အသင်း၏ ဦးဆောင်တိုက်စစ်မှူးအဖြစ် ဒါဝင်နူးနက်ဇ် ရပ်တည်ခွင့်ရမည်ဟု အာနယ်ဆလော့ အသိပေး

အသင်း၏ ဦးဆောင်တိုက်စစ်မှူးအဖြစ် ဒါဝင်နူးနက်ဇ် ရပ်တည်ခွင့်ရမည်ဟု အာနယ်ဆလော့ အသိပေး
Photo : X
Photo : X
Published 5 August 2024

လီဗာပူးလ်နည်းပြ အာနယ်ဆလော့က ဥရုဂွေးတိုက်စစ်မှူး ဒါဝင်နူးနက်ဇ်အား လာမည့်ရာသီ၌ အသင်း၏ ဦးဆောင်တိုက်စစ်မှူးအဖြစ် ရပ်တည်ခွင့်ရမည်ဟု အသိပေးခဲ့ကြောင်း သိရသည်။

ဒါဝင်နူးနက်ဇ်(၂၅ နှစ်)သည် ကလပ်စံချိန်တင်ပြောင်းရွှေ့ကြေးဖြင့် လီဗာပူးလ်အသင်းသို့ ရောက်ရှိခဲ့သူဖြစ်သော်လည်း ပြီးခဲ့သည့်ရာသီတွင် နောက်ပိုင်းပွဲအများစု၌ အရန်ကစားသမားအဖြစ်သာယှဉ်ပြိုင်ခဲ့ရသည်။

ထို့ကြောင့် လီဗာပူးလ်အသင်း၌ အနာဂတ်မရေရာတော့ကြောင်း သတင်းထွက်လာသည့်အတွက် အာနယ်ဆလော့က ၎င်း၏ အခန်းကဏ္ဍအပေါ် ဖုန်းဖြင့်ဆက်သွယ်ကာ အသိပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ဒါဝင်နူးနက်ဇ်သည် ဥရုဂွေးအသင်းနှင့်အတူ ၂၀၂၄ ကိုပါအမေရိကပြိုင်ပွဲ၌ တတိယလုပွဲအထိ ကစားခဲ့ရသဖြင့် ယခုနွေရာသီ၌ လီဗာပူးလ်အသင်းနှင့် နောက်ဆုံးပူးပေါင်းခွင့်ရသည့် ကစားသမားစာရင်းတွင် ပါဝင်ခဲ့ကြောင်း သိရသည်။