■ ကွင်းပြင်ပြဿနာတွေနဲ့ ကွင်းတွင်းစွမ်းဆောင်ရည် သက်ရောက်မှုများ

■ ကွင်းပြင်ပြဿနာတွေနဲ့ ကွင်းတွင်းစွမ်းဆောင်ရည် သက်ရောက်မှုများ
Photo: Getty Images
Photo: Getty Images
Published 5 January 2024
Chan Myae

ဘောလုံးသမားတွေဆိုတာ အားကစားသမားသက်သက်တင်မဟုတ်ပါဘူး။ သူတို့ဟာ လူတွေရဲ့မျက်လုံးတွေရဲ့အောက်မှာ (၂၄) နာရီ၊ (၇) ရက်ပတ်လုံး စောင့်ကြည့်ခံနေရသူတွေဖြစ်ပါတယ်။ တစ်ခါတလေသူတို့ဟာ ကွင်းပြင်ပအရှုပ်အထွေးတွေ၊ ပြဿနာတွေနဲ့ ကြုံတွေ့တတ်ပါတယ်။ အဲဒီလို ကွင်းပြင်ပ အရှုပ်အထွေးတွေ၊ ပြဿနာတွေက သူတို့ရဲ့ကစားပုံ၊ ကစားဟန်ကို လွှမ်းမိုးတာလည်း ခံရပါတယ်။ သူတို့ ဘယ်လိုများ ခံကြရတာလဲ။ တကယ်တော့ လက်ရှိ ဘောလုံးလောကမှာရော၊ အတိတ်မှာပါ ပြန်ကြည့်ရင် အရှုပ်အထွေးတွေကို ကိုယ်တွေ့ကြုံတွေ့ပြီး ရုန်းကန်ခဲ့ရတဲ့ ကစားသမားတွေ အများကြီးရှိပါတယ်။ တစ်ဦးချင်းကြုံတွေ့ခဲ့တာတွေကို ရေးမယ်ဆိုရင်လည်း ကုန်နိုင်မယ် မထင်ပါဘူး။ ဒီဆောင်းပါးမှာတော့ ယေဘုယျအမြင်ကိုပဲ အဓိကထားဖော်ပြသွားမှာဖြစ်ပြီး ဒီလိုအခြေအနေတွေ ကြုံလာတဲ့အခါ ဘယ်လိုဘေးထွက်ဆိုးကျိုးတွေရှိတတ်သလဲဆိုတာကိုပဲ ရေးသားသွားမှာပါ။