မြန်မာအမျိုးသားလေကြောင်းလိုင်း၏ Business Class ခရီးသည်များအနေဖြင့် ရန်ကုန်လေဆိပ်ရှိ Mingalar Sky Premium Lounge ဝန်ဆောင်မှုကို သီးသန့်ဝယ်ယူရန်မလိုအပ်ဘဲ  သီးသန့်ဝန်ဆောင်မှုများ ရရှိနိုင်

မြန်မာအမျိုးသားလေကြောင်းလိုင်း၏ Business Class ခရီးသည်များအနေဖြင့် ရန်ကုန်လေဆိပ်ရှိ Mingalar Sky Premium Lounge ဝန်ဆောင်မှုကို သီးသန့်ဝယ်ယူရန်မလိုအပ်ဘဲ  သီးသန့်ဝန်ဆောင်မှုများ ရရှိနိုင်
Published 8 December 2023

မြန်မာအမျိုးသားလေကြောင်းလိုင်း၏ Business Class ခရီးသည်များအနေဖြင့် ရန်ကုန်လေဆိပ်ရှိ Mingalar Sky Premium Lounge ဝန်ဆောင်မှုအား သီးသန့်ဝယ်ယူရန် မလိုအပ်ဘဲ သီးသန့်ဝန်ဆောင်မှုများအား ရရှိနိုင်မည်ဖြစ်ကြောင်း သတင်းရရှိသည်။

မြန်မာအမျိုးသားလေကြောင်းလိုင်း၏ Boeing 737-800 NG လေယာဉ်ဖြင့် ပျံသန်းပြေးဆွဲသည့် ပြည်ပခရီးစဉ်များတွင် လိုက်ပါစီးနင်းကြမည့်  Business Class ခရီးသည် များအနေဖြင့် MNA မှပေးအပ်သော Business Class ဝန်ဆောင်မှုများဖြစ်သည့် Baggage 40KG၊ Hand Carry 7K၊ ကျယ်ဝန်း၍ သက်တောင့်သက်သာရှိသည့် 43 inches Legroom Esifh Meal Service ဝန်ဆောင်မှုများ ရရှိနိုင်မည့်အပြင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်ရှိ Mingalar Sky Premium Lounge တွင် ဝင်ရောက် အနားယူနိုင်မည်ဖြစ်သည်။

မြန်မာအမျိုးသားလေကြောင်းလိုင်း၏ Business Class ခရီးသည်များအနေဖြင့် Mingalar Sky Premium Lounge ဝန်ဆောင်မှုကို သီးသန့်ဝယ်ယူစရာမလိုဘဲ Mingalar Sky Premium Lounge မှ ပေးအပ်သော သီးသန့်ဝန်ဆောင်မှုများဖြစ်သည့် ခရီးဦးကြိုဆိုခြင်းနှင့် ခရီးဆောင်အိတ်များ သယ်ယူပေးခြင်း၊ သီးသန့် Check-in ပြုလုပ်ပေးခြင်း၊ လူဝင်မှုကြီးကြပ်ရေးနှင့် လုံခြုံရေးစစ်ဆေးခြင်းကို သီးသန့်ဆောင်ရွက်ပေးခြင်း၊ Premium Quality   အစားအသောက်များ သုံးဆောင်နိုင်ခြင်း၊  Boarding Gate သို့ Buggy Car  ဖြင့် ပို့ဆောင်ပေးခြင်းစသည့် ဝန်ဆောင်မှုများကို ရရှိနိုင်မည်ဖြစ်ကြောင်း သိရသည်။

 နိုဝင်ဘာ ၁ ရက်မှစတင်ကာ ရန်ကုန်မြို့နှင့် မန္တလေးမြို့အကြား စီးနင်းလိုက်ပါကြမည့် ခရီးသည်များအားလုံး Arrival  ESihf Departure Card များအား ဖြည့်စွက်ရမည် ဖြစ်ပြီး နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် တရားဝင်ခရီးသွား စာရွက်စာတမ်းအပြည့် အစုံယူဆောင်လာရမည်ဖြစ်ကြောင်း သတင်း ရရှိသည်။

လေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန၏ ညွှန်ကြားချက်အရ ၂၀၂၃ခုနှစ်၊ နိုဝင်ဘာ ၁ ရက်နေ့မှစတင်ကာ ရန်ကုန်မြို့ နှင့် မန္တလေးမြို့အကြား စီးနင်းလိုက်ပါကြမည့် ခရီးသည်များအားလုံး ဆိုက်ရောက် နှင့် ထွက်ခွာပုံစံများကို မဖြစ်မနေ ဖြည့်စွက်ရန် လိုအပ်မည်ဖြစ်သည်။

စည်းကမ်းသတ်မှတ်ချက်မှာ ရန်ကုန်မှ မန္တလေးသို့ ထွက်ခွာခရီးသည်များအနေဖြင့် Departure Card    (ထွက်ခွာပုံစံ) နှင့် မန္တလေးမှ ရန်ကုန်သို့ ဆိုက်ရောက်ခရီးသည်များအနေဖြင့် Arrival Card (ဆိုက်ရောက်ပုံစံ) များအား ဖြည့်စွက်ရမည်ဖြစ်သည်။

မြန်မာအမျိုးသားလေကြောင်းလိုင်းက ကျောင်းသူကျောင်းသားများနှင့် သင်္ဘောသားများအတွက် လေယာဉ်လက်မှတ်များကို အထူးအစီအစဉ်အနေဖြင့် စျေးအသက်သာဆုံး နှုန်းထားနှင့်ရောင်းချပေးမည့်အပြင် 40kg သယ်ဆောင်ခွင့်ပေးအပ်သွားမည် ဖြစ်ကြောင်း သိရသည်။

မြန်အမျိုးသားလေကြောင်းလိုင်း ပျံသန်းနေသည့် စင်ကာပူနှင့် ဘန်ကောက်လေကြောင်းခရီးစဉ်များတွင် လိုက်ပါမည့်ကျောင်းသူကျောင်းသားများနှင့် သင်္ဘောသားများအတွက် လေယာဉ်လက်မှတ်များးကို စျေးအ သက်သာဆုံးနှုန်းထားနှင့် ရောင်းချပေးသွားမည်ဖြစ်ရာ လက်မှတ်ဝယ်ယူမည့် ကျောင်းသူ ကျောင်းသားများအနေဖြင့် မြန်မာအမျိုးသားလေကြောင်းလက်မှတ်အရောင်း ကောင်တာများတွင် ID Card ပြသ၍ ဝယ်ယူနိုင်မည်ဖြစ် သည်။

၂၀၂၃-၂၀၂၄ ဂယာဘုရားဖူး ရာသီအတွက် မြန်မာအမျိုးသားလေကြောင်းလိုင်း၏ ရန်ကုန်-ဂယာ-ရန်ကုန် လေယာဉ်စင်းလုံးငှားခရီးစဉ်အား အောက်တိုဘာ ၁၈ ရက်တွင် ပြန်လည် စတင်ပျံသန်းခဲ့သည်။

မြန်မာစံတော်ချိန် ၁၂ နာရီ ၁၅ မိနစ်တွင် ခရီးသည် ၁၅၉ ဦးပါဝင်သော Boeing 737-800 NG လေယာဉ် ခရီးစဉ်အမှတ် UB-7001 နှင့် ထွက်ခွာခဲ့ပြီး အိန္ဒိယနိုင်ငံစံတော်ချိန် ၁၃ နာရီ ၄၅ မိနစ်တွင် ဂယာအပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ဆိုက်ရောက်ခဲ့ကြောင်း သိရသည်။  မြန်မာအမျိုးသားလေကြောင်းလိုင်း ၏ ရန်ကုန်-ဂါယာ-ရန်ကုန် လေယာဉ်စင်းလုံးငှားခရီးစဉ်အား ပွင့်လင်းရာသီကာလတစ်လျှောက် ပျံသန်းသွားမည်ဖြစ်ပြီး ခရီးသည်များအနေဖြင့် လေယာဉ်လက်မှတ် ဝယ်ယူရန် တစ်ဦးတည်းကိုယ်စားလှယ်ဖြစ်သော Sole Charter-Interconnection Travel သို့ ဆက် သွယ်ဝယ်ယူနိုင်မည် ဖြစ်သည်။