်းခြောက်မှုဖြစ်ကြောင်း သမ္မတ ဂျိုးဘိုင်ဒင်နှင့် ဒုသမ္မတ ကာမယ်လာဟားရစ်တို့က သြဂုတ် ၇ ရက် တွင် သတိပေးခဲ့သည်။

ထရန့်အနေဖြင့် နိုဝင်ဘာရွေးကောက်ပွဲတွင် ရှုံးနိမ့်ခဲ့မည်ဆိုပါက သူရှုံးနိမ့်သည့်အကြောင်းကို ငြိမ်းချမ်းစွာဝန်ခံလိမ့်မည်ဟု မယုံကြည်ကြောင်း ဘိုင်ဒင်ကပြောကြားခဲ့ပြီး ထရန့်သာအနိုင်ရခဲ့ပါက အမေရိကန်၏ လွတ်လပ်ခွင့်များကို ထိန်းချုပ်သည့် တရားဥပဒေမဲ့သည့် အစိုးရအဖွဲ့တစ်ခုကို ပေါ်ပေါက်စေလိမ့်မည်ဟု ဟားရစ်က သတိပေးခဲ့သည်။

၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲက လိမ်လည်လှည့်ဖြားရန် အားထုတ်ကြိုးပမ်းမှု စွပ်စွဲချက်များဖြင့် နှစ်ကြိမ် စွပ်စွဲပြစ်တင်ခံရပြီး နှစ်ကြိမ်တရားစွဲဆိုခံခဲ့ရသည့် ထရန့်သည် လက်ရှိအချိန်အထိ ၂၀၂၀ ရွေးကောက်ပွဲတွင် သူရှုံးနိမ့်ခဲ့ကြောင်းလက်ခံခဲ့ခြင်းမရှိသေးပေ။

ထို့ပြင် ထရန့်သည် ၂၀၁၆ ခုနှစ်က မဲဆန္ဒရှင်များကို လှည့်စားရန်နုတ်ပိတ်ခငွေကြေးများပေးခဲ့သည့် အရှုပ်တော်ပုံနှင့်ပတ်သက်ပြီး ပြစ်မှု ၃၄ မှုဖြင့် စီရင်ခံခဲ့ရသည်။

၂၀၂၀ ပြည့်နှစ်ရွေးကောက်ပွဲတွင် လိမ်ညာမှုများ ကျယ်ကျယ်ပြန့်ပြန့်ရှိခဲ့သည်ဆိုသည့် ထရန့်၏ ပြောကြားချက်များသည် ၎င်း၏ထောက်ခံသူများအား အမေရိကန်လွှတ်တော်အဆောက်အအုံကို ဝင်ရောက်စီးနင်းစေခဲ့သည့် ဖြစ်စဉ်ကို ဖြစ်ပွားစေခဲ့ပြီး ထိုဖြစ်စဉ်တွင် ရဲအရာရှိ ၁၀၀ ကျော်ဒဏ်ရာရခဲ့သည်။

၂၀၂၅ ခုနှစ်တွင် အာဏာကို ငြိမ်းချမ်းစွာလွှဲပြောင်းပေးအပ်နိုင်ခြေရှိ၊ မရှိဆိုသည့် မေးခွန်းကို CBS သတင်းဌာနက ဘိုင်ဒင်အားမေးမြန်းခဲ့ရာတွင်“ထရန့်သာရှုံးနိမ့်ခဲ့ မယ်ဆိုရင်တော့ ငြိမ်းငြိမ်းချမ်းချမ်းနဲ့ ပြီးသွား လိမ့်မယ်လို့ ကျွန်တော်မယုံပါဘူး” ဟု ဘိုင်ဒင်က ပြန်လည်ဖြေကြားခဲ့သည်။

ထရမ့်သာ အနိုင်ရရှိသွားခဲ့ပါက ဖြစ်လာနိုင်ခြေရှိသည့် အခြေအနေများနှင့်ပတ်သက်ပြီး ဟားရစ်၏ သတိပေးချက်များ ထွက်ပေါ်ခဲ့ပြီး မကြာမီအချိန်အတွင်းမှာပင် ဘိုင်ဒင်၏ မှတ်ချက်စကားများ ထွက်ပေါ်ခဲ့ခြင်းဖြစ်သည်။

ဟားရစ်သည် မဲယိမ်းပြည်နယ်များကိုသွားရောက်ပြီး မဲဆွယ်စည်းရုံးသည့်ခရီးစဉ်၏ တစ်စိတ်တစ်ပိုင်းအဖြစ် ဝစ္စကွန်ဆင်ပြည်နယ် အိုကလဲရ်မြို့တွင် ပြုလုပ်သည့် မဲဆွယ်စည်းရုံးပွဲတွင် ထရမ့်၏ ဒုတိယသက်တမ်းသည် အမေရိကန်အတွက် ဘေးအန္တရာယ်တစ်ခုဖြစ်လာလိမ့်မည်ဟု ပြောကြားခဲ့သည်။

ထရမ့်သည် သမ္မတအဖြစ်စတင်တာ ဝန်ထမ်းဆောင်သည့်နေ့မှာပင် အာဏာရှင်တစ်ဦးကဲ့သို့ကျင့်သုံးမည်ဆိုသည့် ၎င်း၏သန္နိဌာန်ကို ဟားရစ်က ထောက်ပြခဲ့ပြီး ၎င်း၏ နိုင်ငံရေးရန်ဘက်များကို ဆန့်ကျင်ရန် တရားရေးဝန်ကြီးဌာနကို လက်ကိုင်တုတ်သဖွယ် အသုံးချမည့်ခြိမ်းခြောက်မှုများနှင့် ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲရှုံးနိမ့်မှုနှင့် ပတ်သက်ပြီး ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ပြဋ္ဌာန်းချက်များကို ဖျက်သိမ်းရန် တောင်းဆိုသည့် ၎င်း၏ ၂၀၂၂ ခုနှစ်က မှတ်ချက်စကားကိုထောက်ပြခဲ့သည်။

ထို့နောက် နာရီအနည်းငယ်အကြာတွင် ဟားရစ်သည် ဒက်ထရွိုက်မြို့တွင်ပြုလုပ်သည့် မဲဆွယ်စည်းရုံးပွဲတွင် သူနှင့်သူ့တွဲဖက် ကိုယ်စားလှယ်လောင်းဖြစ်သည့် မင်နီဆိုးတားပြည်နယ်အုပ်ချုပ်ရေးမှူး တင် ဝဲလ်ဇ်တို့သည် အိမ်ဖြူတော်တိုက်ပွဲတွင် တုန်လှုပ်ခြင်းမရှိသည့် စစ်သည်တော်များဖြစ်ကြောင်း ပြောကြားခဲ့သည်။

Ref: AFP

Most Read

Most Recent