ပယ်နယ်တီမကန်လိုခြင်း မဟုတ်ကြောင်း အင်္ဂလန်တိုက်စစ်ကစားသမား ဖိုဒန် ပြန်လည်ရှင်းလင်း

ပယ်နယ်တီမကန်လိုခြင်း မဟုတ်ကြောင်း အင်္ဂလန်တိုက်စစ်ကစားသမား ဖိုဒန် ပြန်လည်ရှင်းလင်း
Photo: AFP
Photo: AFP
Published 10 July 2024

 

အင်္ဂလန်တိုက်စစ်ကစားသမား ဖိုဒန်က ဆွစ်ဇာလန်နှင့် ကွာတားဖိုင်နယ်ပွဲတွင် ပယ်နယ်တီမကန်လိုခြင်းကြောင့် သူ့အား လူစားလဲခဲ့ရသည်ဟူသော သတင်းများကို ငြင်းဆန်ခဲ့သည်။ 

ပယ်နယ်တီတွင် ကံမကောင်းလေ့မရှိသည့် အင်္ဂလန်အသင်းသည် အဆိုပါပွဲ၌ ပါလ်မာ၊ ဘယ်လင်ဟမ်၊ ဆာကာ၊ တိုနေးနှင့် အာနိုးတို့ ကန်သွင်းသည့် ပယ်နယ်တီ ငါးလုံး စလုံး ဂိုးဝင်ခဲ့ပြီး ၅-၃ ဂိုးဖြင့် အနိုင်ရခဲ့သည်။ ယင်းပွဲတွင် အချိန်ပိုပြီးဆုံးရန် ငါးမိနစ်အလို$ ဖိုဒန်ကို အာနိုးလ် လူစားလဲခဲ့ခြင်းဖြစ်သည်။ 

ပွဲအပြီးတွင် အာနိုးလ်က သူ၏မိသားစုဝင်များကို အင်္ဂလန်ကစားသမားတစ်ဦး ပယ်နယ်တီ မကန်လိုခြင်းကြောင့် သူ လူစားဝင်ရခြင်း ဖြစ်ကြောင်း ပြောကြားမှုကို တစ်စုံတစ်ဦးကကြားပြီး မီဒီယာများသို့ ဖွင့်ချခဲ့သည်။ ဖိုဒန် နှင့် အာနိုးလ်ကို လူစားလဲခြင်းကြောင့် ယင်းကစားသမားမှာ ဖိုဒန်ဖြစ်လိမ့်မည်ဟု ယူဆခဲ့ကြသည်။ 

သို့သော် ဖိုဒန်က ကွင်းထဲတွင် သူ ဆက်ရှိနေလျှင် ပယ်နယ်တီကန်သွင်းဖြစ်မည်ဟု ပြောကြားကာ တုံ့ပြန်ခဲ့သည်။ "ကွင်းထဲမှာ ကျွန်တော် ဆက်ရှိနေရင် ပယ်နယ်တီ ကန်ဖြစ်မှာပါ။ အခုကန်သွင်းတဲ့ ကစားသမားတွေက သူတို့ကလပ်တွေမှာ ပုံမှန်ပယ်နယ်တီကန် နေသူတွေဖြစ်ပြီး ဒါက သဘာဝကျပါတယ်။ ဂါရတ် (ဆောက်ဂိတ်) ဟာ ကွင်းထဲမှာရှိတဲ့ အကောင်းဆုံး ပယ်နယ်တီကန်သူတွေပဲ ကန်ခိုင်းခဲ့တာပါ။ သူ့ရဲ့လုပ်ဆောင်ချက်အတွက် ကျွန်တော် ဝမ်းမြောက်မိပြီး ဒါက အလုပ်ဖြစ်ခဲ့ပါတယ်။ ပယ်နယ်တီကန်မှု ယုံကြည်မှုတစ်ခုဖြစ်ပြီး ဂိုးသွင်းနိုင်မယ်လို့ ယုံကြည်ရင် ပယ်နယ်တီကန်သူဖြစ်လာမှာ အသေအချာပါပဲ။ ကျွန်တော် ပြောခဲ့သလိုပဲ ပုံမှန်ပယ်နယ်တီ ကန်နေသူတွေက ကျွန်တော့်ထက် ပိုသင့်လျော်ပါတယ်"ဟု ဖိုဒန်က ပြောကြားခဲ့သည်။ 

ဖိုဒန်သည် ရီးယဲလ်အသင်းအား ပယ်နယ်တီ အဆုံးအဖြတ်ဖြင့် အရေးနိမ့်ခဲ့သည့်ပွဲတွင် အသင်းအတွက် ပယ်နယ်တီတစ်လုံး ကန်သွင်းပေးခဲ့သည်။

Most Read

Most Recent