မန်စီးတီးအသင်းနည်းပြ ဂွါဒီယိုလာက အသင်းတိုက်စစ်မှူး ဟာလန်းအပေါ် မန်ယူဂန္ထဝင် ရွိုင်ကင်း ပြောဆိုခဲ့သည့်မှတ်ချက်အား သဘောမတူကြောင်း ပြောကြားခဲ့သည်။
မန်စီးတီး (၀-၀) အာဆင်နယ်ပွဲအပြီးတွင် ရွိုင်ကင်းက ဟာလန်းသည် League Two ကစားသမားအဆင့်သာရှိသည်ဟု ဝေဖန်ခဲ့သည်။
ယင်းဝေဖန်မှုနှင့်ပတ်သက်ပြီး ဂွါဒီယိုလာက ''ရွိုင်ကင်းရဲ့မှတ်ချက်ကို ကျွန်တော် သဘောမတူပါဘူး။ ဒါဟာ ကျွန်တော်က ရွိုင်ကင်းကို League Two ဒါမှမဟုတ် League Three နည်းပြအဆင့်ပဲ ရှိတယ်လို့ပြောသလိုပါပဲ။ ဒါကမဟုတ်ဘူးလေ''ဟုဆိုခဲ့သည်။
ဟာလန်းအပေါ် ရွိုင်ကင်းပြောဆိုခဲ့သည့်မှတ်ချက်ကို သဘောမတူဟု ဂွါဒီယိုလာ ပြောကြား
Most Read
Most Recent
21 min ago
21 min ago
5 hours ago