ခါကိဗ်တွင် ယူကရိန်းစစ်သားများ အချင်းချင်းပစ်ခတ်မှုဖြစ်ပွားခဲ့သဖြင့် စစ်သားသုံးဦးသေဆုံးပြီး လေးဦးဒဏ်ရာရ

ခါကိဗ်တွင် ယူကရိန်းစစ်သားများ အချင်းချင်းပစ်ခတ်မှုဖြစ်ပွားခဲ့သဖြင့် စစ်သားသုံးဦးသေဆုံးပြီး လေးဦးဒဏ်ရာရ
Published 25 July 2024

ခါကိဗ်အရှေ့မြောက်ပိုင်းဒေသတွင် စခန်းချထားသော ယူကရိန်းစစ်သားချင်း ပစ်ခတ်မှုဖြစ်ခဲ့ပွားခြင်းကြောင့် စစ်သားသုံး ဦးသေဆုံးသွားခဲ့ပြီး လေးဦးသည် ပြင်းထန် စွာ ဒဏ်ရာရသွားခဲ့သည်ဟု ဇူလိုင် ၂၄ ရက် တွင် ယူကရိန်းစစ်တပ်က ထုတ်ပြန်ခဲ့သည်။

ထုတ်ပြန်ချက်တွင် နောက်ထပ်အသေးစိတ်များကို ဖော်ပြထားခြင်းမရှိပေ။ ပစ်ခတ်မှုဖြစ်ပွားရာတွင် တာဝန်ရှိသူကိုလည်းဖော်ပြထားခြင်းမရှိပေ။ လက်နက်များကို စစ်ရေးကိစ္စများထက် ကိုယ်ရေးကိုယ်တာကိစ္စများ အတွက်အသုံးပြုခဲ့သည်ဟုသာ ဖော်ပြထားသည်။

“တပ်ဖွဲ့တစ်ခုက စစ်သားတွေဟာ သေနတ်တွေကို ကိုယ်ရေးကိုယ်တာကိစ္စတွေ အကြောင်းပြုပြီး အသုံးပြုခဲ့ကြပါတယ်။ ပစ်ခတ်မှုရဲ့အကျိုးရလဒ်ကြောင့် စစ်သားသုံးဦးသေဆုံးသွားပါတယ်။ အခြားစစ်သားလေး ဦး ဒဏ်ရာရသွားခဲ့ပါတယ်”ဟု ယူကရိန်း စစ်တပ်၏ဒေသဆိုင်ရာအဖွဲ့ဖြစ်သော Khortytsia က ထုတ်ပြန်ခဲ့သည်။ ဒဏ်ရာရရှိထားသူများသည် ပြင်းထန်သော ဒဏ်ရာများကိုရရှိခဲ့ကြသည်ဟု ဆိုသည်။ ဥပဒေထိန်းသိမ်းရေးတာဝန်ရှိသူများသည် အခင်းဖြစ်ပွားရာနေရာကို ရောက်ရှိသွားသည်ဟု ထုတ်ပြန်ချက်တွင် ဆက်လက်ဖော်ပြထားသည်။

“နောင်မှာ အခုလိုမျိုးပစ်ခတ်တာတွေကို ဟန့်တားဖို့ စီမံခန့်ခွဲမှုအဖွဲ့က လိုအပ်တဲ့အစီအမံတွေကို ချမှတ်နေပါတယ်”ဟု ဖြည့်စွက်ဖော်ပြထားသည်။

Ref: AFP

Most Read

Most Recent