■ လီဗာပူးလ်ဗိသုကာဟောင်းရဲ့ အပြန်လမ်း

■ လီဗာပူးလ်ဗိသုကာဟောင်းရဲ့ အပြန်လမ်း
Photo : Getty Images
Photo : Getty Images
Published 17 July 2024
Chan Myae

ကွဲကွာနေတဲ့ ရဲဘော်ရဲဘက်နဲ့ ပြန်လည်ပေါင်းထုပ်နိုင်ခြင်းသတင်းကို လီဗာပူးလ်အသင်း ခဲရာခဲဆစ် ရယူနိုင်ခဲ့ပြီး ဒါဟာ အနာဂတ်အတွက် အရေးပါလွန်းတဲ့ ရွှေ့ကွက်တစ်ခု ဖြစ်ပါတယ်။ လီဗာပူးလ်ရဲ့  Money Ball နေ့ရက်တွေကို ထုဆစ်ခဲ့တဲ့ ဗိသုကာ မိုက်ကယ်အက်ဒ်ဝက်ဒ်ဟာ လီဗာပူးလ်အသင်းဆီ ပြန်လာဖို့ သဘောတူညီလိုက်တဲ့အကြောင်း ဗြိတိန်မီဒီယာတွေအားလုံးက တညီတညွတ်တည်း ဖော်ပြနေကြပြီ။ ဒီတစ်ကြိမ်မှာတော့ သူက အရင်ကလို အားကစားဒါရိုက်တာ ရာထူးနဲ့ မဟုတ်ဘဲ ပိုမြင့်တဲ့ စီနီယာရာထူးတစ်ခုနဲ့ ဖြစ်ကြောင်း သတင်းတွေစတင်ထွက်ပေါ်ခဲ့ပြီး နောက်ပိုင်းမှာလည်း ဒီသတင်းတွေက အမှန်တကယ် ဖြစ်လာခဲ့တယ်။ Head of football လို ရာထူးမျိုး ဖြစ်လိမ့်မယ်လို့ သတင်းစာတွေက ခန့်မှန်းဖော်ပြခဲ့ပေမယ့် တကယ်တမ်းကျတော့ လီဗာပူးလ်အသင်းက သူတို့အသင်းရဲ့ ဘောလုံးရေးရာနဲ့ ပတ်သက်ရင် အမြင့်ဆုံးရာထူးဖြစ်တဲ့ CEO အဖြစ်ပါ ခန့်အပ်ဖို့ ဆုံးဖြတ်ခဲ့တယ်။ 

 

Most Read

Most Recent