မြန်မာနိုင်ငံ မြဝတီမြို့နယ် ရွှေကုက္ကိုဘက်သို့ပို့ဆောင်မည့် မိကျောင်းနှင့် မြွေဟောက်များ ပါဝင်သည့် တိရစ္ဆာန်သေတ္တာ ၃၈ လုံး မဲဆောက်တွင် ဖမ်းဆီးရမိ

မြန်မာနိုင်ငံ မြဝတီမြို့နယ် ရွှေကုက္ကိုဘက်သို့ပို့ဆောင်မည့် မိကျောင်းနှင့် မြွေဟောက်များ ပါဝင်သည့် တိရစ္ဆာန်သေတ္တာ ၃၈ လုံး မဲဆောက်တွင် ဖမ်းဆီးရမိ
Published 30 July 2024

 

မြန်မာနိုင်ငံ သောင်ရင်းမြစ်ကမ်းစပ်ရှိ  မြဝတီမြို့ ရွှေကုက္ကိုဘက်သို့ ပို့ဆောင်မည့်  မိကျောင်းတစ်ကောင် အပါအဝင် မြွေဟောက် ၁၀ ကောင်နှင့် တိရစ္ဆာန်မျိုးစုံထည့်ထားသော ဖော့သေတ္တာ ၃၈ လုံးကို ဇူလိုင်၂၉ ရက်က မဲဆောက်ခရိုင် မယ်ပကျေးရွာတွင် ထိုင်းအာဏာပိုင်များက ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ဇူလိုင် ၂၉ ရက်က အထူးတပ်ဖွဲ့ (Ratchamnu Special Task Force) မှ ဗိုလ်မှူးကြီး Natthakorn Ruentip ၏ ညွှန်ကြားချက်အရ တပ်ရင်း (၄၃၁) မှ တပ်ဖွဲ့ဝင်များသည် မဲ ဆောက်ခရိုင် မယ်ပကျေးရွာတွင် မသင်္ကာဖွယ် ကုန်စည်ပို့ဆောင်ရေးယာဉ်တစ်စီးအား ရှာ ဖွေတွေ့ရှိ စုံစမ်းစစ်ဆေးရာ ပင်လယ်စာနှင့် တိရစ္ဆာန်သေတ္တာ စုစုပေါင်း ၃၈ လုံးကို  တွေ့ ရှိခဲ့ ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။

ထိုင်းအာဏာပိုင်များက အဆိုပါသေတ္တာ များအား စစ်ဆေးရာ မိကျောင်းတစ်ကောင်၊ မြွေဟောက် ၁၀ ကောင်၊ နှံကောင်နှင့် ကဏန်း၊ ပုစွန်  ၊ငါးရှဉ့်အပါအဝင် ပင်လယ်စာအစားအ စာများ နှင့် ယာဉ်မောင်းနှစ်ဦးတို့ကို ဖမ်းဆီးရ မိခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

မြန်မာနိုင်ငံသို့ တင်ပို့ရောင်းချရန် ကုန် ပစ္စည်းများကို သယ်ဆောင်လာခြင်းဖြစ်သည် ဟု ဖမ်းမိထားသူ ယာဉ်မောင်းနှစ်ဦးက ထွက် ဆိုခဲ့သည်ဟု ဆိုသည်။

သက်ဆိုင်ရာအာဏာပိုင်များက တင်ပို့ ရန် စာရွက်စာတမ်းများကို ပြခိုင်းသောအခါ   ကြေညာထားသော ကုန်ပစ္စည်းများနှင့် ကိုက် ညီမှုမရှိသည့်အတွက် အကောက်ခွန်အက်ဥ ပဒေ ၂၀၁၇၊ ပုဒ်မ ၂၀၂ နှင့် ၂၀၁၅ ငါးလုပ်ငန်း ဥပဒေပုဒ်မ ၉၂ (အပိုဒ် ၂) အရ တရားဝင်ခွင့် ပြုချက်မရရှိပါက မည်သူ့ကိုမျှတင်သွင်းခြင်း မပြုကြောင်း၊ တိရစ္ဆာန်ကူးစက်ရောဂါထိန်း ချုပ်ရေးအက်ဥပဒေ၊ သွင်းကုန်ထုတ်ကုန် ၂၀၀၃ တောရိုင်းတိရစ္ဆာန် ထိန်းသိမ်းရေးနှင့် ကာကွယ်ရေး ဥပဒေပုဒ်မ တင်သွင်းခြင်းနှင့် တင်ပို့ခြင်း ပုဒ်မ ၂၇ အရ ဖမ်းဆီးအရေးယူ ဆောင်ရွက်သွားမည်ဟု ထိုင်းနိုင်ငံဘက်မှလာ သောသတင်းများအရ သိရသည်။

မိကျောင်း၊ မြွေဟောက်အပါအဝင် ကန့် သတ် တိရစ္ဆာန်များ ဖမ်းဆီးရမိရေးအဖွဲ့သည် မဲဆောက်အကောက်ခွန်ဂိတ်မှူး၊ တာ့ခ်ခရိုင် ငါးဖမ်းဂိတ်အရာရှိများ၊ မဲဆောက်တောရိုင်း တိရစ္ဆာန်စစ်ဆေးရေးဂိတ်မှူးများနှင့် ညှိနှိုင်း ဆောင်ရွက်ကာ ဥပဒေကြောင်းအရ အရေး ယူသွားမည်ဟု သိရသည်။

Most Read

Most Recent