စစ်ကိုင်းမြို့နယ် စီတီးရပ်ကွက်တွင် PDF  များ ထောင်ထားသည့် လက်လုပ်မိုင်းပေါက်ကွဲပြီး ကလေးတစ်ဦး သေဆုံးကာ လေးဦး ဒဏ်ရာရရှိ

စစ်ကိုင်းမြို့နယ် စီတီးရပ်ကွက်တွင် PDF  များ ထောင်ထားသည့် လက်လုပ်မိုင်းပေါက်ကွဲပြီး ကလေးတစ်ဦး သေဆုံးကာ လေးဦး ဒဏ်ရာရရှိ
Published 28 July 2024

စစ်ကိုင်းမြို့နယ် စီတီးရပ်ကွက်တွင် PDF များ ထောင်ထားသည့် လက်လုပ်မိုင်း ပေါက်ကွဲပြီး သုံးနှစ်အရွယ် ကလေးတစ်ဦး သေဆုံးကာ ငါးနှစ်အရွယ်ကလေးတစ်ဦးအပါ အဝင် လေးဦး ဒဏ်ရာရရှိခဲ့ကြောင်း မြန်မာ နိုင်ငံရဲတပ်ဖွဲ့၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။

ဇူလိုင် ၂၄ ရက် မွန်းလွဲ ၁၂ နာရီခွဲတွင် စစ်ကိုင်းတိုင်းဒေသကြီး စစ်ကိုင်းမြို့နယ် စီတီး ရပ်ကွက်၌ ပေါက်ကွဲမှုဖြစ်ပွားကြောင်း သတင်း အရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက် စစ်ဆေး ခဲ့ရာ အဆိုပါရပ်ကွက်ရှိ “Happy Life” ရေကစားကွင်းအနီး PDF အဖွဲ့က ထောင် ထားသည့် လက်လုပ်မိုင်းနှစ်လုံး ပေါက်ကွဲခဲ့ သဖြင့် ပေါက်ကွဲမှုဖြစ်ပွားသည့်နေရာအနီး ဖြတ်သန်းသွားလာနေသည့် စစ်ကိုင်းမြို့နယ် ရွာထောင်ရပ်ကွက်နေ ဦးသန်းလွင် (၅၀ နှစ်)၊ မအိမ့်ကြည်ဖြူဟန် (ငါးနှစ်)နှင့် ရွာသစ်ကြီး ကျေးရွာနေ ကိုစိုးသန်းအောင် (၂၅ နှစ်)၊ မခင် ချိုမြင့် (၂၇ နှစ်) တို့တွင် မိုင်းပေါက်ကွဲစထိမှန် ဒဏ်ရာများရရှိခဲ့ပြီး ရွာသစ်ကြီးကျေးရွာနေ မသြပြည့်နန္ဒာ (သုံးနှစ်) တွင် မိုင်းပေါက်ကွဲစ ထိမှန်ဒဏ်ရာများရရှိကာ သေဆုံးသွားခဲ့၍ သေဆုံး၊ ဒဏ်ရာရရှိသူများအား စစ်ကိုင်း ခရိုင်ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ထားရှိ ကြောင်း သိရသည်။

အဆိုပါဖြစ်စဉ်နှင့်ပတ်သက်ပြီး ကျူး လွန်ခဲ့သူများအား ဥပဒေနှင့်အညီ ထိရောက် စွာ အရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များ က စုံစမ်းဖော်ထုတ်နေကြောင်း သိရသည်။

Most Read

Most Recent