တိုင်ဖွန်းမုန်တိုင်း ဂမ်မီ တိုက်ခတ်မှုကြောင့် ထိုင်ဝမ်တောင်ပိုင်း ကမ်းလွန်တွင် ကုန်တင်သင်္ဘော တစ်စင်း နစ်မြုပ်ပြီး မြန်မာ သင်္ဘောသားကိုးဦး ပျောက်ဆုံးနေ

တိုင်ဖွန်းမုန်တိုင်း ဂမ်မီ တိုက်ခတ်မှုကြောင့် ထိုင်ဝမ်တောင်ပိုင်း ကမ်းလွန်တွင် ကုန်တင်သင်္ဘော တစ်စင်း နစ်မြုပ်ပြီး မြန်မာ သင်္ဘောသားကိုးဦး ပျောက်ဆုံးနေ
Published 25 July 2024

တိုင်ဖွန်းမုန်တိုင်း ဂမ်မီ တိုက်ခတ်မှု ကြောင့် ထိုင်ဝမ်တောင်ပိုင်းကမ်းလွန်တွင် ကုန်တင်သင်္ဘောတစ်စင်း နစ်မြုပ်ပြီး မြန်မာ သင်္ဘောသားကိုးဦး ပျောက်ဆုံးနေကြောင်း Barrons’s သတင်းဌာနတွင် ဖော်ပြထားသည်။

ကုန်တင်သင်္ဘော၏ အခြေအနေ ကောင်းမွန်မှုမရှိသဖြင့် သင်္ဘောသားများ အသက်ကယ်အကျီင်္များ ဝတ်ဆင်ကာ သင်္ဘောကို စွန့်ခွာခဲ့သည်ဟု ယူဆရကြောင်း အာဏာ ပိုင်များက ပြောကြားခဲ့သည်။

သင်္ဘောသားများကို ကယ်ဆယ်ရန် အာဏာပိုင်များက ကြိုးစားနေသော်လည်း တိုင်ဖွန်းမုန်တိုင်း ဂမ်မီကြောင့် အခက်အခဲ တွေ့နေရကြောင်း ထိုင်ဝမ်အမျိုးသားမီးသတ် အေဂျင်စီအကြီးအကဲ Hsiao Huan-changက ပြောကြားသည်။

သင်္ဘောသားများမှာ ပင်လယ်အတွင်း မျောပါနေပြီး ၎င်းတို့ကို ကူညီရန် အနီးအနားရှိ အခြား ထိုင်ဝမ်ကုန်တင်သင်္ဘောတစ်စင်းကို ဆက်သွယ်ခဲ့သည်ဟု အဆိုပါအကြီးအကဲက ဆက်လက်ပြောကြားသည်။

အဆိုပါသင်္ဘောမှာ တန်ဇန်းနီးယား အလံ လွှင့်ထူထားသည့် ကုန်တင်သင်္ဘော ဖြစ်ပြီး ထိုသင်္ဘောသည်မည်သည့်အချိန်တွင် နစ် မြုပ်ခဲ့သည်ဆိုခြင်းကိုမူ မသိရသော်လည်း ထိုင်ဝမ်ကယ်ဆယ်ရေးသင်္ဘောသည် ဇူလိုင် ၂၅ ရက် ဒေသစံတော်ချိန် နံနက် ၈ နာရီ ၃၅ မိနစ်တွင် ထိုနေရာသို့ ရောက်ရှိခဲ့ကြောင်း ၎င်းင်းက ပြောကြားခဲ့သည်။

“ ထိုင်ဝမ်သင်္ဘောရောက်လာတဲ့အခါအခင်းဖြစ်ရာကို မြင်နိုင်စွမ်း အရမ်းနိမ့်ပြီး လေတိုက်နှုန်း အရမ်းပြင်းတယ်။ ရာသီဥတုက ခွင့်ပြုရင် ကယ်ဆယ်ဖို့ သင်္ဘောတွေ ဒါမှမ ဟုတ် ရဟတ်ယာဉ်တွေ ချက်ချင်း လွှတ်လိုက် ပေမယ့် လောလောဆယ်တော့ မဖြစ်နိုင်သေး ဘူး” ဟု ၎င်းက ဆိုသည်။

သင်္ဘောသားများ ပျောက်ဆုံးနေကြောင်း သတင်းစာရှင်းလင်းပွဲအပြီးတွင် အေဂျင်စီမှ အခြားအရာရှိတစ်ဦးက အေအက်ဖ်ပီသို့ ပြော ကြားခဲ့သည်ဟု သတင်းတွင် ဖော်ပြထားသည်။

တိုင်ဖွန်းဂယ်မီသည် ဇူလိုင် ၂၄ ရက်ည အချိန်တွင် ထိုင်ဝမ်ကုန်းတွင်းပိုင်းသို့ တစ်နာ ရီလျှင် လေတိုက်နှုန်း ၁၉၀ ကီလိုမီတာ (၁၁၈ မိုင်) ဖြင့် ဝင်ရောက်တိုက်ခတ်ခဲ့ခြင်းဖြစ် သည်။ ယင်းမုန်တိုင်း တိုက်ခတ်နေသည့်အချိန် တွင် သင်္ဘောနစ်မြုပ်မှုသတင်းထွက်ပေါ်လာ ခြင်းဖြစ်သည်။

တိုင်ပေမြို့တော်အပါအဝင် မြို့အချို့ တွင် ဇူလိုင် ၂၅ ရက်၌  စာသင်ကျောင်းများ၊ အစိုးရရုံးများနှင့် စတော့ရှယ်ယာစျေးကွက်ကို ဒုတိယမြောက်နေ့အဖြစ် ဆက်ပိတ်ထားခဲ့ပြီး ရာနှင့်ချီသည့် ပြည်တွင်း၊ ပြည်ပလေကြောင်း လိုင်းများကိုလည်း ဖျက်သိမ်းခဲ့ရသည်။

Most Read

Most Recent