ကွင်းအတွင်း ကစားသမားများ လက်ကာပြီး စကားပြောခြင်းကို ဝေါ်လ်ကာ ရှင်းလင်း

ကွင်းအတွင်း ကစားသမားများ လက်ကာပြီး စကားပြောခြင်းကို ဝေါ်လ်ကာ ရှင်းလင်း
Photo: Getty Images
Photo: Getty Images
Published 30 May 2024

မန်စီးတီးအသင်းခေါင်းဆောင် ဝေါ်လ်ကာက ကွင်းအတွင်း ကစားသမားများ ပါးစပ်ကိုလက်ကာပြီး စကားပြောခြင်းမှာ ယနေ့ခေတ်တွင် ခေတ်စားသည့် Lip-reader (ပါးစပ်လှုပ်သည်ကို ကြည့်ပြီး မည်သည့် စကားပြောသည်ကို နားလည်သူ)များကြောင့် ဖြစ်သည်ဟု ရှင်းလင်းပြောကြားခဲ့သည်။

ပြီးခဲ့သည့်နှစ်များအတွင်း ဘောလုံးပွဲများတွင် ကစားသမားများအချင်းချင်း စကားပြောရာတွင်လည်းကောင်း၊ ပွဲအပြီးတွင် အသင်းဖော်အချင်းချင်း စကားပြောရာတွင်လည်းကောင်း ပါးစပ်ကိုလက်ကာပြီး ပြောဆိုသည့် အလေ့အထမှာ ထင်ရှားလာခဲ့သည်။

ကွင်းအတွင်း ကစားသမားများ မည်သည့်စကားများ ပြောကြသည်ကို သိရှိလိုသည့် ပရိသတ်များနှင့် ရုပ်သံထုတ်လွှင့်သူများက ကန့်ကွက်ခဲ့သော်လည်း ပရီးမီးယားလိဂ်တာဝန်ရှိသူများက ယင်းအပြုအမူနှင့်ပတ်သက်ပြီး ၎င်းတို့တွင် တားဆီးပိုင်ခွင့်မရှိကြောင်း ညည်းတွားခဲ့ဖူးသည်။

မေလ (၇) ရက်က ကစားခဲ့သည့် ပရီးမီးယားလိဂ်ပွဲစဉ် ခရစ္စတယ်ပဲလေ့စ် (၄-၀) မန်ယူပွဲအပြီးတွင် မန်ယူတိုက်စစ်ကစားသမား အန်တိိုနီသည် အသင်းဖော်များဖြစ်သည့် မေဆန်မောင့်နှင့် အိုနာနာတို့ကို လက်ကာပြီး စကားပြောခဲ့သည့်အတွက် ရုပ်သံတင်ဆက်သူများ၏ ဝေဖန်ခြင်းကိုခံခဲ့ရသည်။

ယခုအခါ ဝေါ်လ်ကာက ''လက်ကာလိုက်ရင် ကင်မရာက မမြင်ရပါဘူး။ တစ်ခါတလေ ဆဲဆိုတာမျိုးတွေ ရှိပါတယ်။ ကျွန်တော်တို့ကို Live လွှင့်နေသလို Lip-reader တွေလည်း ရှိနေပါတယ်။ ဒါကြောင့် အခုလို ပြောကြတာပါ''ဟု ပြောကြားခဲ့သည်။ 

 

Most Read

Most Recent