■ မန်စီးတီးအသင်းနှင့် လက်တွဲခွင့်ရသည့်အတွက် ဝမ်းသာကြောင်း ဆာဗီယို ပြောကြား

■ မန်စီးတီးအသင်းနှင့် လက်တွဲခွင့်ရသည့်အတွက် ဝမ်းသာကြောင်း ဆာဗီယို ပြောကြား
Published 19 July 2024

မန်စီးတီးတောင်ပံကစားသမားသစ် ဆာဗီယိုက မန်စီးတီးကဲ့သို့ ပရီးမီးယားလိဂ်ချန်ပီယံအသင်းနှင့် လက်တွဲခွင့်ရသည့်အတွက် ဝမ်းသာကြောင်း ပြောကြားခဲ့သည်။ 

    

မန်စီးတီးအသင်းသည် ပြင်သစ်ကလပ် ထရွိုင်စ်အသင်းမှ ဘရာဇီးလ်တောင်ပံကစားသမား ဆာဗီယိုကို ပေါင်သန်း(၃၀)ဝန်းကျင်ဖြင့် ခေါ်ယူခဲ့ပြီး (၅)နှစ်စာချုပ်ချုပ်ဆိုကာ ခေါ်ယူခဲ့ခြင်းဖြစ်သည်။ 

မန်စီးတီးအသင်းသည် ၎င်းအတွက် ကနဦးပြောင်းရွှေ့ကြေးအဖြစ် ပေါင်(၂၁)သန်းသာ ပေးချေရမည်ဖြစ်သော်လည်း Add-ons ကြေးများကိုပါ ထည့်တွက်ပါက ပေါင်သန်း(၃၀) ကျော်ရှိမည်ဖြစ်ကြောင်း သိရသည်။ 

အသက် (၂၀) အရွယ်ရှိ ဆာဗီယိုသည် ၂၀၂၂ ခုနှစ်တွင် ဘရာဇီးလ်ကလပ် အက်သလက်တီကိုမင်နဲရိုးအသင်းမှ ထရွိုင်စ်အသင်းသို့ ရောက်ရှိလာသူဖြစ်ပြီး ထရွိုင်စ်အသင်းတွင် ကစားခွင့်မရဘဲ အငှားကစားသမားအဖြစ်သာ ကျင်လည်နေရသူဖြစ်သည်။ 

သို့သော် ထရွိုင်စ်အသင်းနှင့် ဂျီရိုနာအသင်းတို့မှာ မန်စီးတီးအသင်းကို ပိုင်ဆိုင်ထားသော City Football Group လက်အောက်မှ အသင်းများပင်ဖြစ်သည်။ 

မန်စီးတီးအသင်းတွင် နံပါတ်(၂၆) ဝတ်ဆင်ကစားမည့် ဆာဗီယိုက "မန်စီးတီးလို ပရီးမီးယားလိဂ်ချန်ပီယံအသင်းနဲ့ လက်တွဲရတဲ့အတွက် အရမ်းပျော်ပါတယ်။ ပရိသတ်တွေ၊ အသင်းဖော်သစ်တွေနဲ့ တွေ့ဆုံဖို့လည်း မစောင့်နိုင်အောင်ပါပဲ"ဟု ပြောကြားခဲ့သည်။

Most Read

Most Recent