လားရှိုးမြို့ပေါ်သို့ နေ့စဉ်နီးပါး ရှော့တိုက်ဒုံးများ ကျရောက်ပေါက်ကွဲလျက်ရှိပြီး လားရှိုး အထက ၅ အနီးသို့ ကျရောက်ပေါက်ကွဲမှုကြောင့် ဆရာ/ဆရာမ သုံးဦး သေဆုံး

လားရှိုးမြို့ပေါ်သို့ နေ့စဉ်နီးပါး ရှော့တိုက်ဒုံးများ ကျရောက်ပေါက်ကွဲလျက်ရှိပြီး လားရှိုး အထက ၅ အနီးသို့ ကျရောက်ပေါက်ကွဲမှုကြောင့် ဆရာ/ဆရာမ သုံးဦး သေဆုံး
လားရှိုးမြို့ ရပ်ကွက် ၁၀ ပေါ်သို့ ရှော့တိုက်ဒုံးကျရောက်ခဲ့ရာ နေအိမ်တစ်လုံး ပျက်စီးခဲ့သည်ကို တွေ့ရစဉ်
လားရှိုးမြို့ ရပ်ကွက် ၁၀ ပေါ်သို့ ရှော့တိုက်ဒုံးကျရောက်ခဲ့ရာ နေအိမ်တစ်လုံး ပျက်စီးခဲ့သည်ကို တွေ့ရစဉ်
Published 13 July 2024

လားရှိုးမြို့ပေါ်သို့ ရှော့တိုက်ဒုံးများ ကျရောက်ပေါက်ကွဲလျက်ရှိပြီး လားရှိုး အထက ၅ အနီးသို့ ကျရောက်ပေါက်ကွဲမှုကြောင့် ဆရာ/ဆရာမ အပါအဝင် သုံးဦး သေဆုံးခဲ့ကြောင်း လားရှိုးမြို့ခံအချို့က ပြောကြားသည်။

ဇူလိုင် ၁၂ ရက် ညနေပိုင်းတွင် လားရှိုး အထက ၅ အနီးသို့ ရှော့တိုက်ဒုံးကျရောက် ပေါက်ကွဲခဲ့ရာ ဆရာ/ဆရာမ အပါအဝင် သုံး ဦးသေဆုံးခဲ့ခြင်းဖြစ်သည်။

“အဲ့ဒီကျောင်းက ခလရ ၆၂၆ နဲ့ဆို ဝန်း တစ်ခုထဲမှာရှိတယ်လို့ ပြောလို့ ရတယ်။ကျောင်းနဲ့ ကားလမ်းမတစ်ဖက်ခြမ်းမှာ လားရှိုး ထောက်ပို့တပ်ရှိတယ်။ ကျောင်းကတော့ စဖြစ် ကတည်းက ပိတ်ထားတာ။ အခုက ဆရာ/ ဆရာမတွေ နေတဲ့အဆောင်နားကို ကျတာလို့ သိရတယ်” ဟု လားရှိုးမြို့ခံတစ်ဦးက ပြော ကြားသည်။

အဆိုပါ ရှော့တိုက်ဒုံးမှာ MNDAA နှင့် TNLA အဖွဲ့က ပစ်ခတ်လိုက်ခြင်းဖြစ်သည်ဟု လားရှိုးမြို့ခံတစ်ဦးက ပြောကြားသည်။

တပ်မတော်နှင့် MNDAA အကြား ဇူလိုင်လဆန်းပိုင်းမှစတင်ကာ လားရှိုးမြို့အနီး တွင် တိုက်ပွဲများ ဖြစ်ပွားနေခြင်းဖြစ်သည်။

ယင်းသို့တိုက်ပွဲများ ဖြစ်ပွားနေစဉ်အ တွင်း နေ့စဉ်နီးပါး လားရှိုးမြို့ပေါ်သို့ ရှော့တိုက် ဒုံးများ လူနေရပ်ကွက်များအတွင်းသို့ မကြာခဏ ကျရောက်ပေါက်ကွဲခဲ့သဖြင့် ဒေသခံများ ထိခိုက်သေဆုံးမှုများရှိနေသည်။

ဇူလိုင် ၁၃ ရက် နံနက်တွင်လည်း လားရှိုး ရပ်ကွက် ၁၀ အနီးသို့ မကြာခဏကျရောက် ပေါက်ကွဲမှုများရှိနေသည်ဟု လားရှိုးမြို့ခံတစ် ဦးက ပြောကြားသည်။

“ဒီနေ့မနက်တင် ကျတာ မနည်းဘူး။ ရပ်ကွက် ၁၀ ကိုအများဆုံးကျတယ်။ ထိခိုက် သေဆုံးတာတော့ မသိရသေးဘူး ”  ဟု လားရှိုး မြို့ခံတစ်ဦးက ပြောကြားသည်။

ဇူလိုင် ၁၂ ရက်တွင်လည်း ရပ်ကွက်၁ နယ်မြေ ၁ ပါရမီလမ်းသွယ် ၃ လမ်းသို့ ရှော့တိုက်ဒုံး ကျရောက်ပေါက်ကွဲခဲ့သည်။

ဇူလိုင် ၁၁ ရက်တွင်လည်း လားရှိုးမြို့ အထက ၁ အနောက်ဘက်တွင် ရှော့တိုက်ဒုံး လေးလုံးနှင့် လားရှိုးတက္ကသိုလ်အနီး ညောင် ပင်ရှေ့သို့ ရှော့တိုက်ဒုံးတစ်လုံး ကျရောက်ကာ ပေါက်ကွဲခဲဲ့သည်။

တိုက်ပွဲများကြောင့် လားရှိုးဒေသခံများ ဆက်လက်တိမ်းရှောင်နေကြပြီး တစ်ဦးလျှင် ကားခ ကျပ် ငါးသိန်းကျော်အထိ ရှိနေကြောင်း လားရှိုးမြို့ခံအချို့ထံမှ သိရသည်။

ဇူလိုင်လဆန်းပိုင်းက ရှော့တိုက်ဒုံးများ လားရှိုးမြို့ပေါ်ရှိ နေရာအချို့သို့ ကျရောက် ပေါက်ကွဲမှုကြောင့် လူ ၁၀ ဦးထက်မနည်း သေဆုံးခဲ့သည်ဟု မြို့ခံများ၏ ပြောကြားချက် များအရ သိရသည်။

လားရှိုးမြို့အနီး တိုက်ပွဲများ ဖြစ်ပွားလာ မှုကြောင့် ဒေသခံများမှာ ဇူလိုင် လဆန်းပိုင်းမှ စတင်ကာ အခြားဒေသများသို့ ပြောင်း ရွှေ့ လျက်ရှိသည်။

ယင်းသို့ ပြောင်းရွှေ့ရာတွင် မော်တော် ယာဉ်များတွင် အလံဖြူထောင်က ပြောင်းရွှေ့ နေရခြင်းဖြစ်သည်ဟု လားရှိုးဒေသခံများက ပြောကြားသည်။

လားရှိုးမြို့မှ ဒေသခံအများအပြား အ ခြားမြို့များသို့ ထွက်ခွာနေမှုကြောင့် လားရှိုး- မန္တလေး ပြည်ထောင်စုကားလမ်းမကြီးပေါ်ရှိ စဥ့်အင်ဖောင်ဆိပ်တွင် ဖောင်ဖြင့် ကမ်းကူးရန် စောင့်ဆိုင်းနေကြရသည့် ကားတန်းမှာ ယာဉ် စီးရေ ထောင်ချီအထိရှိနေသည်။

အွန်လိုင်းလိမ်လည်မှုကို တိုက်ဖျက်ရန် အကြောင်းပြ၍ MNDAA နှင့် TNLA အဖွဲ့ က နယ်မြေချဲ့ထွင် တိုက်ခိုက်မှုများလုပ်ဆောင်နေကြောင်း နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော် မင်းထွန်းက ပြောကြားထားသည်။

“ဇူလိုင် ၃ ရက်မှာ MNDAA ပူးပေါင်း အဖွဲ့ဟာ လားရှိုးမြို့ဝန်းကျင်ကို စတင်တိုက် ခိုက်ခဲ့ပြီး လားရှိုးမြို့ထဲကို ရှော့တိုက်ဒုံးတွေ၊ ဒရုန်းတွေနဲ့ Drop bomb ချ တိုက်ခိုက်တာ တွေကို နေ့စဉ် ပစ်ခတ်တိုက်ခိုက်ခဲ့ပါတယ်” ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြား သည်။

ထို့ပြင် TNLA အဖွဲ့သည် နမ့်ခမ်း၊ သိန္နီ၊ ကွတ်ခိုင်မြို့များကိုလည်း တစ်ပြိုင်နက်တည်း နှောင့်ယှက်တိုက်ခိုက်မှုများ ပြုလုပ်ခဲ့သလို သိန္နီ၊ ကွမ်လုံမြို့နှင့် လောက်ကိုင်မြို့ တစ်ဝိုက် ကိုလည်း စတင်တိုက်ခိုက်ခဲ့ကြောင်း၊ ဒီဇင် ဘာ ၂၂ ရက်တွင်  TNLA အဖွဲ့သည် မန်တုံ ဒေသတစ်ဝိုက်ကို တိုက်ခိုက်ခဲ့ပြီး နမ္မတူဒေ သနှင့် နမ္မတူမြို့ကိုလည်း TNLA ပူး ပေါင်း အဖွဲ့များက တိုက်ခိုက်ခဲ့ကြောင်း ဗိုလ်ချုပ် ဇော်မင်းထွန်းက ပြောကြားသည်။

Most Read

Most Recent