■ ဆန်ချိုကို ခေါ်ယူရန် PSG အသင်း ပစ်မှတ်ထား

■ ဆန်ချိုကို ခေါ်ယူရန် PSG အသင်း ပစ်မှတ်ထား
Photo: Getty Images
Photo: Getty Images
Published 2 August 2024

PSG အသင်းသည် မန်ယူတိုက် စစ်ကစားသမား ဆန်ချိုအား ခေါ်ယူရန်ပစ်မှတ်ထားနေကြောင်း သိရသည်။ 

ဆန်ချို(၂၄ နှစ်)သည် တန်ဟက်ဂ်နှင့် ပြေလည်မှုရပြီး မန်ယူအသင်းတွင်ပြန် ကစားနေပြီဖြစ်သည်။ 

သို့သော် မန်ယူအသင်းသည် ဆန်ချိုအား ပေါင်သန်း (၄၀) ဖြင့် ရောင်းထုတ်လိုနေကြောင်း သိရသည်။ 

PSG  အသင်းသည် နာပိုလီတိုက်စစ်ကစားသမား ခွာရတ်စကယ်လီယာနှင့် ဘီလ်ဘာအိုလူငယ်တိုက်စစ်ကစားသမား နီကိုဝီလီယံစ်တို့ အား ခေါ်ယူရန်ကြိုးပမ်းလျက်ရှိသည်။ 

သို့သော် ၎င်းတို့ ခေါ်ယူနိုင်ခြင်းမရှိပါ က မန်ယူအသင်းမှ အင်္ဂလန်တိုက်စစ်ကစားသမား ဆန်ချိုကိုပြောင်းလဲခေါ်ယူရန် ပစ်မှတ်ထားနေခြင်းဖြစ်သည်။

Most Read

Most Recent