■ ၂၀၃၄ ကမ္ဘာ့ဖလားပြိုင်ပွဲ လက်ခံကျင်းပမည့်ကွင်းများကို ဆော်ဒီနိုင်ငံ ထုတ်ပြန်

■ ၂၀၃၄ ကမ္ဘာ့ဖလားပြိုင်ပွဲ လက်ခံကျင်းပမည့်ကွင်းများကို ဆော်ဒီနိုင်ငံ ထုတ်ပြန်
Published 2 August 2024

ဆော်ဒီနိုင်ငံသည် ၂၀၃၄ ကမ္ဘာ့ဖလားပြိုင်ပွဲ လက်ခံကျင်းပမည့် ကွင်းများကို ထုတ်ပြန်ကြေညာခဲ့ရာ မြေမျက်နှာပြင်အထက် ပေ(၃၅၀)အမြင့်တွင် တည်ဆောက်ထားသည့်ကွင်းလည်း ပါဝင်ခဲ့ကြောင်း သိရသည်။

    

ဆော်ဒီနိုင်ငံသည် ၂၀၃၄ ကမ္ဘာ့ဖလားပြိုင်ပွဲအား အိမ်ရှင်အဖြစ် လက်ခံကျင်းပရန် ပြိုင်ဘက်မရှိ ရွေးချယ်ခံခဲ့ရသည့်နိုင်ငံဖြစ်ပြီး ပြိုင်ပွဲကို ၂၀၃၄ ခုနှစ် ဆောင်းရာသီကာလအတွင်း လက်ခံကျင်းပသွားဖွယ်ရှိကြောင်း သိရသည်။ 

ဆော်ဒီနိုင်ငံသည် ယင်းပြိုင်ပွဲအတွက် လက်ခံကျင်းပမည့် ဘောလုံးကွင်း(၁၁)ကွင်းကို ကြာသပတေးနေ့က ထုတ်ပြန်ကြေညာခဲ့ရာ ပရိသတ် (၉၂၀၀၀)ဝင်ဆံ့သည့်ကွင်းအပါအဝင် မြေမျက်နှာပြင်အထက် ပေ(၃၅၀)အမြင့်တွင် တည်ဆောက်ထားသည့်ကွင်းလည်း ပါဝင်ခဲ့ကြောင်း သိရသည်။ 

ဆော်ဒီနိုင်ငံက တင်ပြခဲ့သည့် ကွင်းများမှာ ဆန်းသစ်သည့် ဒီဇိုင်းများဖြင့် ဖန်တီးထားသည့်ကွင်းများဖြစ်ပြီး ကွင်းအချို့မှာ လက်ရှိအချိန်၌ တည်ဆောက်ဆဲအခြေအနေသာ ရှိနေသေးကြောင်း သိရသည်။ 

ဆော်ဒီအစိုးရသည် ၂၀၃၄ ကမ္ဘာ့ဖလားပြိုင်ပွဲကို ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲထက်များစွာ သာလွန်ရန် ရည်မှန်းထားကြောင်းလည်း သိရသည်။

Most Read

Most Recent