အမေရိကန်နည်းပြရာထူးကို စိတ်မဝင်စားဟု ဂျက်ဆီမက်ရှ် ပြောကြား

အမေရိကန်နည်းပြရာထူးကို စိတ်မဝင်စားဟု ဂျက်ဆီမက်ရှ် ပြောကြား
Photo: X
Photo: X
Published 15 July 2024

၂၀၂၄ ကိုပါအမေရိကပြိုင်ပွဲတွင် ကနေဒါအသင်းကို ဆီမီးဖိုင်နယ်အဆင့်သို့ ပို့ဆောင်ပေးနိုင်ခဲ့သည့် အမေရိကန်နည်းပြ ဂျက်ဆီမက်ရှ်က အမေရိကန်လက်ရွေးစင်နည်းပြရာထူးကို စိတ်မဝင်စားကြောင်း ပြောကြားခဲ့သည်။

ကိုလံဘီယာအသင်းနှင့် ယှဉ်ပြိုင်ကစားခဲ့သည့် တတိယလုပွဲမတိုင်မီ ပြုလုပ်ခဲ့သော သတင်းစာရှင်းလင်းပွဲ၌ ဂျက်ဆီမက်ရှ်က ''ကျွန်တော် လက်ရှိအသင်းမှာ တကယ့်ကိုပျော်ရွှင်နေပါတယ်။ ဒီအသင်းကနေ ထွက်ခွာမှာမဟုတ်ပါဘူး။ အမေရိကန်အသင်းကို ကိုင်တွယ်ဖို့လည်း စိတ်မဝင်စားပါဘူး''ဟု ပြောကြားခဲ့သည်။ 

ဂျက်ဆီမက်ရှ်သည် ကနေဒါအသင်းနှင့် ၂၀၂၆ ခုနှစ်အထိ စာချုပ်ချုပ်ဆိုထားကြောင်း သိရသည်။

Most Read

Most Recent