■ အက်ဒီဟောင်းကို FA ချဉ်းကပ်လာပါက ငြင်းဆန်မည်ဟု နယူးကာဆယ်အမှုဆောင်ချုပ် ဆို

■ အက်ဒီဟောင်းကို FA ချဉ်းကပ်လာပါက ငြင်းဆန်မည်ဟု နယူးကာဆယ်အမှုဆောင်ချုပ် ဆို
Photo: Getty Images
Photo: Getty Images
Published 19 July 2024

နယူးကာဆယ်အသင်းအမှုဆောင်ချုပ် ဒါရင်းအီယာလက်စ်ကလည်း အင်္ဂလန်နည်းပြရာထူးအတွက် ရေပန်းစားနေသည့် အက်ဒီဟောင်းအတွက် အင်္ဂလန်ဘောလုံးအဖွဲ့ချုပ်(FA) ချဉ်းကပ်မှုရှိလာပါက ငြင်းဆန်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

    

"ကျွန်တော်တို့က စိတ်လှုပ်ရှားစရာကောင်းတဲ့ ခရီးစဉ်တစ်ခုပေါ်မှာ ရှိနေပြီး အက်ဒီက ကျွန်တော်တို့ကို ဦးဆောင်ရမယ့်သူပါ။ ကျွန်တော်တို့အတွက်တော့ သူက နယူးကာဆယ်ယူနိုက်တက်မှာ လုပ်နေတဲ့ ပရောဂျက်အတွက် မှန်ကန်တဲ့လူတစ်ယောက်ပါ။ ဒါကြောင့် သူနဲ့ ရေရှည်သဘောတူညီမှုရဖို့ ကတိကဝတ်ပြုထားပြီးသားပါ။ အဲဒါကြောင့် သူက နယူးကာဆယ်အတွက် မှန်ကန်တဲ့သူလို့ ကျွန်တော်တို့ ထင်တာပါ။ ကျွန်တော်တို့ သူ့ကို သဘောကျပါတယ်"ဟု ၎င်းက ဆိုခဲ့သည်။ 

အင်္ဂလန်ဘောလုံးအဖွဲ့ချုပ်(FA)သည် နည်းပြသစ်ခန့်အပ်မှုကို အမြန်ဆုံးလုပ်ဆောင်သွားဖွယ်ရှိကြောင်း သိရသည်။ 

Most Read

Most Recent