နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေ ပုဒ်မ ၆ ပါ ပြဋ္ဌာန်းချက်များနှင့် ညီညွတ်ခြင်းမရှိသဖြင့် လူ့ဘောင်သစ်ပါတီနှင့် ဇိုမီးဒီမိုကရေစီအဖွဲ့ချုပ်ပါတီတို့၏ ပါတီမှတ်ပုံတင်ခွင့်လျှောက်ထားချက်ကို UEC ငြင်းပယ်

နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေ ပုဒ်မ ၆ ပါ ပြဋ္ဌာန်းချက်များနှင့် ညီညွတ်ခြင်းမရှိသဖြင့် လူ့ဘောင်သစ်ပါတီနှင့် ဇိုမီးဒီမိုကရေစီအဖွဲ့ချုပ်ပါတီတို့၏ ပါတီမှတ်ပုံတင်ခွင့်လျှောက်ထားချက်ကို UEC ငြင်းပယ်
Published 6 August 2024

နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေ ပုဒ်မ ၆ ပါ ပြဋ္ဌာန်းချက်များနှင့် ညီညွတ်ခြင်းမရှိသဖြင့် လူ့ဘောင်သစ်ပါတီနှင့် ဇိုမီး ဒီမိုကရေစီအဖွဲ့ချုပ်ပါတီတို့၏ ပါတီမှတ်ပုံတင်ခွင့် လျှောက်ထားချက်ကို ငြင်းပယ်လိုက်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် (UEC) က သြဂုတ် ၅ ရက်တွင် သတင်း ထုတ်ပြန်သည်။

နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေ ပုဒ်မ ၂၅ အရ ပါတီဆက်လက်တည်ထောင် မှတ်ပုံတင်ပေးပါရန် လူ့ဘောင်သစ်ပါတီ (NSP) နှင့် ဇိုမီးဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ((Zomi CongreQ for Democracy Party) ) တို့၏ လျှောက်ထားချက်များအပေါ် သက်ဆိုင် ရာဝန်ကြီးဌာနများ၏ စိစစ်ပြန်ကြားချက်များ အရ နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်း ဥပဒေ ပုဒ်မ ၆ ပါ ပြဋ္ဌာန်းချက်များနှင့် ညီညွတ်ခြင်း မရှိကြောင်း တွေ့ရှိရကြောင်း UEC ၏ ထုတ် ပြန်ချက်တွင် ဖော်ပြထားသည်။

ထို့ကြောင့် ပြည်ထောင်စုရွေးကောက် ပွဲကော်မရှင် စုံညီအစည်းအဝေးအမှတ်စဉ် (၁၆/၂၀၂၄) ဆုံးဖြတ်ချက်အရ ယင်းပါတီများ ၏ ပါတီမှတ်ပုံတင်ခွင့်လျှောက်ထားချက်ကို ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က သြဂုတ် ၅ ရက်တွင် နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းနည်းဥပဒေများပါ ပုံစံ(ဆ)ဖြင့် ငြင်းပယ်လိုက်ကြောင်း ဖော်ပြထားသည်။

ထို့ပြင် ပါတီဆက်လက်တည်ထောင် မှတ်ပုံတင်ခွင့် လျှောက်ထားသည့်ကျန်အဖွဲ့ များကိုလည်း စိစစ်ဆောင်ရွက်လျက်ရှိ ကြောင်း UEC က ထုတ်ပြန်သည်။

ထို့ပြင် ဇူလိုင် ၂၂ ရက်ကလည်း နိုင်ငံ ရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေပုဒ်မ ၆ ပါ ပြဋ္ဌာန်းချက်များနှင့် ညီညွတ်ခြင်းမရှိသ ဖြင့် ပြည်သူ့အင်အားပါတီ၏ ပါတီမှတ်ပုံ တင်ခွင့် လျှောက်ထားချက်ကို ငြင်းပယ်လိုက် ကြောင်း UEC က ထုတ်ပြန်ထားသည်။

ပြီးခဲ့သည့် ဇူလိုင် ၈ ရက်ကလည်း နိုင်ငံ ရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေပါ ပြဋ္ဌာန်း ချက်များနှင့် မညီညွတ်ဟုဆိုကာ ကချင်အ မျိုးသားကွန်ဂရက်ပါတီနှင့် ဒီမိုကရေစီနှင့် လူ့ အခွင့်အရေးပါတီတို့၏ ပါတီမှတ်ပုံတင်ခွင့် လျှောက်ထားချက်ကို ငြင်းပယ်လိုက်ကြောင်း UEC က ထုတ်ပြန်ခဲ့သည်။

ထို့ပြင် ဇူလိုင် ၁ ရက်ကလည်း နိုင်ငံရေး ပါတီများမှတ်ပုံတင်ခြင်း ဥပဒေပုဒ်မ ၇ ပါ ပြဋ္ဌာန်းချက်များနှင့် ညီညွတ်ခြင်းမရှိသဖြင့် ရခိုင်အမျိုးသားပါတီ၏ ပါတီမှတ်ပုံတင်ခွင့် လျှောက်ထားချက်ကို ငြင်းပယ်လိုက်ကြောင်း UEC က ထုတ်ပြန်ထားသည်။

ထို့အတူ မေ ၇ ရက်ကလည်း နိုင်ငံရေး ပါတီများမှတ်ပုံတင်ခြင်းဥပဒေ ပုဒ်မ ၄ ပါ ပြဋ္ဌာန်းချက်များနှင့် ညီညွတ်ခြင်းမရှိသဖြင့် ဒီမိုကရေစီပါတီ၏ ပါတီတည်ထောင်ခွင့် လျှောက်ထားချက်ကို ငြင်းပယ်လိုက်ကြောင်း UEC က ထုတ်ပြန်ထားသည်။

ထို့ပြင် မေ ၁၄ ရက်ကလည်း နိုင်ငံရေး ပါတီများမှတ်ပုံတင်ခြင်းဥပဒေ ပုဒ်မ ၄ ပါ ပြ ဋ္ဌာန်းချက်များနှင့် ညီညွတ်ခြင်းမရှိသဖြင့် ချင်းပြည်သူ့ပါတီ၏ ပါတီတည်ထောင်ခွင့် လျှောက်ထားချက်ကို ငြင်းပယ်လိုက်ကြောင်း UEC က ထုတ်ပြန်ခဲ့သည်။

ထို့အတူ မေ ၂၁ ရက်ကလည်း နိုင်ငံ ရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေ ပုဒ်မ ၅ အရ နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ပေးပါရန် ပြည်ထောင်စုတိုးတက်ဖွံ့ဖြိုးရေးပါတီ၏ လျှောက်ထားချက်အပေါ် သက်ဆိုင်ရာဝန် ကြီးဌာနများ၏ စိစစ်ပြန်ကြားချက်များအရ နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်း ဥပဒေပုဒ်မ ၆ ပါ ပြဋ္ဌာန်းချက်များနှင့် ညီညွတ်ခြင်း မရှိကြောင်း တွေ့ရှိရသဖြင့် ပြည်ထောင်စုရွေး ကောက်ပွဲကော်မရှင် စုံညီအစည်းအဝေး အ မှတ်စဉ် (၂/၂၀၂၄) ဆုံးဖြတ်ချက်အရ ယင်း ပါတီ၏ ပါတီမှတ်ပုံတင်ခွင့် လျှောက်ထားချက် ကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် က နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်း နည်း ဥပဒေပါ ပုံစံ(ဆ)ဖြင့် ငြင်းပယ်လိုက်ကြောင်း UEC က ထုတ်ပြန်ထားသည်။

Most Read

Most Recent