■ နက်စတာကို နည်းပြသစ်အဖြစ် ခန့်အပ်ရန် မွန်ဇာအသင်း သဘောတူညီမှုရရှိ     

■ နက်စတာကို နည်းပြသစ်အဖြစ် ခန့်အပ်ရန် မွန်ဇာအသင်း သဘောတူညီမှုရရှိ     
Published 7 June 2024

မွန်ဇာအသင်းသည် အီတလီလက်ရွေးစင်နောက်ခံလူဟောင်း နက်စတာကို နည်းပြသစ်အဖြစ် ခန့်အပ်ရန် နှုတ်အားဖြင့် သဘောတူညီမှုရရှိခဲ့ပြီဖြစ်ကြောင်း သိရသည်။ 

မွန်ဇာအသင်းသည် ပြီးခဲ့သည့်ရာသီတွင် လက်တွဲခဲ့သော နည်းပြ ပယ်လာဒီနိုနှင့် ယခုနွေရာသီတွင် စာချုပ်သက်တမ်း ကုန်ဆုံးမည်ဖြစ်သည်။ 

ထို့ကြောင့် မွန်ဇာအသင်းသည် နည်းပြသစ်ရှာဖွေနေရာ ယခုအခါ နက်စတာနှင့် သဘောတူညီမှု ရရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ 

နက်စတာ(၄၈ နှစ်)သည် ပြီးခဲ့သည့်ရာသီက စီးရီးဘီကလပ် ရက်ဂျီးနားအသင်းကို ကိုင်တွယ်ခဲ့သူဖြစ်သည်။

Most Read

Most Recent