ရေကြီးနစ်မြုပ်မှုကြောင့် ထိခိုက်ပျက်စီးခဲ့သည့် မိုးစပါးဧရိယာများတွင် မျိုးစပါး၊မြေသြဇာနှင့် စိုက်ပျိုးရေးဆေးများ ကူညီပေးမည်

ရေကြီးနစ်မြုပ်မှုကြောင့် ထိခိုက်ပျက်စီးခဲ့သည့် မိုးစပါးဧရိယာများတွင် မျိုးစပါး၊မြေသြဇာနှင့် စိုက်ပျိုးရေးဆေးများ ကူညီပေးမည်
Published 27 July 2024

ရေကြီးနစ်မြုပ်မှုကြောင့် ထိခိုက်ပျက်စီး ခဲ့သည့် မိုးစပါးဧရိယာများတွင် မျိုးစပါး၊ မြေ သြဇာနှင့် စိုက်ပျိုးရေးဆေးများ ကူညီပေးမည် ဖြစ်ကြောင်း ၂၀၂၄ ခုနှစ် ဇူလိုင် ၂၆ ရက်စွဲဖြင့် ထုတ်ပြန်သည့် မြန်မာနိုင်ငံဆန် စပါးအသင်း ချုပ်၊သတင်းထုတ်ပြန်ကြေညာချက်အမှတ် (၁၁/ ၂၀၂၄)တွင် ဖော်ပြထားသည်။

မြန်မာနိုင်ငံ၏ ဒေသအချို့တွင် မိုးသည်း ထန်စွာ ရွာသွန်းမှုများကြောင့် မိုးစပါးစိုက် လယ်မြေအချို့တွင် ရေကြီးနစ်မြုပ်မှုများ ဖြစ် ပေါ်လျက်ရှိကြောင်း၊ အချို့ နေရာဒေသများ တွင် ရေများ ပြန်လည်ကျဆင်းပြီးဖြစ်ကြောင်း၊ အချို့နေရာဒေသများတွင် ရေနစ်မြုပ်ဆဲ ဖြစ် ကြောင်းနှင့် ထိခိုက် ပျက်စီးမှု အချို့ရှိကြောင်း သိရှိရသည်။

ထိုသို့ ထိခိုက်မှုဖြစ်ပေါ်သည့် မိုးစပါး ဧရိယာများတွင် အထွက်နှုန်း မကျဆင်းစေ ရေးအတွက် သွင်းအားစု မြေသြဇာနှင့် ဆေး များထည့်သွင်းနိုင်ရေးအတွက် လည်းကောင်း၊ ပြန်လည်စိုက်ပျိုးရန် လိုအပ်သော နေရာများ တွင် ရာသီချိန်မီပါက စပါးပြန်လည်စိုက်ပျိုး နိုင်ရေးအတွက် လည်းကောင်းလိုအပ်မည့် မျိုးစပါး၊ မြေသြဇာများနှင့် စိုက်ပျိုးရေးဆေး များကို မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်နှင့် ညီနောင်အသင်းအဖွဲ့များ၊ အသင်းဝင်ကုမ္ပဏီ များ အနေဖြင့် တတ်နိုင်သမျှ ၀ိုင်းဝန်းကူညီ ပံ့ပိုးဆောင်ရွက်ပေးမည်ဖြစ်ကြောင်း သိရ သည်။

သို့ဖြစ်ရာ မြန်မာနိုင်ငံဆန်စပါးအသင်း ချုပ် ဒေသကော်မတီများနှင့် ညီနောင်အ သင်း ခွဲများသို့ ဆက်သွယ်၍ ဖြစ်စေ၊ မြို့နယ် စိုက်ပျိုး ရေးဦးစီးဌာနသို့ ဆက်သွယ်၍ ဖြစ်စေ ဆက် သွယ်ညှိနှိုင်းတင်ပြအသိပေးနိုင်ပါရန်နှင့် အမှန်တကယ် လိုအပ်မှုရှိသော နေရာဒေသ များအတွက်ကူညီဆောင်ရွက်ပေးနိုင်ရန် စီစဉ် လျက်ရှိကြောင်း၊ ဖုန်း  ၀၁-၂၁၈၂၆၆-၆၈၁၀၉ -၄၂၀၇၇၃၂၂၂ သို့ ဆက်သွယ်ဆောင်ရွက် နိုင်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထား သည်။

လက်ရှိတွင် ရေကြီးမှုများကြောင့် ဧရာဝ တီတိုင်းဒေသကြီးရှိ နေရာဒေသအချို့တွင် လယ်မြေများ ရေနစ်မြုပ်မှုများ ဖြစ်ပွားလျက်ရှိ ကာ ဒေသခံများမှာ ကူညီကယ်ဆယ်မှုများ လိုအပ်လျက်ရှိသည်ဟု လူမှုကူညီရေးအသင်း အချို့နှင့် ဒေသခံများ၏ ပြောကြားချက်များအ ရသိရသည်။

Most Read

Most Recent