ဒီရာသီမှာ မန်စီးတီအသင်းလည်း ဒဏ်ရာပြဿနာတွေနဲ့အတူ ပရီးမီးယားလိဂ်နှစ်ပွဲဆက်ရှုံးနိမ့်ပြီး စောစောစီးစီး ခြေချော်သလိုဖြစ်ခဲ့ပေမဲ့ ချန်ပီယံ ပြေးလမ်းပေါ်မှာ ဆက်ရှိနေဆဲပါပဲ။ ချန်ပီယံဆုအတွက် ရေပန်းအစားဆုံးအဖြစ် ဆက်လက်ရပ်တည်နေဆဲပါပဲ။ မန်ယူအသင်းကတော့ ချန်ပီယံဆုကို စိန်ခေါ်နိုင်ဖို့ မဆိုထားနဲ့ ချန်ပီယံလိဂ်ဝင်ခွင့်ရဖို့ တောင် မလွယ်တော့ဘူးလို့ အကဲဖြတ်ခံထားရပါတယ်။ မန်ယူပရိသတ်တချို့ကတော့ ဆာဂျင်ရက်ကလစ်ဖ်နဲ့ အပြောင်းအလဲတွေဖြစ်လာဖို့ကိုသာ လှမ်းမျှော်စိတ်ကူးနေကြပါတယ်။ ဒါပေမဲ့ မန်ယူအသင်းရဲ့ အခြေအနေ ဘယ်လောက်ပဲ ယိမ်းယိုင်ယိမ်းယိုင်၊ မန်စီးတီးအသင်းရဲ့ အနေအထား ဘယ်လောက်ပဲ တည်ငြိမ်တည်ငြိမ် မန်ချက်စတာဒါဘီမှာ အင်အားပိုကောင်းတဲ့အသင်း အနိုင်ရမယ်လို့ တစ်ထစ်ချတွက်ဆလို့မရတဲ့ အစဉ်အလာကတော့ အခုအထိ တည်မြဲနေဆဲလို့ ဆိုရမှာပါ။ တန်ဟက်ဂ် က ပွဲဦးထွက် မန်ချက်စတာဒါဘီမှာ ဂွါဒီယိုလာရဲ့ မန်စီးတီးအသင်းကို (၃-၆)ဂိုးနဲ့ အရေးနိမ့်ခဲ့ရပေမဲ့ ဒုတိယအကြိမ် တွေ့ဆုံချိန်မှာ (၂-၁)ဂိုးနဲ့ ပြန်အနိုင်ယူခဲ့ပါတယ်။ နောက်ဆုံးဆုံတွေ့ခဲ့တဲ့ FA ဖလားဗိုလ်လုပွဲမှာတော့ မန်စီးတီးအသင်းက အနိုင်ရခဲ့ပါတယ်။ ပြီးတော့ အိမ်ကွင်းအားသာချက်ကို သိပ်အားကိုးလို့ မရတာကလည်း မန်ချက်စတာဒါဘီရဲ့ ရင်ခုန်စရာအချက်တစ်ချက်အဖြစ် ရှိနေပါသေးတယ်။
မန်ချက်စတာဒါဘီ ခံစားမှုအသစ်
အပြည့်အစုံဖတ်ရှုလိုပါက ဝယ်ယူရန်
Eleven Media Group မှ တင်ဆက်သည့် သတင်းများအားလုံးကို
တစ်ပတ် ၈၀၀ ကျပ်တည်းဖြင့် ရယူ၍ စိတ်ကြိုက်၀င်ရောက်ဖတ်ရှုနိုင်ပြီ။















