လိုက်ပ်ဇစ် တိုက်စစ်ကစားသမား အော်လ်မိုနှင့် တွေ့ဆုံခြင်း

လိုက်ပ်ဇစ် တိုက်စစ်ကစားသမား အော်လ်မိုနှင့် တွေ့ဆုံခြင်း
Photos: X
Photos: X
Published 28 February 2024
Nay Lin Htet

လိုက်ပ်ဇစ်အသင်းရဲ့ စပိန်လက်ရွေးစင် တိုက်စစ်ကစားသမား ဒန်နီအော်လ်မိုက အန်ကွန်ကူ၊ ဆိုဘိုဆလိုင်းတို့ မရှိတော့တဲ့ အသင်းရဲ့တိုက်စစ်ပိုင်းကို ဇာဗီဆိုင်မွန်၊ ရှက်ရှ်ကိုတို့နဲ့အတူ ဦးဆောင်နေသူဖြစ်ပါတယ်။ အသက် (၂၅)နှစ်အရွယ် အော်လ်မိုက ဒီရာသီမှာ လိုက်ပ်ဇစ်အတွက် ဘွန်ဒစ်လီဂါသွင်းဂိုး (၂)ဂိုးနဲ့ ဂိုးဖန်တီးမှု (၄)ကြိမ် ပြုလုပ်ထားပါတယ်။ လိုက်ပ်ဇစ်က ချန်ပီယံလိဂ် ရှုံးထွက်အဆင့်မှာ စပိန်ထိပ်သီး ရီးယဲလ်မက်ဒရစ်နဲ့ ဆုံတွေ့နေပြီး ပထမအကျော့ အိမ်ကွင်းမှာ (၀-၁)ဂိုးနဲ့ အရေးနိမ့်ထားပါတယ်။ လက်ရှိအသင်းနဲ့ ချန်ပီယံလိဂ်အကြောင်း စပိန်သတင်းစာ Marca နဲ့ တွေ့ဆုံရာမှာ အော်လ်မိုက အခုလို ဖွင့်ဟထားပါတယ် . . .