အင်ဒိုနီးရှားတွင် သစ်တောပြုန်းတီးမှုကို ကာကွယ်နေကြသော အမျိုးသမီးတောခေါင်းများ

အင်ဒိုနီးရှားတွင် သစ်တောပြုန်းတီးမှုကို ကာကွယ်နေကြသော အမျိုးသမီးတောခေါင်းများ
Published 9 June 2024

အင်ဒိုနီးရှားနိုင်ငံ အက်ချ်ပြည်နယ်ရှိ မီးတောင်တစ်တောင်၏ တောင်ခြေတွင်တည်ရှိသော စိမ်းလန်းသည့် တောအုပ်တစ်အုပ်တွင်   အမျိုးသမီးတောခေါင်းခုနစ်ဦးသည် ခြေလျင်လျှောက်ကာ ကင်းလှည့်နေကြသည်။

“ဘယ်သွားမလို့လဲ။ ဘာလုပ်မလို့လဲ”ဟု ၎င်းတို့နောက်တွင် စိုက်ခင်းသုံးပစ္စည်းများဖြင့် လျှောက်လှမ်းလာ သော အမျိုးသားတစ်ဦးကို မေးမြန်းခဲ့သည်။“ဘယ်ကိုပဲသွားသွား သစ်ပင်တွေကိုတော့ မခုတ်ဖို့ အမြဲအမှတ် ရနေပါနော်”ဟု ၎င်းတို့က ထိုအမျိုးသားကို မှာကြားခဲ့သည်။

ရင်းနှီးဖော်ရွေစွာ ပြောဆိုဆက်ဆံမှုသည် အမျိုးသမီးများဦးဆောင်သည့် တောခေါင်းအဖွဲ့၏ နည်းဗျူဟာ တစ်ရပ်ဖြစ်ပြီး ၎င်းတို့သည် သစ်တောများကို မှီခိုနေရသော ကျေးရွာများအတွက် သစ်တောပြုန်းတီးမှုမှ ကာကွယ်ပေးရန် လုပ်ဆောင်လျက်ရှိသည်။

နှစ်ပေါင်းများစွာ ကင်းလှည့်မှုကြောင့် သစ်တောပြုန်းတီးမှု သိသိသာသာ လျော့ကျခဲ့ပြီးနောက် လက်ရှိတွင် တောခေါင်းများသည် အင်ဒိုနီးရှားတစ်ဝန်းရှိ အခြားသစ်တောများကို ကာကွယ်ရန် နောက်ထပ်အမျိုးသမီးများ ဦးဆောင်သည့် တောခေါင်းများကို ၎င်းတို့၏ မဟာဗျူဟာများ မျှဝေပေးလျက်ရှိသည်။

အီကွေတာကို ဖြတ်၍ကျယ်ပြန့်သော အပူပိုင်းဒေသ ကျွန်းစုတစ်ခုဖြစ်သည့် အင်ဒိုနီးရှားသည် ကမ္ဘာ့ တတိယအကြီးဆုံး မိုးသစ်တောတည်ရှိရာ နေရာဖြစ်ပြီး မျိုးတုံးနိုင်သည့် အန္တရာယ်ရှိသော တောရိုင်း တိရစ္ဆာန်များနှင့် အပင်မျိုးစိတ်မျိုးစုံတည်ရှိသည်။

၁၉၅၀ ပြည့်နှစ်နောက်ပိုင်း ဂျာမနီနိုင်ငံ အရွယ်အစား၏ နှစ်ဆဖြစ်သော အင်ဒိုနီးရှားမိုးသစ်တော၏ စတုရန်းကီလိုမီတာ ၇၄၀,၀၀၀ ကျော်သည် စားအုန်းဆီ၊စက္ကူနှင့် ရော်ဘာစိုက်ခင်းများ၊နီကယ်သတ္တု တူးဖော်ရေးနှင့် အခြားကုန်ပစ္စည်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် သစ်ခုတ်ခြင်း၊ မီးရှို့ခြင်းသို့မဟုတ် ပျက် စီးယိုယွင်းခြင်းတို့ရှိခဲ့ကြောင်း ကမ္ဘာ့သစ်တောစောင့်ကြည့်ရေးက ထုတ်ပြန်ခဲ့သည်။ လတ်တလောနှစ်များ အတွင်း သစ်တောပြုန်းတီးမှုများ နှေးကွေးလာသော်လည်းဆက်လက် ဖြစ်ပွားလျက်ရှိသည်။

အရှေ့တောင်အာရှရှိ အပူပိုင်းမိုးသစ်တော၏ အကျယ်ပြန့်ဆုံးနေရာများမှ တစ်ခုနှင့်နယ်နိမိတ်ချင်း ထိစပ်နေသည့် ဒါမာရန်ဘာရူတွင် ရွာသားအများစုသည် ၎င်းတို့၏ အသက်ရှင်ရပ်တည်ရေးအတွက် သစ် တောကို မှီခိုအားထားနေရသည်။

လယ်သမားများသည် တောင်စောင်းရှိ စိုက်ခင်းများမှ ကော်ဖီများကို ရိပ်သိမ်းကြပြီး တောင်စောင်းမှ စီးဆင်းလာသော ရေသည်ရွာသားများအတွက် သောက်သုံးရန်နှင့်ချက်ပြုတ်ရန် ရေကို ထောက်ပံ့ကူညီလျက် ရှိသည်။

သို့သော် တာဝန်မဲ့လယ်ယာ စိုက်ပျိုးခြင်းနှင့် သစ်တောသယံဇာတများကို အလွဲသုံးစားလုပ်ခြင်းတို့မှ စည်းကမ်းမဲ့ သစ်တောပြုန်းတီးမှုသည် ဆိုးရွားသော အကျိုးဆက်များကို ဖြစ်ပေါ်စေခဲ့သည်ဟု ရွာသား တစ်ဦးဖြစ်သည့် ဆူမီနီကဆိုသည်။

၂၀၁၅ ခုနှစ်တွင် သည်းထန်စွာ ရွာသွန်းသောမိုးကြောင့် ကျေးရွာတွင် ရေကြီးရေလျှံမှုများဖြစ်ပွားခဲ့ကာ လူပေါင်းရာချီ ဘေးလွတ်ရာ ရွှေ့ပြောင်းခဲ့ရသည်။ရေပြန်ကျသွားသော အချိန်တွင် သစ်တောအတွင်းသို့ သွားရောက်ကြည့်ရှုရာတွင် ရွာ၏ သစ်ပင်ဖြင့် ပြည့်နေသောရေဝေ ကုန်းတန်းသည် တရားမဝင်ခုတ်လှဲ ခံထားရသည်ကို တွေ့ရှိခဲ့သည်ဟု ဆိုသည်။”ကျွန်မဒါကို တွေ့ပြီး နောက်သိလိုက်ရတာက ဒီအရာဟာ မြေပြိုမှုတွေနဲ့ သဘာဝဘေးအန္တရာယ်ကို ဖြစ်စေတယ်ဆိုတာပါပဲ”ဟုဆူမီနီက ဆိုသည်။

၏နောက်ထပ်အတွေးတစ်ရပ်မှာ အမျိုးသမီးဦးဆောင်သည့် ကင်းလှည့်အဖွဲ့ကို ဖန်တီးရန်ဖြစ် သည်ဟုဆိုသည်။“အမျိုးသမီးတစ်ယောက်အနေနဲ့ ကျွန်မတို့ဘာလုပ်ဖို့ လိုအပ်မလဲ။ကျွန်မတို့ နှုတ်ဆိတ် နေရမှာလား ဒါမှမဟုတ် ကျွန်မတို့ ရောမပါဝင်နိုင်ဘူးလာ” ဟု ဆိုသည်။

ကင်းလှည့်မှုစတင်ရန်ရွာထဲရှိ အမျိုးသမီးများကို ဆော်သြခဲ့ပြီးနောက် ဆူမီနီသည်ရှရီးယား ဥပဒေအောက်တွင် ထုံးတမ်းဓလေ့၏ ကန့်ကွက်မှုနှင့်ကြုံတွေ့ခဲ့သည်။သို့သော်ရွာခေါင်းဆောင်များနှင့် အမျိုးသမီးများ၏ခင်ပွန်း ဖြစ်သူတို့ကို ဖျောင်းဖျခဲ့ပြီးနောက် ဆူမီနီသည်အမျိုးသမီးဦးဆောင်သည့် ကင်းလှည့်အဖွဲ့ကို ဖွဲ့စည်းရန် အာမခံချက်ရရှိခဲ့သည်။“တောထဲမှာတော့အကြမ်းဖက်မှု မရှိသလောက်ပါပဲ။တောခေါင်းတွေက လူတွေကိုဖမ်းဖို့ အာဏာမရှိပေမယ့် အာဏာပိုင်တွေဆီ တိုင်ကြားနိုင်ပါတယ်”ဟုဆူမီနီက ပြောပြခဲ့သည်။                    

Ref:AP

Most Read

Most Recent