မန္တလေးမြို့ ချမ်းအေးသာစံမြို့နယ်တွင် အဲယားကွန်း အပူလွန်ကဲရာမှ မီးလောင်ကျွမ်း

မန္တလေးမြို့ ချမ်းအေးသာစံမြို့နယ်တွင် အဲယားကွန်း အပူလွန်ကဲရာမှ မီးလောင်ကျွမ်း
Published 23 February 2016
အောင်သူ

မန္တလေးမြို့ ချမ်းအေးသာစံမြို့နယ်တွင် အဲယားကွန်း အပူလွန်ကဲရာမှ ဖေဖော်ဝါရီ ၂၃ ရက် မွန်းလွဲပိုင်းက မီးလောင်ကျွမ်းမှု ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။မီးလောင်မှုမှာ ချမ်းအေးသာစံမြို့နယ် ၆၈ လမ်း၊ ၃၄ လမ်းနှင့် ၃၅ လမ်းကြား  GAGAMAMA အမျိုးသမီး ဖက်ရှင်ဆိုင်အပေါ် ထပ်ခိုးမျက်နှာကြက်တွင် တပ်ဆင်ထားသည့် အဲယားကွန်း အပူလွန်ကဲရာမှ မွန်းလွဲ ၂နာရီ ၂၁မိနစ်တွင် မီးစတင် လောင်ကျွမ်းခဲ့ပြီး ၂ နာရီ ၂၅ မိနစ်တွင် မီးငြှိမ်းသတ်နိုင်ခဲ့ရာ မီးလောင်မူမှာ အချိန်ငါးမိနစ်ခန့်သာကြာမြင့်ခဲ့ကြောင်း မန္တလေးတိုင်း မီးသတ်ဦးစီးဌာနမှ အတည်ပြုပြောကြားသည်။“မီးလောင်တာက ခဏလေးပါပဲ။ လောင်တယ်လို့ သိရပြီး မကြာခင် မီးသတ်ကားတွေ အချိန်မီ ငြှိမ်းလိုက်တော့ ဘေးအိမ်တွေ မကူးသွားဘူး။ လမ်းမကြီးဘေးဖြစ်တော့ မီးသတ်ကား အလွယ်တကူ ဝင်နိုင်တာကြောင့် တော်သေးတာ”ဟု ဆိုင်ဘေးမှ ဆိုင်ရှင်တစ်ဦးက ပြောကြားသည်။အဆိုပါ မီးလောင်မူကြောင့် အဲယားကွန်းတစ်လုံးနှင့် မွေ့ရာအနည်းငယ် မီးလောင်ကျွမ်းခဲ့ပြီး ဆုံးရှုံးမှုတန်ဖိုး ကျပ်တစ်သိန်းခွဲရှိကြောင်း၊ ထိခိုက်ဒဏ်ရာရရှိသူ မရှိကြောင်း သိရသည်။မီးလောင်ရာသို့ မီးသတ်ယာဉ် ၁၀ စီး၊ သန္ဓေအင်အား ၁၀ ဦးနှင့် အရန်အင်အား ၅၀ တို့မှ ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ကြောင်း၊ မီးလောင်မှုဖြစ်စေသူအား (ပ) ၇၈/၂၈၅/ ၂၀၁၆  ဖြင့် သက်ဆိုင်ရာမှ အရေးယူဆောင်ရွက်ထားကြောင်း သိရသည်။      

Most Read

Most Recent