■ စပိန်ကို အနိုင်ရရှိပါက ဂျော်ဂျီယာအသင်း ဆုကြေး ပေါင်(၈)သန်းကျော် ရရှိမည်     

■ စပိန်ကို အနိုင်ရရှိပါက ဂျော်ဂျီယာအသင်း ဆုကြေး ပေါင်(၈)သန်းကျော် ရရှိမည်     
Published 28 June 2024

ဂျော်ဂျီယာအသင်းသည် စပိန်ကို အနိုင်ရရှိပါက ဆုကြေး ပေါင်(၈)သန်းကျော် ရရှိမည်ဖြစ်ကြောင်း သိရသည်။ 

ဂျော်ဂျီယာနိုင်ငံ၏ ဝန်ကြီးချုပ်ဟောင်းဖြစ်သည့် ဘီလျံနာ ဘစ်ဇီနာအီဗန်နစ်ရှ်ဗီလီက ဂျော်ဂျီယာအသင်းအနေဖြင့် ပေါ်တူဂီအသင်းကို အနိုင်ယူကာ ယူရို-၂၀၂၄ ပြိုင်ပွဲတွင် ရှုံးထွက်(၁၆)သင်းအဆင့်သို့ တက်ရောက်နိုင်ခဲ့သဖြင့် အလွန်အားရကျေနပ်နေသည်။ 

ထို့ကြောင့် ၎င်းက ဂျော်ဂျီယာအသင်းအနေဖြင့် ရှုံးထွက် (၁၆)သင်းအဆင့်တွင် စပိန်အသင်းကို ထပ်မံအနိုင်ရခဲ့ပါက ဆုကြေးချီးမြှင့်မည်ဟု ကတိပြုခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ 

၎င်း ချီးမြှင့်မည့် ဆုကြေးငွေပမာဏမှာ ဂျော်ဂျီယာငွေကြေးဖြင့် သန်း(၃၀)၊ ပေါင်ငွေဖြင့်ဆိုပါက ပေါင်(၈.၄)သန်းဖြစ်ကြောင်း သိရသည်။ 

၎င်းသည် ပေါင်(၄)ဘီလီယံနီးပါး ချမ်းသာကြွယ်ဝသူဖြစ်ကြောင်းလည်း သိရသည်။