အက်သလက်တီကိုဟာ မထင်မှတ်ထားတဲ့ စွမ်းဆောင်ရည်ကောင်းတွေ၊ ရလဒ်ကောင်းတွေနဲ့အတူ ၂၀၂၃- ၂၄ ရာသီကို အကောင်းဆုံးဖြတ်သန်းပြခဲ့ပြီး ဒီရာသီ ဥရောပထိပ်တန်းလိဂ် (၅)ခုရဲ့ အတည်ငြိမ်ဆုံး၊ အတိုးတက်ဆုံး အသင်းတွေထဲကတစ်သင်းအဖြစ် အံ့အားသင့်ဖွယ်ပြောင်းလဲပြခဲ့တယ်။ နည်းပြ ဆီမြွန်နီရဲ့ ဦးဆောင်မှုနဲ့အတူ အက်သလက်တီကိုဟာ စစ်မှန်သော အက်သလက်တီကိုအဖြစ်ပြန်လာပြနိုင်ခဲ့တယ်။ "ကျွန်တော်တို့အသင်းဟာ ဆုဖလားအောင်ပွဲတွေနဲ့ ထိုက်တန်နေဆဲပါပဲ။ ဒီအတွက်လည်း ကျွန်တော်တို့ အကောင်းဆုံးသက်သေပြသွားမှာပါ" ဆိုတဲ့ ဆီမြွန်နီရဲ့ ကြုံးဝါးမှုဟာ အက်သလက်တီကိုအသင်းနဲ့ သက်ဆိုင်သူအားလုံးရဲ့ မျှော်လင့်ချက်တွေ၊ အိပ်မက်တွေကို အတိုင်းအဆမဲ့ အရောင်လက်စေခဲ့ပါတယ်။ တကယ်ပဲ အက်သလက်တီကိုဟာ အောင်မြင်မှုတွေအတွက် အသင့်ဖြစ်နေပြီလား။ ဆုဖလားတွေနဲ့ ထိုက်တန်တဲ့စွမ်းဆောင်ရည်ကောင်းတွေကို ပိုင်ဆိုင်ထားပြီလား။ ဒီမေးခွန်းတွေအတွက် တိကျတဲ့အဖြေပေးဖို့ စောနေသေးပေမယ့် သေချာတာတစ်ခုကတော့ ဆီမြွန်နီ အသစ်၊ ဂရီးဇ်မန်းအသစ်နဲ့အတူ သစ်လွင်သော အက်သလက်တီကိုအဖြစ် ပြန်လာခဲ့ပြီဆိုတာပါပဲ။
အက်သလက်တီကိုရဲ့မျှော်လင့်ချက်အသစ်များဆီသို့
အပြည့်အစုံဖတ်ရှုလိုပါက ဝယ်ယူရန်
Eleven Media Group မှ တင်ဆက်သည့် သတင်းများအားလုံးကို
တစ်ပတ် ၈၀၀ ကျပ်တည်းဖြင့် ရယူ၍ စိတ်ကြိုက်၀င်ရောက်ဖတ်ရှုနိုင်ပြီ။
ဝယ်ယူထားပြီးဖြစ်ပါက Login လုပ်ရန်
Most Read
Most Recent
3 hours ago
3 hours ago
3 hours ago
3 hours ago
3 hours ago
3 hours ago