ရုရှားကဒုံးကျည်များ အတွဲလိုက်ပစ်၍တိုက်ခိုက်သောကြောင့် ယူကရိန်းနိုင်ငံတစ်ဝန်းတွင် လူ ၃၁ ဦးသေဆုံးပြီး ကိယက်ဗ်ကလေး ဆေးရုံဆိုးရွားစွာ ပျက်စီး

ရုရှားကဒုံးကျည်များ အတွဲလိုက်ပစ်၍တိုက်ခိုက်သောကြောင့် ယူကရိန်းနိုင်ငံတစ်ဝန်းတွင် လူ ၃၁ ဦးသေဆုံးပြီး ကိယက်ဗ်ကလေး ဆေးရုံဆိုးရွားစွာ ပျက်စီး
Photos:AFP,Reuters
Photos:AFP,Reuters
Published 9 July 2024

ရုရှားက ဇူလိုင်၈ ရက်နံနက်စောစောပိုင်း၌ ဒုံးကျည်များဖြင့်အဆက်မပြတ် ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းကြောင့် ယူကရိန်းနိုင်ငံတစ်ဝန်း လူ ၃၁ ဦးသေဆုံးသွားချိန်တွင် ယူကရိန်ူမြို့တော်ကိယက်ဗ်ရှိ ကလေးဆေးရုံသည် ရုရှားတိုက်ခိုက်မှုများကြောင့် ဆိုးဆိုးရွားရွား ပျက်စီးသွားခဲ့သည်။

နေ့ခင်းဘက် ရှားရှားပါးပါး တိုက်ခိုက်မှုကြောင့် ကိယက်ဗ်တွင် အနည်းဆုံး လူ ၁၇ ဦးသေဆုံးသွားခဲ့သည်။ ထိုသေဆုံးသွားသူများထဲတွင် Ohmatdyt ကလေးဆေးရုံ၌ သေဆုံးသူ နှစ်ဦးပါဝင်သည်။

ယူကရိန်းအလယ်ပိုင်း ခရီဗိုင်းရီတွင် အနည်းဆုံး ၁၀ ဦးသေဆုံးသွားသည်ဟု ယင်းမြို့၏ စစ်အုပ်ချုပ်ရေးဌာနအကြီးအကဲက ပြောကြားခဲ့ပြီး ပေါ့ဗရိုစကီးတွင်သုံးဦး၊ နီပရိုတွင် တစ်ဦး အသီးသီးသေဆုံးသွားခဲ့သည်ဟု ပြောကြားခဲ့သည်။

လုံခြုံရေးသဘောတူစာချုပ်ကို လက်မှတ်ရေးထိုးခဲ့သည့် ပိုလန်နိုင်ငံကို ရောက်နေသော ယူကရိန်းသမ္မတ ဗိုလိုဒီမာဇယ်လန်းစကီးက လက်စားချေမည်ဟု ပြောကြားခဲ့သည်။

"ကိယက်ဗ်၊နီပရို၊ ခရီဗီရီ၊ ဆလိုဗီယန်ဆစ်၊ ခရာမာတော့စတဲ့မြို့တွေမှာ ဒုံးကျည်အမျိုးအစား ၄၀ ကျော်ဟာ လူနေအဆောက်အအုံတွေ၊ လမ်းတံတားတွေ၊ ကလေးဆေးရုံတစ်ခုတို့ကို ဆိုးရွားစွာ ပျက်စီးစေခဲ့ပါတယ်"ဟု ဇယ်လန်းစကီးက အစောပိုင်းတွင် ဆိုရှယ်မီဒီယာ၌ ရေးသားခဲ့သည်။

"ဒုံးကျည်ထိမှန်တဲ့အခိုက်အတန့်ဟာ ရုပ်ရှင်ထဲကအတိုင်းပါပဲ။ လင်းထိန်သွားတယ်။ပြီးတော့ ကျယ်လောင်တဲ့ အသံထွက်လာတယ်"ဟု ကလေးဆေးရုံက ‌ဆရာဝန်လက်စီယာလီဆက်ရှားက BBC ကိုပြောသည်။ ဆေးရုံသည် ၆၀-၇၀ ရာခိုင်နှုန်းပျက်စီးသွားဟု ဆိုသည်။

Ref:BBC

 

Most Read

Most Recent