အမျိုးသားလုံခြုံရေးဆိုင်ရာ အကြံပေးပုဂ္ဂိုလ် ဗိုလ်ချုပ်ကြီး မိုးအောင်နှင့် ထိုင်း၊ သီရိလင်္ကာနိုင်ငံတို့မှ အမျိုးသားလုံခြုံရေးဆိုင်ရာအကြီးအကဲများ သီးခြားစီတွေ့ဆုံ၍ နိုင်ငံအချင်းချင်း လုံခြုံရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးကိစ္စရပ်များ ဆွေးနွေး

အမျိုးသားလုံခြုံရေးဆိုင်ရာ အကြံပေးပုဂ္ဂိုလ် ဗိုလ်ချုပ်ကြီး မိုးအောင်နှင့် ထိုင်း၊ သီရိလင်္ကာနိုင်ငံတို့မှ အမျိုးသားလုံခြုံရေးဆိုင်ရာအကြီးအကဲများ သီးခြားစီတွေ့ဆုံ၍ နိုင်ငံအချင်းချင်း လုံခြုံရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးကိစ္စရပ်များ ဆွေးနွေး
Published 27 July 2024

အမျိုးသားလုံခြုံရေးဆိုင်ရာအကြံပေး ပုဂ္ဂိုလ် ဗိုလ်ချုပ်ကြီး မိုးအောင်သည် ထိုင်းနိုင်ငံ နှင့် သီရိလင်္ကာနိုင်ငံတို့မှ အမျိုးသားလုံခြုံရေး ဆိုင်ရာအကြီးအကဲများအား သီးခြားစီ တွေ့ ဆုံ၍ နိုင်ငံအချင်းချင်း လုံခြုံရေးဆိုင်ရာ ပူး ပေါင်းဆောင်ရွက်ရေးကိစ္စရပ်များအား ဆွေးနွေး ခဲ့ကြောင်း သိရသည်။

နေပြည်တော်တွင် ကျင်းပသည့် စတုတ္ထအကြိမ်မြောက် ဘင်းမ်စတက် အမျိုးသားလုံခြုံရေးဆိုင်ရာ အကြီးအကဲများ အစည်းအဝေးတက်ရောက်ရန် မြန်မာနိုင်ငံသို့ ရောက်ရှိနေသော ဘင်းမ်စတက်အဖွဲ့ဝင်နိုင်ငံများမှ အမျိုးသားလုံခြုံရေးဆိုင်ရာ အကြီးအကဲများဖြစ်သည့်  သီရိလင်္ကာနိုင်ငံ ကာကွယ်ရေးဝန်ကြီးဌာန၏ အတွင်းဝန် General Kamal Gunaratne(Retd) ၊ ထိုင်းနိုင်ငံမှ H.E. Mr. Ruchakorn NAPAPORNPIPAT PIPAT တို့ကို အမျိုးသားလုံခြုံရေးဆိုင်ရာ အကြံပေးပုဂ္ဂိုလ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး ဝန်ကြီးဌာန(၁) ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး မိုးအောင်သည် ဇူလိုင် ၂၆ ရက်က သီးခြားစီ လက်ခံတွေ့ဆုံခဲ့ကြောင်း သိရသည်။

တွေ့ဆုံစဉ် နိုင်ငံအချင်းချင်း၊ ဒေသတွင်း ဘင်းမ်စတက် လုံခြုံရေးဆိုင်ရာ နိုင်ငံများအချင်းချင်း ပူးပေါင်းဆောင်ရွက်မှုများမှတစ်ဆင့် ကြုံတွေ့နေရသည့် စိန်ခေါ်မှုများကို ဖြေရှင်းဆောင်ရွက်နိုင်မည့် အခြေအနေ၊ မြန်မာနိုင်ငံ၏ နိုင်ငံရေးဖြစ်ပေါ်တိုးတက်ပြောင်းလဲလာမှု အခြေအနေနှင့် လွတ်လပ်ပြီး တရားမျှတသည့် ပါတီစုံ ဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေး ကြိုတင်ပြင်ဆင် ဆောင်ရွက်လျက်ရှိသည့် အခြေအနေများနှင့်စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

တွေ့ဆုံဆွေးနွေးပွဲသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး ဝန်ကြီးဌာန(၁) ဒုတိယဝန်ကြီး ဗိုလ်ချုပ် ခွန်သန့်ဇော်ထူးနှင့် တာဝန်ရှိသူများ တက်ရောက်ကြကြောင်း သိရသည်။

အမျိုးသားလုံခြုံရေးဆိုင်ရာ အကြံပေးပုဂ္ဂိုလ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး ဝန်ကြီးဌာန(၁) ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး မိုးအောင်သည် ဘင်းမ်စတက်အဖွဲ့ဝင်နိုင်ငံများ ဖြစ်ကြသည့် ဘင်္ဂလားဒေ့ရှ်၊ ဘူတန်၊ အိန္ဒိယ၊ နီပေါ၊ သီရိလင်္ကာနှင့် ထိုင်းနိုင်ငံတို့မှ လုံခြုံရေးဆိုင်ရာ အကြီးအကဲများ၊ ဘင်းမ်စတက် အတွင်းရေးမှူးချုပ်နှင့် ၎င်းတို့၏ ဇနီးများအား နေပြည်တော်ရှိ MGallery ဟိုတယ်တွင် ညစာစားပွဲဖြင့် တည်ခင်းဧည့်ခံခဲ့ကြောင်း သိရသည်။

ညစာစားပွဲသို့ အမျိုးသားလုံခြုံရေးဆိုင်ရာ အကြီးအကဲများ ဖြစ်ကြသည့် အိန္ဒိယနိုင်ငံမှ H.E. Shri Ajit Doval၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ Ambassador Abdul Motaleb Sarker၊ ဘူတန်နိုင်ငံမှ Mr. Sonam Wangyel၊ နီပေါနိုင်ငံမှ H.E. Mr. Harishchandra Ghimire၊ သီရိလင်္ကာနိုင်ငံမှ General Kamal Gunaratne(Retd) WWV RWP RSP USP Ndc psc MPhil၊ ထိုင်းနိုင်ငံမှ H.E. Mr. Ruchakorn NAPAPORNPIPAT၊ ဘင်းမ်စတက်အတွင်းရေးမှူးချုပ် H.E. Mr. Indra Mani Pandey နှင့် ၎င်းတို့၏ ဇနီးများ၊ စတုတ္ထအကြိမ်မြောက် ဘင်းမ်စတက် အမျိုးသားလုံခြုံရေးဆိုင်ရာအကြီးအကဲများ အစည်းအဝေး အောင်မြင်စွာကျင်းပနိုင်ရေး ဦးစီးကော်မတီဝင်များဖြစ်သည့် ဒုတိယဝန်ကြီးများနှင့် ဇနီးများ၊ လုပ်ငန်းကော်မတီ အဖွဲ့ဝင်များ တက်ရောက်ကြကြောင်း သိရသည်။

Most Read

Most Recent