■ အန်ကယ်တီယာကို မာဆေးလ်အသင်း ခေါ်ယူလို

■ အန်ကယ်တီယာကို မာဆေးလ်အသင်း ခေါ်ယူလို
Photo: Getty Images
Photo: Getty Images
Published 12 July 2024

မာဆေးလ်အသင်းသည် မန်ယူအသင်းမှ အင်္ဂလန်တိုက်စစ်မှူး ဂရင်းဝုဒ်ကို ခေါ်ယူရန် ကြိုးပမ်းနေသည့်အပြင် အာဆင်နယ်အသင်းမှ အင်္ဂလန်တိုက်စစ်ကစားသမား အန်ကယ်တီယာကိုလည်း ခေါ်ယူရန် ဆန္ဒရှိနေကြောင်း သိရသည်။ 

အာဆင်နယ်အသင်းသည် အန်ကယ်တီယာကို ယခုနွေရာသီတွင် ရောင်းထုတ်ရန် စီစဉ်နေသော်လည်း ပြောင်းရွှေ့ကြေးကို ယူရိုသန်း(၄၀) ဝန်းကျင် ရရှိရန် လိုလားနေသည်။ 

မာဆေးလ်အသင်းက ၎င်းကို ယူရို(၂၅)သန်းဝန်းကျင်ဖြင့် ကမ်းလှမ်းရန် စီစဉ်နေခြင်းကြောင့် ငြင်းပယ်ခံရဖွယ်ရှိကြောင်း သိရသည်။

Most Read

Most Recent