အန်ဖီးလ်ကွင်း၊ (၇-၀)ရလဒ်နဲ့ အင်္ဂလန်ဒါဘီ

အန်ဖီးလ်ကွင်း၊ (၇-၀)ရလဒ်နဲ့ အင်္ဂလန်ဒါဘီ
Photos: AFP
Photos: AFP
Published 16 December 2023
Wai Yan Aung

အန်ဖီးလ်ကွင်းမှတ်တမ်းက တန်ဟက်ဂ်နဲ့ မန်ယူအသင်းအတွက်  စိုးရိမ်စရာဆိုတဲ့အဆင့်တင် မဟုတ်ဘဲ သွေးပျက်အောင် ခြောက်လှန့်နေတယ်လို့တောင် ဆိုနိုင်ပါတယ်။ လီဗာပူးလ်အသင်းက ဒီရာသီ အန်ဖီးလ်ကွင်းမှာ ပြိုင်ပွဲစုံ(၁၁)ပွဲစလုံး အနိုင်ကစားထားပြီး သွင်းဂိုးကလည်း (၃၅)ဂိုး ရှိနေပါတယ်။ တစ်ပွဲ(၃)ဂိုးအောက်လျော့တာ (၂)ပွဲပဲ ရှိခဲ့ပါတယ်။ ဒီလို စွမ်းဆောင်ပြထားတဲ့ အန်ဖီးလ်ကွင်းမှာ သွားရောက်ကစားရမှာဖြစ်တဲ့အပြင် ပြီးခဲ့တဲ့ရာသီက ရရှိခဲ့တဲ့ ဒဏ်ရာကလည်း မန်ယူပရိသတ်တွေအတွက် သွေးတိတ်ဦးမှာမဟုတ်ပါဘူး။ မှတ်တမ်းတွေအရ မန်ယူနဲ့ လီဗာပူးလ်တို့ရဲ့ ပြိုင်ဆိုင်မှုသမိုင်းက ၁၈၉၄ ခုနှစ်မှာ စတင်ခဲ့တာကြောင့် အခုဆိုရင် နှစ်ပေါင်း(၁၃၀)နီးပါး ရှိနေပါပြီ။ ဒီကာလအတွင်း ယှဉ်ပြိုင်ကစားခဲ့တဲ့ ပွဲပေါင်း(၂၀၀)ကျော်ထဲမှာ ဂိုးအပြတ်ဆုံးရလဒ်အဖြစ် မှတ်တမ်းဝင်ခဲ့တာက ပြီးခဲ့တဲ့ရာသီက လီဗာပူးလ် ၇-၀ မန်ယူ ပွဲရလဒ် ဖြစ်ပါတယ်။

 

Most Read

Most Recent