ဧရာဝတီနှင့် ချင်းတွင်းမြစ်ရေ စိုးရိမ်ရေမှတ်အထက် ဆက်လက်တည်ရှိနေသဖြင့် မြို့နယ် ၁၉ မြို့နယ်အတွင်းရှိ နေထိုင်သူများ သတိပြုနေထိုင်ကြပါရန် မိုးဇလ ထုတ်ပြန်

ဧရာဝတီနှင့် ချင်းတွင်းမြစ်ရေ စိုးရိမ်ရေမှတ်အထက် ဆက်လက်တည်ရှိနေသဖြင့် မြို့နယ် ၁၉ မြို့နယ်အတွင်းရှိ နေထိုင်သူများ သတိပြုနေထိုင်ကြပါရန် မိုးဇလ ထုတ်ပြန်
Published 17 July 2024

ဧရာဝတီနှင့် ချင်းတွင်းမြစ်ရေ စိုးရိမ်ရေမှတ်အထက် ဆက်လက်တည်ရှိနေသဖြင့် စစ်ကိုင်း၊ မြင်းမူ၊ ပခုက္ကူ၊ ညောင်ဦး၊ ချောက်၊ မင်းဘူး၊ မကွေး၊ အောင်လံ၊ ပြည်၊ ဟင်္သာတ၊ ဇလွန်၊ ဟုမ္မလင်း၊ ဖောင်းပြင်၊ မော်လိုက်၊ ကလေးဝ၊ မင်းကင်း၊ မုံရွာ၊ မန္တလေး၊ ဆိပ်သာမြို့နယ်အတွင်း နေထိုင်သူများ သတိပြုနေထိုင်ကြပါရန် ဇူလိုင် ၁၇ ရက်တွင် မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှက ထုတ်ပြန်သည်။

ထုတ်ပြန်ချက်အရ ဇူလိုင် ၁၇ ရက် နံနက် ၈ နာရီခွဲအချိန်တိုင်းထွာချက်အရ ဧရာဝတီမြစ်ရေသည် မန္တလေးမြို့တွင် စိုးရိမ်ရေမှတ်အထက်သို့ သုံးလက်မခန့် ကျော်လွန်ရောက်ရှိနေပြီး အဆိုပါမြစ်ရေသည် လာမည့်တစ်ရက်အတွင်း စိုးရိမ်ရေမှတ်အောက်လည်းကောင်း၊ ဧရာဝတီမြစ်ရေသည် စစ်ကိုင်းမြို့တွင် စိုးရိမ်ရေမှတ်အထက်သို့ ပေဝက်ခန့် ကျော်လွန်ရောက်ရှိနေပြီး အဆိုပါမြစ်ရေသည် လာမည့်တစ်ရက်အတွင်း စိုးရိမ်ရေမှတ်အောက်လည်းကောင်း ပြန်လည်ကျဆင်းနိုင်ကြောင်း သိရသည်။

ဧရာဝတီမြစ်ရေသည် မြင်းမူမြို့တွင် စိုးရိမ်ရေမှတ်အထက်သို့ တစ်ပေခွဲခန့် ကျော်လွန်ရောက်ရှိနေပြီး အဆိုပါမြစ်ရေသည် လာမည့်တစ်ရက်အတွင်း ပေဝက်ခန့် ကျဆင်းလာနိုင်ကာ စိုးရိမ်ရေမှတ်အထက်လည်းကောင်း၊ ဧရာဝတီမြစ်ရေသည် ပခုက္ကူမြို့တွင် စိုးရိမ်ရေမှတ်အထက်သို့ သုံးပေခွဲကျော်ခန့် ကျော်လွန်ရောက်ရှိနေပြီး အဆိုပါမြစ်ရေသည် လာမည့်တစ်ရက်အတွင်း ပေဝက်ခန့် ကျဆင်းလာနိုင်ကာ စိုးရိမ်ရေမှတ်အထက်လည်းကောင်း၊ ဧရာဝတီမြစ်ရေသည် ညောင်ဦးမြို့တွင် စိုးရိမ်ရေမှတ်အထက်သို့ လေးပေခွဲကျော်ခန့် ကျော်လွန်ရောက်ရှိနေပြီး အဆိုပါမြစ်ရေသည် လာမည့်တစ်ရက်အတွင်း ပေဝက်ခန့် ကျဆင်းလာနိုင်ကာ စိုးရိမ်ရေမှတ်အထက်လည်းကောင်း၊ ဧရာဝတီမြစ်ရေသည် ချောက်မြို့တွင် စိုးရိမ်ရေမှတ်အထက်သို့ တစ်ပေခွဲခန့် ကျော်လွန်ရောက်ရှိနေပြီး အဆိုပါမြစ်ရေသည် လာမည့်တစ်ရက်အတွင်း ပေဝက်ခန့် ကျဆင်းလာနိုင်ကာ စိုးရိမ်ရေမှတ်အထက်လည်းကောင်း၊ ဧရာဝတီမြစ်ရေသည် မင်းဘူးမြို့တွင် စိုးရိမ်ရေမှတ်အထက်သို့ သုံးပေခန့် ကျော်လွန်ရောက်ရှိနေပြီး အဆိုပါမြစ်ရေသည် လာမည့်တစ်ရက်အတွင်း သုံးလက်မခန့် ကျဆင်းလာနိုင်ကာ စိုးရိမ်ရေမှတ်အထက်လည်းကောင်း အသီးသီးဆက်လက်တည်ရှိနိုင်ကြောင်း သိရသည်။

အလားတူ ဧရာဝတီမြစ်ရေသည် မကွေးမြို့တွင် စိုးရိမ်ရေမှတ်အထက်သို့ နှစ်ပေခွဲခန့် ကျော်လွန်ရောက်ရှိနေပြီး အဆိုပါမြစ်ရေသည် လာမည့်တစ်ရက်အတွင်း သုံးလက်မခန့် ကျဆင်းလာနိုင်ကာ စိုးရိမ်ရေမှတ်အထက်လည်းကောင်း၊ ဧရာဝတီမြစ်ရေသည် အောင်လံမြို့တွင် စိုးရိမ်ရေမှတ်အထက်သို့ နှစ်ပေခန့် ကျော်လွန်ရောက်ရှိနေပြီး အဆိုပါမြစ်ရေသည် လာမည့်သုံးရက်အတွင်း စိုးရိမ်ရေမှတ်အထက်လည်းကောင်း၊ ဧရာဝတီမြစ်ရေသည် ပြည်မြို့တွင် စိုးရိမ်ရေမှတ်အထက်သို့ တစ်ပေခွဲခန့် ကျော်လွန်ရောက်ရှိနေပြီး အဆိုပါမြစ်ရေသည် လာမည့်တစ်ရက်အတွင်း နှစ်လက်မခန့် မြင့်တက်လာနိုင်ကာ စိုးရိမ်ရေမှတ်အထက်လည်းကောင်း၊ ဧရာဝတီမြစ်ရေသည် ဆိပ်သာမြို့တွင် စိုးရိမ်ရေမှတ်အထက်သို့ လေးပေခန့် ကျော်လွန်ရောက်ရှိနေပြီး အဆိုပါမြစ်ရေသည် လာမည့်တစ်ရက်အတွင်း ပေဝက်ခန့် မြင့်တက်လာနိုင်ကာ စိုးရိမ်ရေမှတ်အထက်လည်းကောင်း၊ ဧရာဝတီမြစ်ရေသည် ဟင်္သာတမြို့တွင် စိုးရိမ်ရေမှတ်အထက်သို့ သုံးပေခန့် ကျော်လွန်ရောက်ရှိနေပြီး အဆိုပါမြစ်ရေသည် လာမည့်တစ်ရက်အတွင်း ပေဝက်ခန့် မြင့်တက်လာနိုင်ကာ စိုးရိမ်ရေမှတ်အထက်လည်းကောင်း၊ ဧရာဝတီမြစ်ရေသည် ဇလွန်မြို့တွင် စိုးရိမ်ရေမှတ်အထက်သို့ နှစ်ပေကျော်ခန့် ကျော်လွန်ရောက်ရှိနေပြီး အဆိုပါမြစ်ရေသည် လာမည့်တစ်ရက်အတွင်း တစ်ပေခန့် မြင့်တက်လာနိုင်ကာ စိုးရိမ်ရေမှတ်အထက်လည်းကောင်း အသီးသီးဆက်လက်တည်ရှိနိုင်ကြောင်း သိရသည်။

ချင်းတွင်းမြစ်ရေသည် ဟုမ္မလင်းမြို့တွင် စိုးရိမ်ရေမှတ်အထက်သို့ နှစ်ပေကျော်ခန့် ကျော်လွန်ရောက်ရှိနေပြီး အဆိုပါမြစ်ရေသည် လာမည့်နှစ်ရက်အတွင်း ယင်းမြို့၏ စိုးရိမ်ရေမှတ်အောက်သို့ ပြန်လည်ကျဆင်းနိုင်ကြောင်း၊ ဖောင်းပြင်မြို့တွင် စိုးရိမ်ရေမှတ်အထက် ငါးပေကျော်ခန့် ကျော်လွန်ရောက်ရှိနေပြီး အဆိုပါမြစ်ရေသည် လာမည့်တစ်ရက်အတွင်း တစ်ပေခန့် ကျဆင်းလာနိုင်ကာ ယင်းမြို့၏ စိုးရိမ်ရေမှတ်အထက် ဆက်လက်တည်ရှိနိုင်ကြောင်း သိရသည်။

ဆက်လက်၍ ချင်းတွင်းမြစ်ရေသည် မော်လိုက်မြို့တွင် စိုးရိမ်ရေမှတ်အထက်သို့ ငါးပေကျော်ခန့် ကျော်လွန်ရောက်ရှိနေပြီး အဆိုပါမြစ်ရေသည် လာမည့်တစ်ရက်အတွင်း တစ်ပေခွဲခန့် ကျဆင်းလာနိုင်ကာ စိုးရိမ်ရေမှတ်အထက်လည်းကောင်း၊ ကလေးဝမြို့တွင် စိုးရိမ်ရေမှတ်အထက်သို့ သုံးပေခန့် ကျော်လွန်ရောက်ရှိနေပြီး အဆိုပါမြစ်ရေသည် လာမည့်တစ်ရက်အတွင်း တစ်ပေခွဲခန့် ကျဆင်းလာနိုင်ကာ စိုးရိမ်ရေမှတ်အထက်လည်းကောင်း၊ မင်းကင်းမြို့တွင် စိုးရိမ်ရေမှတ်အထက်သို့ သုံးပေခွဲခန့် ကျော်လွန်ရောက်ရှိနေပြီး အဆိုပါမြစ်ရေသည် လာမည့်တစ်ရက်အတွင်း တစ်ပေခန့် ကျဆင်းလာနိုင်ကာ စိုးရိမ်ရေမှတ်အထက်လည်းကောင်း၊ မုံရွာမြို့တွင် စိုးရိမ်ရေမှတ်အထက်သို့ နှစ်ပေကျော်ခန့် ကျော်လွန်ရောက်ရှိနေပြီး အဆိုပါမြစ်ရေသည် လာမည့်တစ်ရက်အတွင်း ပေဝက်ခန့် ကျဆင်းလာနိုင်ကာ စိုးရိမ်ရေမှတ်အထက် ဆက်လက်တည်ရှိနိုင်ကြောင်း သိရသည်။

ဒုဋ္ဌဝတီမြစ်ရေသည် မြစ်ငယ်မြို့တွင် စိုးရိမ်ရေမှတ်အထက်သို့ ပေဝက်ကျော်ခန့် ကျော်လွန်ရောက်ရှိနေပြီး အဆိုပါမြစ်ရေသည် လာမည့်နှစ်ရက်အတွင်း စိုးရိမ်ရေမှတ်အောက်သို့ ပြန်လည်ကျဆင်းနိုင်ကြောင်း သိရသည်။

ငဝန်မြစ်ရေသည် ငါးသိုင်းချောင်းမြို့တွင် စိုးရိမ်ရေမှတ်အထက်သို့ ပေဝက်ခန့် ကျော်လွန်ရောက်ရှိနေပြီး အဆိုမြစ်ရေသည် လာမည့်တစ်ရက်အတွင်း ပေဝက်ခန့် မြင့်တက်လာနိုင်ကာ စိုးရိမ်ရေမှတ်အထက် ဆက်လက်တည်ရှိနိုင်ကြောင်း သိရသည်။

ယင်းအတွက်ကြောင့် စစ်ကိုင်း၊ မြင်းမူ၊ ပခုက္ကူ၊ ညောင်ဦး၊ ချောက်၊ မင်းဘူး၊ မကွေး၊ အောင်လံ၊ ပြည်၊ ဟင်္သာတ၊ ဇလွန်၊ ဟုမ္မလင်း၊ ဖောင်းပြင်၊ မော်လိုက်၊ ကလေးဝ၊ မင်းကင်း၊ မုံရွာ၊ မန္တလေး၊ ဆိပ်သာ၊ မြစ်ငယ်နှင့် ငါးသိုင်းချောင်းမြို့နယ်အတွင်းရှိ မြစ်ကမ်းအနီးနှင့် မြေနိမ့်ပိုင်းနေထိုင်သူများအနေဖြင့် အထူးသတိပြုနေထိုင်ကြရန် မိုးဇလက အသိပေးထားကြောင်း သိရသည်။

Most Read

Most Recent