တနင်္သာရီမြစ်ရေ စိုးရိမ်ရေမှတ်အောက် ပြန်လည်ကျဆင်းပြီး ပြည်ထောင်လမ်းမကြီးနှင့် နယ်စပ်ကုန်သွယ်ရေးလမ်းများ ပြန်လည်သွားလာနိုင်ပြီဖြစ်ကြောင်း သိရ

တနင်္သာရီမြစ်ရေ စိုးရိမ်ရေမှတ်အောက် ပြန်လည်ကျဆင်းပြီး ပြည်ထောင်လမ်းမကြီးနှင့် နယ်စပ်ကုန်သွယ်ရေးလမ်းများ ပြန်လည်သွားလာနိုင်ပြီဖြစ်ကြောင်း သိရ
Published 5 August 2024

တနင်္သာရီမြစ်ရေမှာ စိုးရိမ်ရေအမှတ်အောက် ပြန်လည်ကျဆင်းပြီး ပြည်ထောင်စုလမ်းမကြီးနှင့် နယ်စပ်ကုန်သွယ်ရေးလမ်းများ ပြန်လည်သွားလာရပြီဖြစ်ကြောင်း သိရသည်။

ဇူလိုင် ၂၄ ရက်မှစတင်ပြီး စိုးရိမ်ရေအမှတ်ဖြစ်သည့် ၁၇ ပေကိုကျော်လွန်ခဲ့ပြီး အန္တရာယ်ရေအမှတ်ဖြစ်သည့် ၂၄ ပေကို ကျော်လွန်ခဲ့ကာ နှစ်ပေါင်း ၃၀ အတွင်း စံချိန်တင်ရေနစ်မြုပ်မှုဖြစ်ပေါ်ခဲ့သော တနင်္သာရီမြစ်ရေမှာ သြဂုတ် ရက် တိုင်းထွာချက်အရ ၁၆ ပေသို့ ပြန်လည်ကျဆင်းခဲ့ကြောင်း သိရသည်။

တနင်္သာရီမြစ်ရေကြီးမှုကြောင့် စာသင်ကျောင်း အများအပြားပိတ်ခဲ့ရသလိုနယ်မြေအနေအထားများကြောင့် ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ခက်ခဲမှုရှိခဲ့ကြောင်း သိရသည်။

ကျွန်တော်တို့ အိမ်ခြေ ၈၃၀ ကျော် လူ ဦးရေအားဖြင့် ၄၀၀၀ ကျော်ကို ကူညီဆောင် ရွက်ပေးနိုင်ခဲ့တယ်။ နယ်မြေခံတွေနဲ့ ချိတ်ဆက်ပြီး ကျေးရွာတွေအရောက် ကူညီနိုင်ခဲ့တာရှိသလို တချို့နေရာတွေကို ဆက်သွယ်ပြီး တနင်္သာရီမြို့မှာ ကယ်ဆယ်ရေးပစ္စည်းတွေ စားသောက်ကုန်တွေ ကူညီပေးခဲ့ပါတယ်။ မောတောင်မြို့ပေါ်က ကူညီဆောင်ရွက်ပေးတဲ့သူတွေလည်း လာရောက်ကြပါတယ်။ ကျွန်တော်တို့အနေနဲ့ တနင်္သာရီမြို့နဲ့ ပတ်ဝန်းကျင်ကျေးရွာတွေကို အတတ်နိုင်ဆုံးသွားရောက်ပြီးကူညီပေးခဲ့တယ်။ တကယ်လိုအပ်နေတဲ့ နေရာတွေ ရဲ့ ၆၅ ရာခိုင်နှုန်းအထိတော့ လုပ်ပေးနိုင်ခဲ့တယ်ဟု တနင်္သာရီရေဘေးသို့ သွားရောက်ကူညီခဲ့သည့် မြိတ်မြို့မှ ရွှေရောင်နေ့သစ်ပရဟိအသင်းဥက္ကဋ္ဌ ကိုအောင်သော်စံက ပြော ကြားသည်။

တနင်္သာရီ မြစ်ရေသည် ၁၉၉၄ ခုနှစ် နောက်ပိုင်းတွင် စံချိန်တင်ရေကြီးမှုဖြစ်ပေါ်ပြီး ၃၁ ပေအထိ တက်ခဲ့ကြောင်း သိရသည်။

တနင်္သာရီမြစ်ရေကြီးမှုကြောင့် အိမ်ထောင်စု ၉၀၀ ကျော်၊လူဦးရေ ၄၀၀၀ ကျော် ရေဘေးသင့်ခဲ့သည်ဟု ဖော်ပြထားသော်လည်း မြေပြင်အခြေအနေတွင် ထိုထက်ပိုမိုများပြားနိုင်ကြောင်းဒေသခံများက ပြောကြားသည်။

တနင်္သာရီမြစ်ရေကြီးမှုကြောင့် စာသင်ကျောင်ေးပါင်း ၅၄ ကျောင်း ယာယီပိတ်ထားခဲ့ရကာ အမျိုးသားလေးဦး ရေနစ်သေဆုံးခဲ့ကြောင်း သိရသည်။

နယ်မြေအနေအထားတွေကြောင့် သူ့ ကိုငါမကူနိုင်ဘူးဖြစ်ခဲ့ကြတယ်။ ဒီနှစ်ရေကြီးမှုက အတော်ဆိုးရွားတယ်။ ဒီနေ့အထိဆိုရင် ၁၃ ရက်အတိ ရေနစ်မြုပ်မှုကိုခံခဲ့ရတယ်။ အခုစိုးရိမ်ရေမှတ်အောက် ရောက်သွားပြီဆိုတော့ နေအိမ်တွေပြန်ပေါ်လာပြီး သန့်ရှင်းရေးတွေ လုပ်နေကြပါပြီ။ ၁၉၉၄ ခုနှစ်က ၃၆ ပေအထိတက်ခဲ့တယ်။ ဒီနှစ်က ၃၁ ပေအထိတက်ခဲ့ပါတယ်}} ဟု တနင်္သာရီမြို့ခံတစ်ဦးက ပြောကြားသည်။

တနင်္သာရီမြစ်ရေကြီးမှုကြောင့်မြိတ်-ကော့သောင်း ပြည်ထောင်စုလမ်းကြီး၊ မြိတ်-တနင်္သာရီ-မောတောင်နယ်စပ်ကုန်သွယ်ရေးလမ်းများရေနစ်မြုပ်ကာ ယာယီပြတ်တောက်ခဲ့ကြောင်း သိရသည်။ ယခုအခါစိုးရိမ်ရေမှတ်အောက်သို့ ရောက်သွားပြီဖြစ်သည့်အတွက် ပြည်ထောင်စုလမ်းမကြီးနှင့် နယ်စပ်ကုန်သွယ်ရေးလမ်းမကြီးများ ပြန်လည်အသုံးပြုကာသွားလာနေပြီဖြစ်ကြောင်း သိရသည်။

တနင်္သာရီမြစ်ရေ၏ စိုးရိမ်ရေမှတ်မှာ ၁၇ ပေဖြစ်ပြီး အန္တရာယ်ရေအမှတ်မှာ ၂၄ ပေ ဖြစ်ကြောင်း သိရသည်။

Most Read

Most Recent