ထိုင်းသို့ရောက်ရှိနေသည့် ဝန်ထမ်းများက အမည်မည်းစာရင်းမှ ပယ်ဖျက်ဖြေလျှော့ပေးနိုင်ရန် လျှောက်ထားမှုများရှိနေ

ထိုင်းသို့ရောက်ရှိနေသည့် ဝန်ထမ်းများက အမည်မည်းစာရင်းမှ ပယ်ဖျက်ဖြေလျှော့ပေးနိုင်ရန် လျှောက်ထားမှုများရှိနေ
Published 24 July 2024

ထိုင်းသို့ရောက်ရှိနေသည့် ဝန်ထမ်းများက အမည်မည်းစာရင်းမှ ပယ်ဖျက်ဖြေလျှော့ပေးနိုင်ရန် လျှောက်ထားမှုများရှိနေကြောင်း ထိုင်းနိုင်ငံရှိ မြန်မာသံရုံးက သတင်းထုတ်ပြန်သည်။

မြန်မာသံရုံးအနေဖြင့် Black Lists မှ ပယ်ဖျက်ဖြေလျှော့ပေးနိုင်ပါရန် လျှောက်ထားမှုများကို ဆက်လက်ဆောင်ရွက်ပေးလျက်ရှိကြောင်းနှင့် လျှောက်ထားလိုသူများအနေဖြင့် မိမိတို့၏ ဝန်ကြီးဌာနသို့ လိပ်မူပြီးမှတစ်ဆင့် သံအမတ်ကြီး၊ မြန်မာသံရုံး၊ ဗန်ကောက်မြို့ဟု ဖော်ပြကာ လုပ်ငန်းခွင်စွန့်ခွာရသည့် အကြောင်းရင်းကို ဖော်ပြထားသော ကိုယ်ရေးစာ (၆ လအတွင်း ရိုက်ကူးထားသော ဓာတ်ပုံဖြင့်)၊ ထိုင်းနိုင်ငံတွင်း နေရပ်လိပ်စာအပြည့်အစုံ၊ ဆက်သွယ်ရမည့် ဖုန်းနံပါတ်၊ Passport (မိတ္တူ)၊ နိုင်ငံသားစိစစ်ရေး ကတ်ပြား (မိတ္တူ)၊ အခြားထည့်သွင်းလိုသော စာရွက်စာတမ်းများနှင့်အတူ မြန်မာသံရုံး၊ ဗန်ကောက်မြို့ထံသို့ လူကိုယ်တိုင်လာရောက်၍သော်လည်းကောင်း၊ စာတိုက်မှတစ်ဆင့် ပေးပို့၍သော်လည်းကောင်း လျှောက်ထားနိုင်ကြောင်း မြန်မာသံရုံးက သတင်းထုတ်ပြန်သည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၊ သတင်းထုတ်ပြန်ရေးအဖွဲ့မှ ဇူလိုင် ၁၃ ရက်တွင် ပြည်ထောင်စုအဆင့်အဖွဲ့အစည်းများ၊ ပြည်ထောင်စုဝန်ကြီးဌာနများမှ နိုင်ငံ့ဝန်ထမ်းအချို့သည် အကြောင်းအမျိုးမျိုးကြောင့် ခွင့်ပြုချက်မရရှိဘဲ လုပ်ငန်းခွင်ကို စွန့်ခွာသွားကြသည့်အတွက် သက်ဆိုင်ရာဌာနများ၏ အမည်မည်းစာရင်း (Black Lists) တွင် ပါဝင်လျက်ရှိနေခြင်းကြောင့် နိုင်ငံတော်အတွက် လူသားအရင်းအမြစ်ဆုံးရှုံးမှုများ ဖြစ်ပေါ်သည့်အပြင် ကာယကံရှင်များ၏ လူနေမှုဘဝများလည်း နစ်နာလျက်ရှိရာ ယင်းဝန်ထမ်းများ လုပ်ငန်းခွင်စွန့်ခွာရသည့် အကြောင်းခြင်းရာအပေါ် မူတည်၍ အမည်မည်းစာရင်း (Black Lists) မှ ပယ်ဖျက်ဖြေလျှော့ပေးပြီး ဥပဒေဘောင်အတွင်း နေထိုင်သွားလာနိုင်ရန် ဆောင်ရွက်ပေးမည်ဖြစ်သဖြင့် ဇူလိုင် ၁၅ ရက်မှစ၍ အဆိုပါဝန်ထမ်းများသည် မိမိတို့ ရောက်ရှိနေသည့်နေရာတွင်ရှိသော ယခင်တာဝန်ထမ်းဆောင်ခဲ့သည့် ဌာန၏ ရုံးများသို့လည်းကောင်း၊ နီးစပ်ရာ မြို့နယ်ခွဲ၊ မြို့နယ်၊ ခရိုင်၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အုပ်ချုပ်ရေးအဖွဲ့အစည်းများသို့လည်းကောင်း၊ မြန်မာနိုင်ငံသံရုံး၊ စစ်သံရုံး၊ ကောင်စစ်ဝန်ရုံးများသို့လည်းကောင်း ပြန်လည်သတင်းပို့နိုင်ကြောင်း ထုတ်ပြန်ကြေညာထားသည်။

Most Read

Most Recent