နွေစျေးကွက်နဲ့ ဘော့စမန်အရွေ့

နွေစျေးကွက်နဲ့ ဘော့စမန်အရွေ့
Photos: Getty Images
Photos: Getty Images
Published 17 July 2024
Phoe Thar

၂၀၂၄ နွေစျေးကွက်ရဲ့ ဘော့စမန်အပြောင်းအရွှေ့စျေးကွက်ထဲ စာရင်းပေါက်နေသူတွေကိုကြည့်ရင် ရာဘီယူ၊ ဗာရန်းတို့လိုပုံရိပ်မြင့်မားတဲ့ ပြင်သစ်ဝါရင့်ကစားသမားတွေပါဝင်နေသလို၊ မာတစ်၊ ဘင်ယက်ဒါ၊ မာစီယဲလ်၊ ဒီပိုင်း၊ အန်ဒရေဂိုးမက်ဇ်၊ အီဟီယန်နာချု၊ိ ဟာမိုဆိုတို့လို အရည်အသွေးအရ အများကြီးမျှော်လင့်နိုင်စွမ်းမရှိတော့ပေမယ့် ပွဲတစ်ပွဲကို ကောင်းကောင်းထိန်းချုပ်ကစားနိုင်တဲ့ ၀ါရင့်ကစားသမားတွေပါဝင်နေပါတယ်။ အနီးစပ်ဆုံးဥပမာပေးရရင် စီးရီးအေကိုတစ်ကျော့ ပြန်တန်းတက်လာခဲ့တဲ့ ကိုမိုအသင်းဟာ အတွေ့အကြုံနဲ့ ပုံရိပ်ကိုမျှော်လင့်ပြီး ပီပီရေနာ (ဂိုး)၊ အယ်လ်ဘာတိုမော်ရီနို (နောက်တန်း)နဲ့ ဗာရန်း (နောက်တန်း)တို့လို ၀ါရင့်ကစားသမားတွေကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ခေါ်ယူစုစည်းဖို့ ကြိုးစားခဲ့တာဖြစ်သလို ဟာမိုဆို၊ ဂိုင်ဒိုရိုဒရီဂွက်ဇ်၊ အန်ဒီဒီတို့ဆိုရင် ထိပ်တန်းကလပ်အသင်းကြီးအချို့ရဲ့  ပစ်မှတ်စာရင်းထဲပါဝင်နေပါတယ်။

 

Most Read

Most Recent