အင်္ဂလန်အသင်းနည်းပြရာထူးမှ ဆောက်ဂိတ် နုတ်ထွက်သွားပြီးနောက် အသင်းနည်းပြသစ်အဖြစ် ဘရိုက်တန်နှင့် ချယ်လ်ဆီးနည်းပြဟောင်း ဂရေဟမ်ပေါ်တာ ရေပန်းအစားဆုံးဖြစ်နေ

အင်္ဂလန်အသင်းနည်းပြရာထူးမှ ဆောက်ဂိတ် နုတ်ထွက်သွားပြီးနောက် အသင်းနည်းပြသစ်အဖြစ် ဘရိုက်တန်နှင့် ချယ်လ်ဆီးနည်းပြဟောင်း ဂရေဟမ်ပေါ်တာ ရေပန်းအစားဆုံးဖြစ်နေ
Photos: AFP & Getty Images
Photos: AFP & Getty Images
Published 17 July 2024

 

အင်္ဂလန်အသင်းနည်းပြ ဆောက်ဂိတ် ရာထူးမှနုတ်ထွက်သွားပြီးနောက် အသင်းနည်းပြသစ်အဖြစ် ဘရိုက်တန်နှင့် ချယ်လ်ဆီးနည်းပြဟောင်း ဂရေဟမ်ပေါ်တာ က ရေပန်းအစားဆုံးဖြစ်လျက်ရှိကြောင်း သိရသည်။

ဆောက်ဂိတ်အနေဖြင့် ယူရိုပြိုင်ပွဲ နှစ်ကြိမ်ဆက်တိုက် ဗိုလ်လုပွဲတွင် အရေးနိမ့်ခဲ့ပြီးနောက် နှစ်ရက်အကြာတွင် ရာထူးမှ နုတ်ထွက်ခဲ့ခြင်းဖြစ်သည်။ အသက် ၅၃ နှစ်အရွယ်ရှိ ဆောက်ဂိတ်သည် အင်္ဂလန်အသင်း ကို ၂၀၁၆ ခုနှစ် ဒီဇင်ဘာလတွင် စတင်ကိုင် တွယ်ခဲ့ပြီး ရှစ်နှစ်တာကာလအတွင်း နိုင်ငံတကာပွဲပေါင်း ၁၀၂ ပွဲ ကိုင်တွယ်ခဲ့ကာ သူ၏ လက်ရှိစာချုပ်မှာ လာမည့်ဒီဇင်ဘာလတွင် သက်တမ်းကုန်ဆုံးမည်ဖြစ်ကြောင်း သိရသည်။ 

"အင်္ဂလိပ်လူမျိုးဖြစ်ရတာ ဂုဏ်ယူစရာ တစ်ခုပါပဲ။ အင်္ဂလန်အသင်းအတွက် ကစားခွင့်ရပြီး နည်းပြခွင့်ရတာကလည်း ကျွန်တော့် ဘဝမှာ ဂုဏ်ယူစရာဖြစ်ခဲ့တယ်။ ဒါတွေက ကျွန်တော့်အတွက် အရာအားလုံး အဓိပ္ပာယ် ရှိပါတယ်။ ကျွန်တော်ကလည်း အရာအားလုံး ပေးဆပ်ခဲ့ပါတယ်။ ဒါပေမဲ့ အခုချိန်မှာတော့ အပြောင်းအလဲတစ်ခုအတွက်၊ အခန်းကဏ္ဍသစ်တစ်ခုအတွက် ပြုလုပ်ရတော့မယ်"ဟု ဆောက်ဂိတ်က ပြောကြားခဲ့သည်။ 

ဆောက်ဂိတ်သည် ၁၉၆၆ ကမ္ဘာ့ဖလားပြိုင်ပွဲ ချန်ပီယံ ဆာအဲလ်ဖ်ရမ်ဆေးပြီးနောက် အင်္ဂလန်အသင်းကို မေဂျာပြိုင်ပွဲ ဗိုလ်လုပွဲသို့ ပို့ဆောင်ပေးနိုင်သည့် တစ်ဦးတည်းသောနည်းပြဖြစ်ပြီး မေဂျာဗိုလ်လုပွဲနှစ်ကြိမ် ပို့ဆောင်ပေးနိုင်သည့် ပထမဆုံးနည်းပြလည်း ဖြစ်ခဲ့သည်။  

ဆောက်ဂိတ်အနေဖြင့် အင်္ဂလန်အသင်းကို  ၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲတွင် ဆီမီးဖိုင်နယ် နှင့် ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲတွင် ကွာတား ဖိုင်နယ်အဆင့်ထိ ပို့ဆောင်ပေးထားခဲ့သည်။ FA အမှုဆောင်ချုပ်ဖြစ်သူ မာ့ခ်ဘူလင်ဟမ်က ဆောက်ဂိတ်၏နေရာကို အစားထိုးရန် အမြန်ဆုံးလုပ်ဆောင်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

William Hill မှ ထုတ်ပြန်ထားသည့်အင်္ဂလန်အသင်းနည်းပြသစ် ရေပန်းစားမှုတွင် လက်ရှိအသင်းလက်မဲ့ဖြစ်နေသည့် ဂရေဟမ်ပေါ်တာက ၁၁း၈ လေးဖြင့် ထိပ်ဆုံး မှ ဦးဆောင်နေလျက်ရှိကြောင်း သိရသည်။ ယူ-၂၁ အသင်းနည်းပြဖြစ်သူ ကာစလေက ၉း၄ လေး၊ နယူးကာဆယ်အသင်းနည်းပြဖြစ်သူ အက်ဒီဟောင်းက ၄း၁ လေး၊ အသင်းလက်မဲ့ဖြစ်နေသော နာမည်ကျော်နည်းပြများဖြစ်သည့် ပိုချက်တီနိုက ရး၁ လေး၊ ယာဂန်ကလော့ပ်က ၈း၁ လေး၊ တူဟယ်လ်က ၉း၁ လေး ဖြင့် အသီးသီးရှိနေသည်။

Most Read

Most Recent