စိတ်ဝင်စားစရာကောင်းလာတဲ့ အူနိုင်းအမ်မရီနဲ့ အက်စတွန်ဗီလာရဲ့ အမြင့်ပျံခရီး

စိတ်ဝင်စားစရာကောင်းလာတဲ့ အူနိုင်းအမ်မရီနဲ့ အက်စတွန်ဗီလာရဲ့ အမြင့်ပျံခရီး
Photo : Getty Images
Photo : Getty Images
Published 21 December 2023
Linn Oo Eain

နည်းပြ အူနိုင်းအမ်မရီနဲ့ အက်စတွန်ဗီလာရဲ့ အမြင့်ပျံခရီးက စိတ်ဝင်စားစရာကောင်းသထက်ကောင်းလာတယ်။ ပရီးမီးယားလိဂ်အမှတ်ပေးဇယားရဲ့ အဆင့်(၃)နေရာမှာ ရပ်တည်နေပြီး ထိပ်ဆုံးက အာဆင်နယ်နဲ့ (၁)မှတ်အကွာ အနေအထားမှာ ရပ်တည်နေတယ်။ ပရီးမီးယားလိဂ်အိမ်ကွင်း (၁၅)ပွဲဆက် အနိုင်ရတဲ့စံချိန်ကို အူနိုင်းအမ်မရီ ပိုင်ဆိုင်ခဲ့တယ်။ ဒီနှုန်းထားဟာ ပရီးမီးယားလိဂ်သမိုင်းမှာ အက်စတွန်ဗီလာအတွက် အကောင်းဆုံး အိမ်ကွင်းစံချိန်မှတ်တမ်းပဲ။ ဒီရာသီအိမ်ကွင်းပွဲတွေမှာ မန်ချက်စတာစီးတီး၊ အာဆင်နယ်၊ ဘရိုက်တန်လိုအသင်းတွေကို အလဲထိုးအနိုင်ယူခဲ့တယ်။

 

Most Read

Most Recent