ပဲခူးမြို့နယ်တွင် မိုးသည်းထန်စွာရွာသွန်းခြင်းနှင့် ပဲခူးမြစ်ရေ မြင့်တက်လာခြင်းကြောင့် ယာယီရေဘေးရှောင်စခန်း ၂၇ ခု ဖွင့်လှစ်ထားပြီး ရေဘေးသင့်သူ ၂၅၀၀၀ ကျော်ရှိ

ပဲခူးမြို့နယ်တွင် မိုးသည်းထန်စွာရွာသွန်းခြင်းနှင့် ပဲခူးမြစ်ရေ မြင့်တက်လာခြင်းကြောင့် ယာယီရေဘေးရှောင်စခန်း ၂၇ ခု ဖွင့်လှစ်ထားပြီး ရေဘေးသင့်သူ ၂၅၀၀၀ ကျော်ရှိ
Published 30 July 2024

ပဲခူးမြို့နယ်တွင် မိုးသည်းထန်စွာရွာ သွန်းခြင်းနှင့် ပဲခူးမြစ်ရေမြင့်တက်လာခြင်းကြောင့် ယာယီရေဘေးရှောင်စခန်း ၂၇ ခု ဖွင့် လှစ်ပြီး ရေဘေးသင့်ပြည်သူ ၂၅၀၀၀ ကျော်ရှိ ကြောင်း ပြန်ကြားရေးဝန်ကြီးဌာနမှ သိရ သည်။

ပဲခူးမြို့နယ်တွင် မိုးသည်းထန်စွာရွာ သွန်းခြင်း၊ ပဲခူးမြစ်ရေမြင့်တက်လာခြင်းတို့ကြောင့် ဇူလိုင် ၂၈ ရက် ညပိုင်းအထိ ရပ်ကွက် ၁၃ ရပ်ကွက်၊ ကျေးရွာလေးရွာတို့တွင် ယာယီ ရေဘေးရှောင်စခန်း ၂၇ ခု ဖွင့်လှစ်ထားပြီး အိမ်ခြေ ၆၁၈၇ အိမ်၊ အိမ်ထောင်စု ၆၂၅၄ စု၊ လူဦးရေ ၂၅၀၄၃ ဦးအား နေထိုင်စားသောက် မှု အဆင်ပြေစေရေး တိုင်းဒေသကြီးအစိုးရ အဖွဲ့က အနီးကပ်ကြီးကြပ် ပံ့ပိုးကူညီဆောင် ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ဇူလိုင် ၂၉ ရက်ကလည်း ပဲခူးတိုင်းဒေသ ကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ပဲခူးမြို့ နယ်အတွင်း ရေကြီးနစ်မြုပ်မှု လျော့နည်းသက် သာစေရေး၊ ရေများအမြန်ဆုံး ပြန်လည်ကျ ဆင်းနိုင်ရေးနှင့် ရေဘေးကာကွယ်ရေးလုပ် ငန်းများ အချိန်နှင့်တစ်ပြေးညီ ဆောင်ရွက်နိုင် ရေး ကွင်းဆင်းကြည့်ရှုခဲ့ကြောင်း သိရသည်။

တိုင်းဒေသကြီးဝန်ကြီးချုပ်သည် ပဲခူးမြို့ ဗုဒ္ဓအသံဓမ္မဗိမာန်၌ ဖွင့်လှစ်ထားသည့် သဘာ ၀ ဘေးကွပ်ကဲမှုရုံးတွင် အစိုးရအဖွဲ့ဝင် ဝန် ကြီးများ၊ ပဲခူးမြို့နယ် တပ်နယ်မှူး၊ တိုင်းဒေသ ကြီး/ခရိုင်/မြို့နယ်အဆင့် တာဝန်ရှိသူများ နှင့်တွေ့ဆုံ၍ ယာယီရေဘေးရှောင်စခန်းများ ၌ လိုအပ်သည့် ဆန်၊ ဆီ၊ ကြက်ဥ၊ ငါး၊ ခေါက် ဆွဲခြောက်၊ ရေသန့်စသည်တို့ကို လိုအပ်မှုမရှိ စေရေး စနစ်တကျပို့ဆောင်ပေးရန်နှင့် ချက် ပြုတ်သည့်အဖွဲ့များအား သန့်ရှင်းစွာချက် ပြုတ်နိုင်ရေး ကြီးကြပ်ဆောင်ရွက်ပေးရန်၊ ရေဝင်ရောက်သည့်ဒေသများအတွင်း ရေအ မြန်ဆုံးပြန်လည်ကျဆင်းနိုင်ရန်၊ ရေထွက် ပေါက်များ ပိတ်ဆို့မှုမရှိစေရေး ကွင်းဆင်းစစ် ဆေးရန်၊ ကားလမ်းနှင့် ရပ်ကွက်များအတွင်း အန္တရာယ်ရှိနိုင်သည့်နေရာများတွင် အသိပေး ဆိုင်းဘုတ်များ စိုက်ထူသွားရန်၊ သက်ဆိုင်ရာ ဌာနဆိုင်ရာများအားလုံး ပူးပေါင်းဆောင်ရွက် ကြရန် ပြောကြားခဲ့သည်။

Most Read

Most Recent