ဟဲဟိုးလွင်ပြင်ဒေသ ခရီးဆန့်မိခြင်း

ဟဲဟိုးလွင်ပြင်ဒေသ ခရီးဆန့်မိခြင်း
Published 24 March 2024

ဟဲဟိုးမြို့သည် ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောခရိုင်၊ ကလောမြို့နယ်တွင် တည်ရှိပြီး ပင်လယ်ရေမျက်နှာပြင်အထက် ပေပေါင်း ၃၅၀၀ ကျော် မြင့်မားသည်။

ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီး မြို့မှသွားလျှင် ဖြတ်သန်းရသော ကျေးရွာများ မှာ တောင်ကြီး၊ အောင်သပြေ၊ ရွှေညောင်၊ တောင်လေးလုံး၊ တောင်လေးလုံးတောင်ကို ဖြတ်ကျော်ပြီးလျှင် ဟဲဟိုးမြို့ကို ရောက်ရှိပေ မည်။

ဟဲဟိုးမြို့တွင်း မီးပွိုင့်မရောက်မီ (ကမ္ဘောဇဘဏ်) နေရာမှ ဘယ်ဘက်ကို ချိုး ကွေ့သွားရသော လမ်းအတိုင်း ဝင်သွားလျှင် ဘော်နင်းဒေသကို ရောက်ရှိနိုင်ပြီး မီးပွိုင့်မှ ညာဘက်လမ်းအတိုင်းသွားလျှင် ဘော်ဆိုင်း မြို့ကို ရောက်ရှိမည်ဖြစ်သည်။

၂၀၂၄ ခုနှစ် မတ်လ ၁၂ ရက်၌ ကျင်းပ သော (၁၅) ကြိမ်မြောက် တောင်ရိုးအမျိုးသား နေ့ အခမ်းအနားကို ကလောမြို့နယ်၊ ဘော် နင်းရွာသစ်၊ ခေတ်မီစံပြကျေးရွာတွင် ကျင်းပ ခြင်းဖြစ်သည်။ အဆိုပါ တောင်ရိုးအမျိုးသား နေ့ပွဲတော်တွင် လူနည်းစု ထနော့တိုင်းရင်း သားများလည်း တက်ရောက်လာကြသည်ကို မြင်တွေ့ရသည်။ ထိုအချိန်မှ ဘော်နင်းဒေသ ကို ထပ်မံရောက်ရှိခဲ့ခြင်းဖြစ်ပြီး ယခင်အကြိမ် များက အမှုမဲ့အမှတ်မဲ့သာဖြစ်ပြီး သတိမထား မိဘဲ ဖြစ်နေခြင်းဖြစ်သည်။

ဘော်နင်းရွာသစ်ကျောင်းတိုက်မှ ဦးပဥ္ဇင်း လေးနှစ်ပါး ပြောပြချက်အရ ဒေသတွင်း လည် ပတ်နိုင်သော နေရာများကို ထပ်မံ သိရှိရပြီး နောက်တစ်ကြိမ်မှ ထပ်မံလည်ပတ်မည်ဟု စိတ်ကူးထားခြင်းဖြစ်သည်။ ဦးပဥ္ဇင်းပြောပြသော နေရာများမှာ ဘော် နင်းကျောင်းတိုက်အတွင်းရှိ ဘော်နင်းရှေး ဘုရားနှင့် စော်ဘွားစေတီ ၊ ဘော်နင်းရွာအဝင် ရှိ ရွာနာမ်ဘုရား ၊ ၀ါးကြီးမြောင်ကျေးရွာတွင် ရှိသော မိဖုရားမတောင်၊ ဘော်နင်းမွေတော် ဘုရားဟုခေါ်သော မိုင်းလင်းဘုရားတို့ရှိ ကြောင်း သိရသည်။ ဘော်နင်းဒေသသည် စော် ဘွား အုပ်ချုပ်ခဲ့သောမြို့ဖြစ်ကြောင်း သိခဲ့ရ သည်။

တိုက်တိုက်ဆိုင်ဆိုင် အားလပ်ရက်တစ် ရက်တွင် ဘော်နင်းဒေသကို သွားရောက်လည် ပတ် လေ့လာခွင့်ရခဲ့သည်။ အဆိုပါလမ်းပိုင်း မှာ ဟဲဟိုးမြို့မှ ဘော်နင်းလမ်းခွဲအတိုင်း ငါးမိုင် နီးပါးဝင်ရောက်လျှင် ဘော်နင်းကျေးရွာကို ရောက်ရှိမည် ဖြစ်ကာ ဘော်နင်း-ဆူးပန်းအင်း -ကမ်းပါးနီ-သရက်ပုကျေးရွာပတ်လမ်းဖြစ်ပါ သည်။

ထိုလမ်းပိုင်းကို ပြည်ထောင်စုသမ္မတ ဂျာမနီနိုင်ငံ (KFW Bank) က လှူဒါန်းခြင်း ဖြစ်သည်။ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံ တော်၊ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ကျေး လက်လမ်း ဖွံ့ဖြိုးရေးဦးစီးဌာန ကျေးလက်ဒေ သ ဖွံ့ဖြိုးရေးအစီအစဉ် (အပိုင်း ၂/၃) ဘော် နင်း-ဆူးပန်းအင်း-ကမ်းပါးနီ-သရက်ပု ကတ္တ ရာ လမ်းဖောက်လုပ်ခြင်းလုပ်ငန်း၊ ကလော မြို့နယ်KLW -၂ လမ်းအရှည် ၁၂ ဒသမ ၄၈ ကီလိုမီတာဖြစ်သည်။ လုပ်ငန်း စတင်ဆောင် ရွက်သောနေ့ (၂၁-၇-၂၀၁၇) ဖြစ်ကာ ပြီးစီး သောနေ့ (၂၀-၇-၂၀၁၈) ဖြစ်ကြောင်း လမ်း အချက်အလက် ရေးသားဖော်ပြထားသော ကျောက်ပြားတွင် မြင်တွေ့ရသည်။

 

တိုင်းရင်းသားများ စုပေါင်းနေထိုင်ကြတဲ့ ဒေသ

ဘော်နင်းဒေသတစ်ဝိုက်ရှိ ကျေးရွာများ ၏ ထူးခြားချက်တစ်ခုမှာ တိုင်းရင်းသားပေါင်းစုံ စုပေါင်းနေထိုင်ကြခြင်းဖြစ်ကာ ရှေးယခင်က ပင် ရင်းနှီးချစ်ခင်စွာ အတူတကွ စုပေါင်းနေ ထိုင်လာကြသည်ဟု ဒေသခံတိုင်းရင်းသား များက ဆိုသည်။

ဘော်နင်းရွာသစ် စံပြကျေးရွာတွင် နေ ထိုင်ကြသော တိုင်းရင်းသားများမှာ တောင်ရိုး တိုင်းရင်းသား အများစုဖြစ်ကြပြီး ထနော့၊ ဓနု တိုင်းရင်းသားများလည်း နေထိုင်ကြကြောင်း သိရသည်။

ထို့ကြောင့် ဘော်နင်းဒေသတစ်ဝိုက်တွင် တောင်ရိုး၊ ဓနု၊ ထနော့၊ ပအိုဝ်း၊ အင်းသား၊ ဗမာ စသော တိုင်းရင်းသားများ စုပေါင်းနေ ထိုင်ကြခြင်း ဖြစ်ပေသည်။ ၁၈၉၇ ခုနှစ် လူဦး ရေ စာရင်းအရ (၁) တောင်ရိုး ၁၃၃၆၊ (၂) ပအိုဝ်း (၆၂၁) ၊ (၃) အင်းသား ၃၉၇၊ (၄) ဓနု ၄၀၈ ၊ (၅) ဓရဲ ၂၁၂ ၊  (၆) ရှမ်း ၁၅၉ ၊ (၇) ဓနော့ ၁၂၇၊ (၈) မြန်မာ ၁၂၊ စုစုပေါင်း နယ်တွင် လူဦးရေ ၃၂၇၂ ဦး ရှိကြောင်း သိရသည်။               

လက်ရှိတွင် ရှမ်းတိုင်းရင်းသား နေထိုင် သည်ကို မတွေ့ရဘဲ ဓရဲတိုင်းရင်းသားဆို သည့် စကားရပ်ကိုလည်း နားမလည်နိုင်အောင် ဖြစ်ရသည်။

ညောင်ခါးရှည်ကျေးရွာတွင် အင်းသား တိုင်းရင်းသားများ နေထိုင်ကြပြီး ရွာတော်တွင် ဗမာအများစု နေကြကြောင်း ဒေသခံများထံမှ သိရသည်။ ရှမ်းတိုင်းရင်းသားများ အနည်းစု ရှိပြီး ရောနှောနေကြောင်း သိရသော်လည်း မည်သည့်နေရာတွင် ရှိသည်ကို အတိအကျ မသိရချေ။

တောင်ရိုးတိုင်းရင်းသားများသည် လူဦး ရေ တစ်သိန်းကျော်သာရှိသော လူနည်းစု တိုင်းရင်းသားတစ်မျိုးဖြစ်သည်။

လူဦးရေ ၃၀၀၀ ခန့်သာ ကျန်ပြီး လူဦးရေ အင်မတန်နည်းပါးလာသော ထနော့တိုင်းရင်း သားတို့သည်လည်း အဆိုပါဒေသတွင် နေ ထိုင်ကြခြင်းဖြစ်သည်။

ထနော့တိုင်းရင်းသားများသည် ချောင်း ကြားရွာ၊ ထင်းရှူးကုန်းရွာ၊ သစ်အယ်တစ်ရွာ၊ တောင်ပို့လှရွာနှင့် တောင်ကြီးမြို့နယ်ရှိ နောင် အင်ကျေးရွာတို့တွင် နေထိုင်ကြကြောင်း သိရ သည်။ ချောင်းကြားရွာ၊ ထင်းရှူးကုန်းရွာ၊ သစ်အယ်တစ်ရွာ၊ တောင်ပို့လှရွာတို့သည် ကလောမြို့နယ်တွင် ပါဝင်ပြီး ဘော်နင်းရွာ သစ်မှ ဆက်သွားလျှင် ရောက်ရှိနိုင်သည်။ အဆိုပါ ထနော့တိုင်းရင်းသားတို့ နေထိုင်သော ဒေသများကိုလည်း စိတ်ပါဝင်စားစွာ တစ် ဆက်တည်း သွားရောက်လေ့လာခဲ့သည်။ ယခု ဘော်နင်းဒေသအကြောင်းကို ဦးစွာဖော်ပြ ပါမည်။

 

ဘော်နင်းဒေသ

ရှမ်းပြည်နယ်တောင်ပိုင်း၊ မြေလပ်ဒေသ မှ နယ်တစ်နယ်ဖြစ်သည်။ စတုရန်းမိုင် ၄၀ ကျယ်သည်။ တောင်မြောက်အရှေ့တို့တွင် ညောင်ရွှေနယ်နှင့် ထိစပ်သည်။ အနောက်တွင် သာမိုင်းခမ်းနယ် (အောင်ပန်း) နှင့် စပ်သည်။ နယ်တွင်း၌ ရေရှားသည်။ တွင်းရေသောက် အရပ်ဖြစ်သည်။

ဘော်နင်းကို မြို့စားအဆင့်ဖြင့်အုပ်ချုပ် သည်။ ဘော်နင်းရွာတွင် အိမ်ခြေ ၃၀ ထက် မကျော်ပေ။ တစ်နယ်လုံးတွင် အိမ်ခြေ ၇၉၇ အိမ်ရှိသည်။ ရွာ ၃၀ ရှိသည်။ ရွာကြီး ၁၀ ရွာ ၌သာ အိမ်ခြေ ၃၀ သို့မဟုတ် ၃၀ ကျော်စီ ရှိသည် ။

အုပ်ချုပ်ခဲ့သော မြို့စားများမှာ (၁) ခမ်း ဟုန်၊ (၂) နမ်ခမ်းလင်း-၁ ၏ သား၊ (၃) မောင် နေဒွန်း-၂ ၏ သား၊ (၄) မောင်ကွတ်-၃ ၏ ညီ၊ (၅) မောင်ကြယ်-၄ ၏ သား၊ (၆) မောင်လ -၅ ၏ သား၊ (၇) စောတ-၆ ၏ သား၊ (၈) မောင်ဆောင်-၇ ၏သား၊ (၉) ရဲထွတ်-၁၇၃၆ ခုနှစ်တွင် တက်၊ ၈ ၏ မြေး ၊ (၁၀) သာစုံ ၁၇၅၂ တွင် တက် ၊  ၉ ၏ သား ၊ (၁၁) မောင်မြတ်-၁၀ ၏ သား၊ ၁၇၆၆ တွင် အုပ်စိုးခဲ့ပြီး ဖယ်ရှား ခံရပြီးနောက် ၁၇၇၄ တွင် ပြန်ခန့်သည်။ (၁၂) နော်ခမ်းလင်း ၊ (၁၃) မောင်ကောင်း-၁၂ ၏ တူ၊ (၁၄) မောင်ပေါက်-၁၃ ၏ သား၊ (၁၅) မောင်မောင်-၁၄ ၏ သား၊ (၁၆) ခွန်ခမ်း-၁၅ ၏ ညီတို့ ဖြစ်ကြသည်။

အေဒီ ၁၇၃၆ တွင် ရဲထွတ်ကို ဆင်ဖြူရှင် က မြို့စားခန့်စဉ် အစီးအနင်း အဆောင်အရွက် ရွှေထီးစသည် ပေးသည်ဟုဆိုသည်။

ဘော်နင်းနယ်သည် ယခင်က ငုံးသုန်၊ နောင်ရဲ၊ တောင်ဘို့ရွှေ၊ လမိုင်း၊ မြင်းမထိ၊ ငမြင်နီနွဲ့၊ ပေါင်ဆင်၊ သရဲ၊ နမ့်နိုင်၊ နမ်းတိုင်း၊ အင်းဝန်း၊ ဘန့်လုံ (ပန်းလုံး)၊ နန်းသုံရွာများကို ပိုင်ဆိုင်ဖူးသော်လည်း မောင်မြတ်အုပ်စိုးစဉ် နီးစပ်ရာ နယ်ရှင်များက သိမ်းယူခံရသည်ဆို သည်။  ၁၈၆၄ ခုနှစ် မင်းတုန်းမင်းလက်ထက် တွင် ရွှေပန်းခိုင်ငွေပန်းခိုင် ဆက်ရမြဲကို ဖျက် ၍ မြေလပ်ဝန်မောင်မောင်ကြီး က အခွန်တော် တစ်အိမ်သုံးကျပ် ကောက်ခဲ့သည်ဆိုသည်။  ၁၉၇၄ ခုနှစ် ကျေးရွာစာရင်းတွင် ဘော်နင်း သည် ကလောမြို့နယ် ကျေးရွာအုပ်စု အမှတ် (၂၄) ဖြစ်သည်။

ရှမ်းပြည်နယ်တောင်ပိုင်း ၊ ကလောခရိုင်၊ ကလောမြို့နယ်၊ ဟဲဟိုးမြို့ ၊ ဘော်နင်းရွာသစ် စံပြကျေးရွာနှင့် အနီးဝန်းကျင်ကျေးရွာများကို သွားလာသောလမ်းပိုင်းမှာ ဂျာမနီက ခင်းပေး သော ကတ္တရာလမ်း (ဂျာမနီလမ်း) ဖြစ်သော ကြောင့် ကျေးရွာတွင်း လမ်းပန်းဆက်သွယ်ရေး သွားလာရေး လွန်စွာအဆင်ပြေလွယ်ကူပါ သည်။

ဘော်နင်းဒေသခံများ ပြောပြချက်အရ လွန်ခဲ့သော နှစ်ပေါင်း ၈၀ ကျော် အချိန်ကာလ အင်္ဂလိပ် အဆုတ်၊ ဂျပန်အတက်ကာလတွင် ဂျပန်လေယာဉ် ဗုံးကြဲသဖြင့် ဘော်နင်းဒေသ တွင် ရွာပျက်သွားပြီး ဆူးပန်းအင်း၊ ဟဲဟိုးတို့ ကို ထွက်ပြေးခဲ့ရခြင်းရှိကြောင်း သိရသည်။

ထိုသို့ ကျေးရွာပျက်သွားပြီးနောက် ရွာ သစ်ကုန်းဟုခေါ်သော လေးအိမ်ကုန်းဖြင့် ပြန် လည်စတင်၍ ဘော်နင်းရွာသစ် စံပြကျေးရွာ ကို ပြန်လည် တည်ထောင်လာခဲ့သည်မှာ နှစ် ပေါင်း ၄၀ ကျော် ၅၀ နီးပါးခန့် ရှိနိုင်ကြောင်း ပါးစပ်ပြော သမိုင်းကြောင်းကို လေ့လာမှတ် သားခဲ့ရသည်။

ဘော်နင်းကျောင်းတိုက်တွင် တောင်ရိုး အမျိုးသားနေ့ကို ကျင်းပခဲ့ခြင်းဖြစ်ကာ တောင် ရိုးအမျိုးသားနေ့ ပွဲကြည့်စင်ကိုလည်း ကျောင်း ဝင်းအတွင်း ဆောက်လုပ်ထားသည်ကို တွေ့ရ သည်။ အဆိုပါကျောင်းတိုက်ကို နောက်ထပ် တစ်ကြိမ် ထပ်မံရောက်ရှိလေ့လာရာ အင်္ဂလိပ် ခေတ်ကာလ အုပ်ချုပ်ခဲ့ဖူးသော ဘော်နင်း စော်ဘွား ဇနီးမောင်နှံ ဓာတ်ပုံကိုလည်း မြင် တွေ့ခဲ့ရသည်။

ဘော်နင်းမြို့စား စော်ဘွားနာမည်မှာ စဝ်ထွန်းအေးဖြစ်ပြီး စော်ဘွားကတော် နာ မည်မှာ ဘော်နင်းမြို့ မဟာဒေဝီ စဝ်ကြည်ထူး ဖြစ်သည်။ အမတ်ချုပ် သခင်စောဝ်မောင် (စော်ဘွားအစ်ကို ဝမ်းကွဲ) ၊ စောဝ်ခင်ရင် (စော် ဘွား အစ်မအရင်း) ပုံကိုလည်း မြင်တွေ့ခဲ့ရ သည်။

ယခင်က ဘော်နင်းသည် မြို့အဆင့်ဖြစ် ပြီး ကျန်ဒေသများသည် ကျေးရွာများဖြစ် ကြောင်း ဒေသခံများက ဆိုသည်။ ရဿဝတီ ရပ်စောက်မြို့နယ် မဂ္ဂဇင်းတွင် ဖော်ပြထား သော ဘော်နင်းနယ် အချက်အလက်များကို လည်း နောက်ဆုံးပိုင်းတွင် စိတ်ဝင်စားဖွယ် ပြန်လည် ဖော်ပြလိုက်ပါသည်။

 

ဘော်နင်းဒေသ ရှေးဟောင်း စေတီတော်များ

ဟဲဟိုးမြို့မှ ဘော်နင်းဒေသ လည်ပတ်ရာ တွင် ဖြတ်သန်းရသော ရွာစဉ်များမှာ အင်းမြီး၊ ညောင်ကုန်း၊ ဘုရားပျိုရွာ၊ ညောင်ခါးရှည်၊ ဘော်နင်း၊ ကျောက်တံခါး၊ ဥမှင်ပေါက်၊ ပိန္နဲ ပြား၊ ကမ်းပါးနီ၊ သရက်ပုတို့ဖြစ်သည်။ ဟဲဟိုး မြို့မှ ဘော်နင်းလမ်းခွဲအတိုင်းဝင်သွားလျှင် ဂျာမနီလမ်းအတိုင်း သရက်ပုကျေးရွာတွင် ပြန်ထွက်ကာ အောင်ပန်းမြို့အဝင် ကို ရောက် ရှိမည်ဖြစ်သည်။ သီခေါင်တောင်ကို ဖြတ်သန်း ပြီး အောင်ပန်းအဝင်တွင် သရက်ပုကျေးရွာ တည်ရှိသည်။ ကျေးရွာလမ်းအတိုင်း အောင် ပန်းထွက်သော လမ်းပိုင်းလည်း တည်ရှိသည်။

 

ထနော့တိုင်းရင်းသားများ နေထိုင်ရာ ဒေသများ

ထနော့တိုင်းရင်းသားများသည် ကလော မြို့နယ်ရှိ ချောင်းကြားရွာ၊ ထင်းရှူးကုန်းရွာ၊ သစ်အယ်တစ်ရွာ၊ တောင်ပို့လှရွာနှင့် တောင် ကြီးမြို့နယ်ရှိ နောင်အင်ကျေးရွာတို့တွင် နေ ထိုင်ကြကြောင်း သိရသည်။

ဟဲဟိုးမြို့မှ ဘော်နင်းရွာသစ် ဂျာမနီလမ်း အတိုင်း ဆက်သွားလျှင် ဘော်နင်း၊ ကျောက် တံခါး၊ ဥမှင်ပေါက်၊ ပိန္နဲပြား၊ ဆူးပန်းအင်း၊ ကမ်းပါးနီတို့ကို ဖြတ်ကျော်ရသည်။ အဆိုပါ ဆူးပန်းအင်းကျေးရွာကျော်လျှင် ထနော့တိုင်း ရင်းသားဒေသ ဖြစ်သော ချောင်းကြားကျေး ရွာရှိမည်ဖြစ်သည်။ ထိုကျေးရွာသို့ မဝင်ဖြစ် တော့ဘဲ ထင်းရှူးကုန်း၊ တောင်ပို့လှအထိ ဆက်လက်သွားရောက်ခဲ့သည်။

ကမ်းပါးနီတွင် လမ်းဆုံသုံးခွနေရာကို ရောက်ရှိမည်ဖြစ်သည်။ ညာဘက်လမ်းတည့် တည့်ဆက်သွားလျှင် သရက်ပု (၅.၄ KM )၊ ဘယ်ဘက်လမ်းအတိုင်းသွားလျှင် ပေါတုတ် (၆.၁ KM ) လာရာလမ်းအတိုင်း ဘော်နင်းသို့ (၇.၁KM ) ဟူ၍ လမ်းညွှန်ဆိုင်းဘုတ်တွင် ဖော်ပြထားသည်။

လမ်းဆုံတွင်ရှိသော စျေးသည်ကို မေး မြန်းကြည့်ရာ ပေါတုတ်လမ်းအတိုင်း ဆက် သွားလျှင် ပေါတုတ် ၊ ကျော်လျှင် ထင်းရှူးကုန်း ကိုရောက်ရှိမည်ဖြစ်ကာ ဆက်သွားလျှင် ထနော့ တိုင်းရင်းသားကျေးရွာများဖြစ်ကြောင်း ၎င်းင်းက ဆိုသည်။

ပေါတုတ်ကျေးရွာလမ်းအတိုင်း ဘယ် ဘက်သွားလိုက်သောအခါ တောင်တက်လမ်း ကို ဖြတ်သန်းမောင်းနှင်ရသည်။ ဂျာမနီလမ်း များသည် စနစ်တကျတည်ဆောက်ထားပြီး လမ်းဘေးအကာအရံများ ပြုလုပ်ထားသဖြင့် သွားလာရသည်မှာ လုံခြုံမှုရှိသည်ဟု ခံစားရ သည်။

တောင်တက်လမ်းအတိုင်း လမ်းခွဲသုံးခု ကို မြင်တွေ့ရချိန် ဘယ်ဘက်အစွန်ဆုံးလမ်းခွဲ အတိုင်း ညွှန်ပြသည့်အတိုင်း ဆက်လိုက်သွား သည်။ ကျေးရွာဖြတ်လမ်းမှာ ကျောက်လမ်း ဖြစ်ပြီး လမ်းနံဘေးတွင် ဖုန်ထူသည်။

အဆိုပါလမ်းသည် ကျေးရွာဖြတ်လမ်း ဖြစ်ကာ တစ်ဖက်တွင် ကတ္တရာလမ်းဖောက် ထားသော အင်းတိန်-အောင်ပန်းလမ်းပိုင်းနှင့် ပြန်လည်ချိတ်ဆက်ထားခြင်းဖြစ်သည်။ အဆို ပါ အင်းတိန်-အောင်ပန်းလမ်းပိုင်းကိုလည်း မိမိ မသွားဖူးပါ။ ဒေသခံများကို မေးမြန်းချက် အရ သိရခြင်းဖြစ်သည်။ အင်းတိန်ဘက်တွင် တံတားမပြီးသေးသဖြင့် သွားလာရေးအဆင် မပြေသေးကြောင်း ၊ လမ်းပိုင်းကျဉ်းကြောင်း၊ အပြန်ခရီးအတွက် မသင့်တော်ကြောင်း ဒေသ ခံများက အကြံပြုသည်။

အင်းတိန်-အောင်ပန်းလမ်းပိုင်း ကတ္တရာ လမ်းပေါ်ရောက်ရှိချိန် ပထမဆုံး ရောက်သော ကျေးရွာမှာ ထင်းရှူးကုန်းကျေးရွာပင် ဖြစ် သည်။ ဒေသခံတစ်ဦးကို မေးမြန်းကြည့်ရာ ဟုတ်မှန်ကြောင်း၊ ကျေးရွာအတွင်းရှိ တတ်သိ နားလည်သူထံ သွားရောက်မေးမြန်းရန် လမ်း ညွှန်သဖြင့် ဆက်သွားခဲ့သည်။ ထင်းရှူးကုန်း ကျေးရွာတွင်း ဝင်ရောက်၍ လိုက်လံမေးမြန်း ကြည့်ရာ ဘာသာစကား နားမလည်ခြင်း အခက်အခဲ ကြုံတွေ့ရသည်။ တစ်အိမ်တွင် နွားချေးမြေဆွေးများကို ကားပေါ်တင်နေကြ သော မိသားစုကို မြင်ရသဖြင့် မေးမြန်းကြည့် ရာ ထနော့တိုင်းရင်းသားစစ်စစ် တဖြည်းဖြည်း နည်းပါးလာကြောင်း ၎င်းင်းတို့ကဆိုသည်။

“အခု ဒီရွာမှာ ထနော့တိုင်းရင်းသား စစ် စစ်က တဖြည်းဖြည်း နည်းလာတယ်။ တချို့က လည်း ပအိုဝ်းတိုင်းရင်းသားတွေ ဖြစ်ကုန်ကြ ပြီ။ ထနော့တိုင်းရင်းသားတွေလည်း ရှိကြပါ တယ်။ ဒါပေမဲ့ သိပ်အများကြီးတော့ မကျန် တော့ဘူး။ ဆက်သွားရင် တောင်ပို့လှဆိုတဲ့ အစွန်ဆုံးကျေးရွာမှာတော့ ထနော့တိုင်းရင်း သားစစ်စစ်တွေ အများကြီး နေထိုင်ကြတယ်”

ဟု ထင်းရှူးကုန်းကျေးရွာ ဒေသခံများက ပြော ကြားသည်။

ထို့ကြောင့် ၎င်းင်းတို့ညွှန်ပြရာ လမ်းအတိုင်း ဆက်လက်၍ ခရီးနှင်ရတော့သည်။ မူလက ဒေသအကြောင်း လေ့လာရေး ရောက်ခဲ့ရ သော်လည်း  တဖြည်းဖြည်း စိတ်ဝင်စားလာ သဖြင့် ထနော့တိုင်းရင်းသားများရှိရာ ဒေသ များသို့ ခရီးဆန့်နေမိသည်။

ကတ္တရာလမ်းအတိုင်း သွားလိုက်သော အခါ ကျောက်ချောလမ်းအတိုင်း သွားရကာ တောင်ထိပ်ပေါ်တွင် စေတီ တည်ထားသော နေရာ ရောက်ရှိလာသည်။ ဆိုင်းဘုတ်တစ်ခု တွင် ကလောမြို့နယ် ငုံးသုံကျေးရွာအုပ်စုဟု ရေးထားသည်ကို တွေ့ရသည်။ ထိုတောင်ထိပ် နေရာတွင် စုပေါင်းရှင်ပြုဖိတ်စာများ ကိုင် ဆောင်ထားသော ပအိုဝ်းတိုင်းရင်းသားသုံးဦး အချင်းချင်း စကားရပ်ပြောနေကြသဖြင့် သွား ရောက် မေးမြန်းကြည့်ရာ တောင်ပို့လှ ကျေးရွာ သွားသော လမ်းကြောင်းမှန်ကြောင်း လမ်း ညွှန်ပေးသည်။

“ဒီအတက်လမ်းအတိုင်း ဆက်သွားလိုက် ရင် တောင်ပို့လှအထိ ရောက်ပါတယ်။ တောင် ပို့လှမှာလည်း ရှိသလို သစ်အယ်တစ်ကျေးရွာ မှာလည်း ထနော့တိုင်းရင်းသားတွေနေကြ တယ်။ တောင်ပို့လှ မရောက်ခင်မှာ ပထမဆုံး ရောက်တဲ့ သစ်အယ်တစ်ဆိုတဲ့ ကျေးရွာကို ဝင်ပြီးတော့ မေးမြန်းလို့ရပါတယ်။ အဲဒီ သစ် အယ်တစ်ကျေးရွာက ထနော့တိုင်းရင်းသား စစ်စစ်နေတဲ့ ကျေးရွာပဲ။ ထင်းရှူးကုန်းမှာ ဆိုလဲ ပအိုဝ်းတိုင်းရင်းသားတွေနဲ့ ရောက်ကုန် တယ်။ တောင်ပို့လှမှာဆိုရင်လည်း အင်းသား အသံနဲ့ နည်းနည်းရောကုန်လာသလိုပဲ။ အဲဒီ လို ထင်ရတယ်နော်။ သစ်အယ်တစ်ကျေးရွာ မှာ ထနော့တိုင်းရင်းသားစစ်စစ် အဲဒီတစ်ရွာပဲ ကျန်တော့တယ်” ဟု ၎င်းင်းတို့က ဆိုသည်။

 

ရိုင်းပင်းကူညီတတ်သော

ထနော့တိုင်းရင်းသားများ

          ကျောက်ချောလမ်းအတိုင်း တက်သွားရာ ကျေးရွာအဝင်တွင် ၀ါးတားဂိတ် ထောင်ထား သည်ကို မြင်တွေ့ရကာပြီး ၀ါးယွယွ (ပအိုဝ်း ဘာသာစကားဖြင့် ရွာတွင်း ဖြေးဖြေးမောင်း ရန်) ရေးသားထားသည်။

အဆိုပါ ကျေးရွာအဝင်တွင် သစ်အယ် တစ်ကျေးရွာ၊ မြစိမ်းရောင်ဆိုင်းဘုတ် ထောင် ထားကာပြီး အိမ်ခြေ ၁၀၃၊ အိမ်ထောင်စု ၁၀၃၊ လူဦးရေ ၄၁၁ ဟု ဖော်ပြထားသည်။

သစ်အယ်တစ်ကျေးရွာ ဝင်ဝင်ချင်း မြင် တွေ့ရသည်မှာ အိမ်သစ်ဆောက်လုပ်နေကာ ကျေးရွာသားများက ၀ိုင်းဝန်းကူညီဆောင်ရွက် နေသည်ကို တွေ့ရသဖြင့် ရပ်တန့်၍ မေးကြည့် ရပြန်သည်။

“ထနော့ တိုင်းရင်းသားတွေ နေထိုင်ကြ ပါတယ်။ ဒါပေမဲ့ အလုပ်များနေသေးလို့ ဟို ဘက်အိမ်ကို သွားမေးကြည့်ပါ” ဟု ၎င်းင်းတို့က ဆိုသည်။

သစ်အယ်တစ်ကျေးရွာအတွင်း ဆက် လက်ဝင်သွားရာ လူသုံးလေးဆယ်ခန့် ၀ိုင်းဝန်း ကူညီ၍ စုပေါင်းဆောင်ရွက် အိမ်ဆောက်ပေး နေကြသည်ကို တွေ့ရသဖြင့် စပ်စုမိသည်။

“ဒါကတော့ ထနော့တိုင်းရင်းသားတွေ အချင်းချင်း အပြန်အလှန် ရိုင်းပင်းကူညီ ဆောင်ရွက်ပေးတာပါ။ အိမ်သစ်ကို ရွာသူရွာ သားတွေ ၀ိုင်းဝန်းကူညီဆောက်ပေးနေတာပါ၊ အခမဲ့ကူညီပြီး လုပ်ပေးနေတာပါ။ သဲပုံကို ယောကျ်ားသားတွေ တစ်ယောက် နှစ်ယောက် နဲ့ နယ်လို့ရတာပေါ့။ ဒါပေမဲ့ မိန်းကလေးတွေ ဆိုတော့ သဲပုံတစ်ပုံကို ၁၀ ယောက်လောက် ၀ိုင်းပြီး နယ်ပေးနေကြတာပါ။ အိမ်ပေါ်မှာ အမျိုးသား ကာလသားများက ကူညီလုပ်ကိုင် ပေးကြပါတယ်။ သက်ကြီးရွယ်အိုတွေလဲ ဘေး အိမ်မှာ နေနေကြပါတယ်” ဟု ထနော့တိုင်း ရင်းသူတစ်ဦးက ရှင်းပြပေးသည်။

“အစ်ကို သိချင်တဲ့အကြောင်းအရာတွေ ကို ရှင်းပြပေးချင်ပေမဲ့ ဒီဘက်ရွာမှာအားတဲ့သူ မရှိသေးပါဘူး။ ဟိုဘက် တောင်ပို့လှရွာမှာ တော့ ထနော့စာပေနှင့် ယဉ်ကျေးမှုအသင်း က တာဝန်ရှိသူ ဦးပြားကို သွားရောက်မေးမြန်း လိုက်ပါ။ သူ့မှာ အချက်အလက်တွေ ရှိနိုင်ပါ တယ်။ သူက သမီးတို့ထက် ပိုသိနိုင်ပါတယ်”

ဟု ထနော့တိုင်းရင်းသူတစ်ဦးက လမ်းညွှန် သည်။ ထို့ကြောင့် တောင်ပို့လှကျေးရွာအထိ ဆက်လက်ခရီးနှင်ရပြန်သည်။

ကမ်းပါးနီလမ်းခွဲမှ ပေါတုတ်- ထင်းရှူး ကုန်းအထိ သွားမည်ဟုဆိုပြီး တဖြည်းဖြည်း တောင်ပို့လှကျေးရွာအထိ မထင်မှတ်ဘဲ ရောက်ရှိလာခြင်း ဖြစ်တော့သည်။

 

နော့တိုင်းရင်းသားများ နေထိုင်သော တောင်ပို့လှ ကျေးရွာ

ဟဲဟိုးမှတစ်ဆင့် ဘော်နင်း-ဆူးပန်းအင်း -ကမ်းပါးနီ-သရက်ပုလမ်းအတိုင်း ကမ်းပါးနီ လမ်းခွဲမှ ပေါတုတ်-ထင်းရှူးကုန်း- သစ်အယ် တစ်-တောင်ပို့လှကျေးရွာအထိ နယ်မြေတစ် လျှောက်တွင် တောင်ပို့လှကျေးရွာသည် တောင်ခြေအစွန်ဆုံး ကျေးရွာလေးဖြစ်ပြီး လမ်းပန်းဆက်သွယ်ရေးလည်း ခက်ခဲသည်ကို မြင်တွေ့ရသည်။

အဆိုပါ ထနော့တိုင်းရင်းသားများ နေ ထိုင်ကြသော တောင်ပို့လှကျေးရွာသည် လက် မောင်းကွေးနှင့် တောင်စဉ်တောင်တန်းတို့၏ တောင်ခြေတွင်တည်ရှိပြီး ညောင်ရွှေနယ်နှင့် ဆက်စပ်နေခြင်းဖြစ်သည်။ ရွာအဝင် ဆိုင်း ဘုတ်တွင် တောင်ပို့လှ (န) ကျေးရွာ၊ အိမ်ခြေ ၁၀၀၊ အိမ်ထောင်စု  ၉၄၊ လူဦးရေ ၄၀၉ ဟု ဖော်ပြထားသည်။ ကျေးရွာအဝင်မှာပင် တောင်တန်းနောက်ခံ လှမ်းမြင်ရပြီး ဒေသတွင်း လျှပ်စစ်မီးကြိုးများ သွယ်တန်းနိုင်ခြင်းမရှိ သည်ကိုလည်း တွေ့ရသည်။

တောင်ပို့လှကျေးရွာတွင် ထနော့တိုင်း ရင်းသား ဦးဆောင်သူ ဦးပြားကို လိုက်လံရှာ ဖွေရာ မတွေ့သဖြင့် ရွာထိပ်မှ နေအိမ်တစ် အိမ်က ဆိုင်ကယ်ဖြင့် လိုက်လံပို့ဆောင်ပေး သည်။ အောင်ပန်း ခရီးထွက်နေသဖြင့် ဦးပြား ကို မတွေ့ရဘဲ ၎င်းင်း၏အမျိုးသမီးဖြင့်သာ တွေ့ ဆုံ နှုတ်ဆက်စကားပြောခွင့်ရခဲ့သည်။

နေအိမ်ထဲ၌ ထနော့တိုင်းရင်းသူ အမျိုး သမီး လေးဦးခန့် ထိုင်နေကြပြီး စကားပြောဆို နေကြခြင်းဖြစ်သည်။ မိမိက နှုတ်ဆက်၍ ထ နော့တိုင်းရင်းသားများအကြောင်းကို မေးမြန်း ကြည့်ရာ အတိအကျ မပြောဆိုနိုင်ကြောင်း ဦးပြားကိုသာ မေးမြန်းရန်နှင့် ဘာသာစကား အခက်အခဲရှိကြောင်း ၎င်းင်းတို့ကဆိုသည်။ ထို စဉ် အမျိုးသား တစ်ဦးထပ်မံရောက်ရှိလာသ ဖြင့် သိလိုသည့်အချက်များကို မေးမြန်းခွင့် ရခဲ့သည်။

ထနော့တိုင်းရင်းသားများ သမိုင်းကြောင်း ကို လေ့လာနိုင်ရန် ထပ်မံ အချိန်ယူရဦးမည် ဖြစ်ကြောင်း ၎င်းင်းတို့က ဆိုသည်။

ဟဲဟိုးမြို့တွင် လည်ပတ်

ဟဲဟိုးသည် လေဆိပ် ရှိသဖြင့် ပြည်တွင်း ပြည်ပ ခရီးသွားဧည့်သည်များ ဝင်ပေါက်မြို့ လည်း ဖြစ်သည်။ လမ်းဆုံ အချက်အချာကျပြီး ပြည်ပခရီးသွားများ လာရောက်လည်ပတ်ကြ သော အင်းလေးကန် သွားရန် လေဆိပ်တည်ရှိ ရာမြို့လည်း ဖြစ်သည်။ အာလူး၊ ကြက်သွန်ဖြူ၊ မုန်လာထုပ် အများဆုံးစိုက်ပျိုးကြပြီး ဓနုတိုင်း ရင်းသားအများစု နေထိုင်ကြသည်။

သရက်ပုကျေးရွာမှ သီခေါင်တောင် အဆင်းလမ်းအတိုင်း ပြန်လာခဲ့ရာ ဟဲဟိုးမြို့ အဝင် ကို ရောက်ရှိတော့ ငယ်ဘဝကို သတိရ မိသည်။

စာရေးသူငယ်စဉ်က ဟဲဟိုးအထွက် သီ ခေါင်တောင်အတက်လမ်းတွင် တည်ရှိသော ဗုဒ္ဓေါ-ဇိနောဘုန်းကြီးကျောင်းတွင် အချိန်အ တန်ကြာ ကိုရင်ဝတ်ခဲ့ဖူးသည်။ ထိုဆရာတော် သည် သထုံသားဆရာတော်ဖြစ်သဖြင့် ဆွေမျိုး တို့က သွားရောက် လှူဒါန်းနေကျကျောင်းဖြစ် သဖြင့် ကိုရင်ဝတ်ဖြစ်ခြင်းလည်းဖြစ်သည်။

စာရေးသူ ငယ်စဉ်ဘဝ ကိုရင်ဝတ်ဖြင့် အင်းခေါင်းဆည် လည်ပတ်ခြင်း၊ ပေါပဲ၊ အင်း ခေါင်းတို့တွင် ဆွမ်းခံထွက်ခြင်းတို့ကို ပြန် ပြောင်းအောက်မေ့ သတိရမိပါသည်။ ထိုစဉ် အချိန်က ကျောင်းတိုက်မှ အင်းခေါင်းဆည် အထိ လမ်းလျှောက်ခဲ့ရသည်ကို မှတ်မိသည်။ ဟဲဟိုးလေယာဉ်ကွင်း နှင့် ဟဲဟိုးမြို့ကိုလည်း သတိရသည်။ ဗုဒ္ဓေါ-ဇိနောကျောင်းတိုက် အတွင်း လုပ်အားပေး တောင်ယာရှင်းလင်း ခြင်း၊ ကုသိုလ်ဖြစ် သစ်ပင်များစိုက်ပျိုးခြင်း တို့ကို ပြန်စဉ်းစားလျှင် အမှတ်ရလာသည်။ စာရေးသူ အသက် ၁၅ နှစ်၊ ကိုးတန်းကျောင်း သားဘဝ စာမေးပွဲဖြေပြီးချိန်ဖြစ်မည်ဟု ခန့် မှန်းမိသည်။

 

သရက်ပုမှအပြန် ဟဲဟိုးမြို့ကို ဖြတ်သန်း ချိန် အင်းခေါင်းဆည် (ဟဲဟိုးကန်) သို့ ဝင် ရောက်လည်ပတ်ခဲ့သည်။ နွေရာသီကာလ အင်းခေါင်းဆည် (ဟဲဟိုးကန်) တွင် ရေစိမ် ရေကူးရသည်မှာ ပျော်ရွှင်စရာကောင်းသည်။ မိသားစုအပန်းဖြေကြရင်း စားသောက်ရင်း ရေကူးနေကြသည်ကိုလည်း မြင်တွေ့ရသည်။ အဆိုပါခရီးစဉ်အတွက် အသွားအပြန် ဓာတ် ဆီဖိုး တစ်သောင်းကျပ်သာ ကုန်ကျစရိတ်ရှိခဲ့ သည်။ လောင်စာဆီစျေးနှုန်း မြင့်တက်လာ သဖြင့် ကုန်ကျစရိတ် များလာခြင်းဖြစ်ကာ ယခင်ကဆိုလျှင် ၂၀၀၀ ကျပ် ၊ လေးငါးထောင် ကျပ်ခန့်သာ ကုန်ကျစရိတ်ရှိနိုင်ပါသည်။ လမ်း တစ်လျှောက် စိုက်ခင်းနှင့် ရှုမျှော်ခင်းများ လှပခြင်း၊ ရိုးသားဖော်ရွေသော တိုင်းရင်းသား များ နေထိုင်ခြင်းကြောင့် ဘော်နင်းဒေသကို သတိရနေမည်မှာ အမှန်ဖြစ်တော့သည်။

ထို့ပြင် လူနည်းစုတိုင်းရင်းသားများ ဖြစ် ကြသော ထနော့တိုင်းရင်းသားများအကြောင်း ကိုလည်း အလျဉ်းသင့်သလို သွားရောက် လေ့ လာ၍ ဖော်ပြပေးသွားပါဦးမည်။

ပြည်ထောင်စုဖွား တိုင်းရင်းသားပေါင်း ၁၃၅ မျိုးတွင် တစ်မျိုးအပါအဝင်ဖြစ်သော ထနော့တိုင်းရင်းသားတို့သည်လည်း အမျိုးအ နွယ်ကို ချစ်မြတ်နိုးစွာ ထိန်းသိမ်းစောင့်ရှောက် ခြင်းဖြင့် နှစ်ပေါင်းများစွာ အရှည်တည်တံ့ အောင် ခိုင်မြဲနိုင်ပါစေကြောင်း ဤခရီးသွား ဆောင်းပါးဖြင့် ရေးသားဖော်ပြရင်း ဆုတောင်း လိုက်ပါသည်။

Most Read

Most Recent