လီဗာပူးလ်အသင်းနှင့် စာချုပ်သက်တမ်းတစ်နှစ်သာ ကျန်ရှိသည့် အာနိုးလ်အား ခေါ်ယူရန် ရီးယဲလ်အသင်း စိတ်ဝင်စားနေကြောင်း Bild ဖော်ပြ

လီဗာပူးလ်အသင်းနှင့် စာချုပ်သက်တမ်းတစ်နှစ်သာ ကျန်ရှိသည့် အာနိုးလ်အား ခေါ်ယူရန် ရီးယဲလ်အသင်း စိတ်ဝင်စားနေကြောင်း Bild ဖော်ပြ
Photo : Getty Images
Photo : Getty Images
Published 18 July 2024

စပိန်ထိပ်သီး ရီးယဲလ်မက်ဒရစ်အသင်းသည် လီဗာပူးလ်အသင်းနှင့် စာချုပ်သက်တမ်းတစ်နှစ်သာကျန်ရှိတော့သည့် အင်္ဂလန်ညာနောက်ခံကစားသမား အာနိုးလ်အား ခေါ်ယူရန် စိတ်ဝင်စားနေကြောင်း ဂျာမန်သတင်း စာ Bild က ဖော်ပြခဲ့သည်။

အသက် (၂၅)နှစ်အရွယ်ရှိ အာနိုးလ်သည် လီဗာပူးလ်အကယ်ဒမီထွက်ဖြစ်ပြီး ကစားသမားဘဝတစ်လျှောက်လုံး လီဗာပူးလ်အသင်းတွင် ကစားနေသူဖြစ်သည်။

ရီးယဲလ်မက်ဒရစ်အသင်းသည် ယခင်ကတည်းက အာနိုးလ်အား ခေါ်ယူရန် စိတ်ဝင်စားဖူးသော်လည်း ခေါ်ယူနိုင်ခဲ့ခြင်းမရှိပေ။ လီဗာပူးလ်အသင်းနှင့် ချုပ်ဆိုထားသည့် အာနိုးလ်၏လက်ရှိစာချုပ်သက်တမ်းမှာ တစ်နှစ်သာကျန်ရှိတော့ရာ ရီးယဲလ်မက်ဒရစ်အသင်းသည် ၎င်းကို ခေါ်ယူရန် စိတ်ဝင်စားလာခြင်းဖြစ်ပြီး ယခုနွေတွင် အရခေါ်ယူရန် ဆန္ဒရှိနေကြောင်း Bild က ဖော်ပြခဲ့သည်။

ရီးယဲလ်မက်ဒရစ်အသင်းသည် အသက်အရွယ်ရလာသည့် အသင်းညာနောက်ခံကစားသမား ကာဗာဟယ်လ်(၃၂ နှစ်)၏နေရာတွင် အစားထိုးရန်အတွက် အာနိုးလ်ကို အလိုရှိနေခြင်းဖြစ်သည်။

Bild ၏ ဖော်ပြမှုအရ အာနိုးလ်ကိုယ်တိုင်ကလည်း ကလော့ပ်မရှိတော့သည့် လီဗာပူးလ်မှ ထွက်ခွာပြီး ရီးယဲလ်မက်ဒရစ်အသင်းထံသို့ ပြောင်းရွှေ့ကစားရန် စိတ်ဝင်စားနေကြောင်း သိရှိရသည်။

လီဗာပူးလ်နည်းပြသစ် အာနယ်ဆလော့သည် အသင်းနှင့်လာရောက်ပူးပေါင်းမည့် အာနိုးလ်ကို စောင့်နေပြီး အနာဂတ်အတွက် ဆွေးနွေးသွားမည်ဖြစ်ကြောင်း သိရှိရသည်။

Most Read

Most Recent