တန်းဆင်းရတော့မည်ဖြစ်၍ ပရိသတ်များကို လူတန်နည်းပြ တောင်းပန်

တန်းဆင်းရတော့မည်ဖြစ်၍ ပရိသတ်များကို လူတန်နည်းပြ တောင်းပန်
Photo: X
Photo: X
Published 13 May 2024

လူတန်အသင်း၏နည်းပြ ရော့ဘ်အက်ဒ်ဝပ်စ်က ပရီးမီးယားလိဂ်မှ လိဂ်ချန်ပီယံရှစ်သို့ တန်းဆင်းရတော့မည်ဖြစ်၍ ဝက်စ်ဟမ်းအသင်းအား (၁-၃)ဂိုးဖြင့် ရှုံးနိမ့်ခဲ့သည့်ပွဲအပြီးတွင် ပရိသတ်များကို တောင်းပန်စကားဆိုခဲ့ကြောင်း သိရသည်။

ယခုတစ်ပတ် ပရီးမီးယားလိဂ်ပွဲစဉ်တွင် စပါးအသင်းအား ရှုံးနိမ့်ခဲ့သော ဘန်လေအသင်း ပရီးမီးယားလိဂ်မှ တန်းဆင်းရရန် အဖြေထွက်ခဲ့သလို၊ လူတန်အသင်းမှာလည်း ဂိုးကွာခြားချက်အရ တန်းဆင်းရရန် သေချာနေပြီဖြစ်သည်။

ထို့ကြောင့် ရော့ဘ်အက်ဒ်ဝပ်စ်က ''အားလုံးအတွက် ကျွန်တော် နာကျင်ခံစားရပါတယ်။ ပရိသတ်တွေက ခက်ခဲတဲ့အချိန်ကာလမှာ ကျွန်တော်နဲ့အတူ ရှိနေပေးခဲ့ကြတာပါ။ တကယ်စိတ်မကောင်းပါဘူး။ ကျေးဇူးလည်းတင်ပါတယ်''ဟု ပြောကြားခဲ့သည်။

Most Read

Most Recent