ဘာစီလိုနာဝါရင့်တိုက်စစ်မှူး လီဝန်ဒေါစကီးက မိမိတို့အသင်းအနေဖြင့် ရီးယဲလ်မက်ဒရစ်အသင်းလို ကောင်းကောင်းမကစားနိုင်ချိန်တွင် အနိုင်ကစားနိုင်ရန် လိုအပ်ကြောင်း ပြောကြားခဲ့သည်။
ဘာစီလိုနာအသင်းသည် ယခုရာသီတွင် လာလီဂါချန်ပီယံဆုကို လက်လွှတ်ခဲ့ရသလို၊ ချန်ပီယံလိဂ်ပြိုင်ပွဲတွင် ကွာတားဖိုင်နယ်မှထွက်ခွာခဲ့ရသည်။
လီဝန်ဒေါစကီးက ''လာလီဂါမှာဆိုရင် ရီးယဲလ်အသင်းက ကောင်းကောင်းမကစားနိုင်ဘဲ အနိုင်ရသွားတဲ့ပွဲတွေ ရှိပါတယ်။ ကျွန်တော့်တို့အနေနဲ့ အဲဒီအနေအထားမှာ တိုးတက်ဖို့ လိုအပ်တယ်လို့ ကျွန်တော် ထင်ပါတယ်''ဟု ပြောကြားခဲ့သည်။