အာဆင်နယ်အသင်းသည် အသင်းဂိုးသမား ရမ်းစ်ဒေးလ်အတွက် ကမ်းလှမ်းမှုများကို လက်ခံစဉ်းစားသွားမည်ဖြစ်ကြောင်း သိရသည်။
အသက် (၂၅) နှစ်အရွယ်ရှိ ရမ်းစ်ဒေးလ်သည် ပြီးခဲ့သည့် ၂၀၂၂-၂၃ ရာသီတွင် အဓိကဂိုးသမားဖြစ်ခဲ့သော်လည်း ယခုရာသီတွင် ရာယာနောက် ဒုတိယဂိုးသမားအဖြစ်သာ သတ်မှတ်ခံထားရသူဖြစ်သည်။
ရမ်းစ်ဒေးလ်သည် ယင်းအခြေအနေကို စိတ်ပျက်နေပြီး အာဆင်နယ်အသင်းမှ ထွက်ခွာဖွယ်ရှိနေသည်ဟု သတင်းများ ထွက်ပေါ်နေသည်။
ယခုအခါ အာဆင်နယ်အသင်းသည် ရမ်းစ်ဒေးလ်အတွက် ကမ်းလှမ်းမှုများကို လက်ခံစဉ်းစားသွားမည်ဖြစ်ပြီး ထိုက်တန်သည့်ပြောင်းရွှေ့ကြေးရပါက ရောင်းထုတ်ရန် စီစဉ်နေကြောင်း သိရှိရသည်။















