ရေကြီးမှုကြောင့် လေးမျက်နှာမြို့နယ်တွင် လက်ရှိအချိန်အထိ စာသင်ကျောင်းပေါင်း ၁၈ ကျောင်းပိတ်ထားရဆဲဖြစ်

ရေကြီးမှုကြောင့် လေးမျက်နှာမြို့နယ်တွင် လက်ရှိအချိန်အထိ စာသင်ကျောင်းပေါင်း ၁၈ ကျောင်းပိတ်ထားရဆဲဖြစ်
လေးမျက်နှာမြို့တွင် ရေကြီးရေလျှံမှုဖြစ်ပွားနေသည်ကို တွေ့ရစဉ်
လေးမျက်နှာမြို့တွင် ရေကြီးရေလျှံမှုဖြစ်ပွားနေသည်ကို တွေ့ရစဉ်
Published 6 August 2024
■ သတင်း - အောင်ကျော်မျိုး

ရေကြီးမှုကြောင့်  ဧရာဝတီတိုင်းဒေသ ကြီး လေးမျက်နှာမြို့နယ်၌ လက်ရှိအချိန်အထိ စာသင်ကျောင်းပေါင်း ၁၈ ကျောင်း ပိတ်ထား ရဆဲဖြစ်ကြောင်း သိရသည်။

လေးမျက်နှာမြို့နယ်သည် ရေစတင် ကြီးချိန်ကာလ၌  ကျောင်းပေါင်း ၃၇ ကျောင်း အထိပိတ်ခဲ့ရသည့်မြို့နယ်တစ်ခု ဖြစ်ကြောင်း ပညာရေးဌာနထံမှ သိရသည်။

“ရေကြီးချိန် အစောပိုင်း ကျောင်းပေါင်း ထားရတာ တစ်မြို့နယ်လုံးမှာ  ၃၇ ကျောင်း ရှိတယ်။ လက်ရှိမှာ တချို့ကျောင်းတွေတော့ ပြန်ဖွင့်နိုင်ပြီ။ ပိတ်ထားရဆဲကျောင်းကတော့ ၁၈ ကျောင်း ကျန်ပါသေးတယ်” ဟု ပညာရေး ဌာနမှဝန်ထမ်းတစ်ဦးက ပြောကြားသည်။

“ပိတ်ထားရတဲ့ကျောင်းတွေမှာက တာ ပြင်မှာဆို မြစ်ရေကြီးလို့ပိတ်ရတာ။ တာတွင်း မှာကတော့ မိုးရေကြောင့် ရေဝပ်နေပြီး ရေကြီး လို့ပိတ်ရတာပါ။ ပြန်ဖွင့်ဖို့ အဆင်ပြေတဲ့ ကျောင်းတွေတော့ ပြန်ဖွင့်နေပါပြီ။ တချို့ လည်း ပိတ်ထားရတုန်းပါပဲ။ မဖွင့်နိုင်သေးတာ နှစ်ပတ်ကျော်၊ သုံးပတ်လောက်ရှိတဲ့ကျောင်း တွေလည်းရှိတယ်”ဟု ကျောင်းအုပ်ကြီးတစ် ဦးက ပြောကြားသည်။

လေးမျက်နှာမြို့၌ ငဝန်မြစ်ရေ စိုးရိမ် ရေမှတ်သည် ၃၄ ပေရှိပြီး လက်ရှိတွင် ရေအ မှတ် ၃၃ ဒသမ ၈၀ ပေ ရောက်ရှိနေကြောင်း သြဂုတ် ၆ ရက် တိုင်းတာချက်အရ သိရသည်။

Most Read

Most Recent